Monday, May 5, 2014

တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၄၂ ဦးရှိလာ

Photo: တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၄၂ ဦးရှိလာ
Monday, May 5, 2014

ပြီးခဲ့သည့် သီတင်းသုံးပတ်က နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားကူးတို
့သင်္ဘော ဆူဝိုးလ်အတွင်းရှိ ခရီးသည်အခန်းများအတွင်း ဝင်ရောက်နိုင်ရန် ရေငုပ်သမားများမှာ တနင်္ဂနွေနေ့တွင် လည်း ကြိုးပမ်း

ခဲ့ကြပြီး သေဆုံးကြောင်း အတည်ပြုနိုင်သည့် လူဦးရေမှာ ၂၄၂ ဦးအထိ ရှိလာပြီဖြစ် သည်။

တနင်္ဂနွေနံနက်တွင် နောက် ထပ် အလောင်းခြောက်လောင်း တွေ့ခဲ့ရပြီး သင်္ဘောတွင် ပါသွားသောသူများမှ ရှာမတွေ့သေးသည့်သူ အရေအတွက်မှာ ၆၀ ခန့် ကျန်ရှိနေသေးသည်။

‘‘ကယ်ဆယ်ရေးသမားတွေ ဟာ ပိတ်နေတဲ့ ခရီးသည်အခန်း တွေကို ဝင်ရောက်နိုင်ဖို့ ပစ္စည်း ကိရိယာတွေသုံးပြီး ကြိုးပမ်းနေပါ တယ်’’ဟု ရှာဖွေရေးအဖွဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ကိုမြောင်ဆပ်က ပြောသည်။

ရှာဖွေရေးလုပ်ငန်းများမှာ ရေအောက်တွင် ရေစီးသန်ခြင်းနှင့် ရေပြင်ပေါ်တွင် လှိုင်းကြီးခြင်းများကြောင့် ရေငုပ်သမားများမှာ အခက်အခဲများဖြင့် လုပ်နေကြရ သည်။

သင်္ဘောနစ်မြုပ်ခဲ့သည့်အ ချိန် ကြာလာသည်နှင့်အမျှ သင်္ဘောထဲတွင်ပိတ်မိပြီး သေဆုံး နေသည့် ရုပ်အလောင်းများပါ ရေအောက်မှ အခြားနေရာများသို့ မျောပါသွားနိုင်သည်ကို စိုးရိမ်နေ ကြသည်။

ဗုဒ္ဓဟူးနေ့က ရှာဖွေရေးလုပ် နေသည့်နေရာမှာ နှစ်ကီလိုမီတာ အကွာတွင် အလောင်းတစ် လောင်း မျောပါနေသည်ကို တွေ့ ခဲ့ရပြီး သောကြာနေ့တွင်လည်း ထိုနေရာမှ ငါးကီလိုမီတာ ဝေး ကွာသည့်နေရာတွင် ငါးဖမ်း သင်္ဘောတစ်စီးက နောက်ထပ် အလောင်းတစ်လောင်း တွေ့ခဲ့ သည်။

ဆူဝိုးလ်သင်္ဘော နစ်မြုပ်မှု တွင် ကပ္ပတိန်နှင့် သင်္ဘောဝန်ထမ်း၁၄ ဦးကို ဖမ်းဆီးထားပြီး သောကြာနေ့တွင် အာဏာပိုင် များက သင်္ဘောကိုပိုင်ဆိုင်သည့် ချုန်ဟေးဂျင်ရေကြောင်းကုမ္ပဏီ မှ တာဝန်ရှိသူနှစ်ဦးအား ရေယာဉ် ပေါ်တွင် တရားဝင်သတ်မှတ်ချက် ထက် လူပိုတင်စေမှုဖြင့် တရားစွဲ ထားခဲ့သည်။

တနင်္ဂနွေနေ့တွင် တောင် ကိုရီးယားသမ္မတ ပတ်ဂွန်ဟေး သည် သင်္ဘောမှ သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများထံ သွားရောက်တောင်းပန်ခဲ့ပြီး နစ်မြုပ်မှု အတွက် တာဝန်ရှိသည့် သက်ဆိုင်သူအားလုံးကို အရေးယူသွားမည် ဖြစ်ကြောင်း ကတိပေးပြောကြား သည်။

—Ref: AFP
7day News Daily

No comments:

Post a Comment