Friday, May 30, 2014

နိုင်ငံရေးနှင့် ကင်းကင်းနေရန် အစိုးရဝန်ထမ်းများကို လယ်/ဆည်ဝန်ကြီး သတိပေး

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ထမ်းများကို နိုင်ငံရေးလှုပ်ရှားမှုများနှင့် ကင်းကင်းနေရန် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က မေ ၂၆ ရက် ဌာနတွင်း အစည်းအဝေး၌ သတိပေးပြောဆိုခဲ့သည်ဟု ပြန်တမ်းဝင်အရာရှိတစ်ဦးက မဇိ္ဈမကို အတည်ပြုပြောဆိုလိုက်သည်။
“၀န်ကြီးက ဟောပြောပွဲတွေ မသွားရောက်ဖို့တားမြစ်ခဲ့တာ၊ ဘယ်လို အပြစ်ပေးမယ်လို့တော့ မပြောပါ ဘူး” ဟု မေ ၂၉ ရက်တွင် ၀န်ကြီးဌာနလက်အောက် ဌာနခွဲတစ်ခု၏ အရာရှိတစ်ဦးက ပြောသည်။ ထိုသို့ ဦမြင့်လှိုင်၏ တားဆီးမှုကို ၀န်ကြီးဌာနရှိ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပံ္ပဌာနခွဲ ညွှန်ကြားရေးမှူးရုံးက
လက်အောက်ခံ ဌာနအသီးသီးသို့ စာဖြင့် အကြောင်းကြားခဲ့သည်ဟုလည်း ၎င်းက အတည်ပြုခဲ့သည်။
ယင်းစာတွင် ၀န်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ညွှန်ကြားထားပြီးဖြစ်သဖြင့် နိုင်ငံရေး အင်အားစုများ၏ ဆန္ဒခံယူပွဲများ ဟောပြောပွဲများတွင်ဝန်ထမ်းများ ပါဝင်ခြင်း၊ သွားရောက်ခြင်းအားပေး ခြင်း၊ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းများမပြုလုပ်ရန် သတိပေးထားသည်ဟု အဆိုပါ အရာရှိက ပြောသည်။
သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု-၀န်ကြီးဦးရဲထွဋ်ကမူ ယင်းသည် သက်ဆိုင်ရာ ဌာနအချို့၏ ဆောင်ရွက်ချက်သာဖြစ်သည်ဟု မဇ္ဈိမကို မေ ၂၉ ရက်တွင် မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲများ၌ မဲပေးခွင့်ရှိသည့် အစိုးရ၀န်ထမ်းများကို ပါတီနိုင်ငံရေးကင်း ရှင်းရမည်ဟူသော ညွှန် ကြားချက်သည် ဒီမိုကရေစီစနစ်နှင့် ကိုက်ညီမှုရှိမရှိသဘောထားကိုမူ ၎င်းက “ ၀န်ထမ်းတွေပါတီနိုင်ငံရေး ကင်းရမယ်ဆိုတာက ပါတီတစ်ခုအတွက် ဦးတည်မဲဆွယ်တာကို မလုပ်မိဖို့ပါပဲ။ ၀န်ကြီးဌာနတွေက တား မြစ်တယ်ဆို တာလည်းဌာနတစ်ခုချင်းမှာပဲကွဲပါတယ်။ဘယ်နိုင်ငံမဆိုမှာတော့ ရှိပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးကြီးမြင့်ကမူ ယင်းသည် လူ့အခွင့် အရေးကို ချိုးဖောက်ခြင်း သာ ဖြစ်သည်ဟု ဝေဖန်လိုက်သည်။
“နောက်တစ်ခု ဒီလိုတားမြစ်တာက အခြေခံဥပဒေအရ ပေးထားတဲ့အခွင့် အရေးကိုချိုးဖောက်တာပဲ” ဟု ၄င်းက မဇ္ဈိမ ကို ပြောသည်။ ထို့ပြင် ၀န်ထမ်းလက်စွဲတွင် ဖော်ပြထားသည့် “၀န်ထမ်းများ ပါတီနိုင်ငံရေး နှင့် ကင်းရှင်းရမည်” ဟူသော အချက်ကို ပယ်ဖျက်ရန်သင့်ပြီဟု တိုက်တွန်းသည်။

Mizzima

No comments:

Post a Comment