Sunday, May 4, 2014

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုဖွဲ့စည်းပုံအပြီးပြင်ရန် သူရဦးရွှေမန်းပြောကြား
Sunday, May 4, 2014

မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနားသို့ပြည်ထောင်စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်း  ရေး၊ ပြည်နယ်တွင်းစီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီးတွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးစကားတွေကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကိုအပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည်များကိုသက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရတယ်။ ပြဿနာတစ်ခုဒုက္ခတစ်ခုတွေ့တိုင်း ဒီဟာကြီးကခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေစည်းလုံးညီညွတ်  မှုတကယ်ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကိုလည်းသိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းကဆိုသည်။
ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေအတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသားများပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေးတို့တောင်းဆိုလိုက်  ကြောင်း သိရသည်။    

Hot News
မေလ ၁ ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် ရခိုင်အမျိုးသားညီလာခံပိတ်ပွဲ အခမ်းအနား သို့ပြည်ထောင် စု လွှတ်တော်နာယကသူရဦးရွှေမန်း  တက်ရောက်၍အမှာစကားပြော  ကြားရာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ၆ လအလို၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြီး ပြင်ဆင်ရေးဆွဲရန် ၎င်း၏ သဘော ထားကိုပေးပြီးဖြစ်ကြောင်းပြော ကြားခဲ့သည်။
ရခိုင်အမျိုးသားညီလာခံမှ ထွက်ပေါ်လာသော နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေး ချမ်း  ရေး၊ ပြည်နယ် တွင်း စီးပွားရေးမူဝါ ဒများကို ရခိုင်တိုင်းရင်းသားရေး ရာဝန်ကြီးဦးဇော်အေးမောင်က တင်ပြအပြီး တွင်း ပြည်ထောင်စု လွှတ်တော်နာယကမှယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အမျိုးသားပြန်လည်သင့်မြတ် ရေး၊ တည်ငြိမ်အေးချမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး စကားတွေ ကျွန်တော် ပြောခဲ့တာရှိတယ်။ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်ခင် ၆ လအလို မှာ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးပြင် ဆင်ရေးဆွဲဖို့ကျွန်တော့်သဘော ထားကိုလည်းပေးပြီးဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ကြီးဖွံ့ဖြိုးတိုးတက်ဖို့  ဆိုရင်ပြည်နယ်တွင်းတည်ငြိမ်အေး ချမ်းဖို့လိုပါတယ်။ တည်ငြိမ်အေး ချမ်းမှုမရှိဘဲနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ဖို့နေနေသာသာ၊ဖြစ်ပေါ် လာတဲ့ဒုက္ခသည် များကို သက်သာ  အောင်ဆောင်ရွက်ပေးရ၊ ပြန်လည်  နေရာချထားရေးတွေဆောင်ရွက်  ပေးရနဲ့ သူများတွေရှေ့ တစ်လှမ်း ပြီးတစ်လှမ်းတိုးနေတဲ့အချိန်မှာ နောက်ကြောင်းပြန်နေရ တယ်။ ပြဿနာတစ်ခု ဒုက္ခ တစ်ခုတွေ့ တိုင်း ဒီဟာကြီး က ခက်ခဲတယ်ဆိုပြီး လက်မှိုင်ချအရှုံးပေးလို့တော့မဖြစ် ဘူး။ ရခိုင်သားတွေ စည်းလုံးညီညွတ်  မှုတကယ် ရှိရင်အခက်အခဲကိုကျော် လွှားနိုင်မယ်ဒီနေရာမှာဥပဒေနဲ့ စည်းကမ်းကို လည်း သိရမယ်။ စည်းကမ်းဆိုတာ တိုက်တွန်းမှု စည်းကမ်း၊တားမြစ်မှုစည်းကမ်း Do and Don't  ဖြစ်ပါ တယ်”ဟု သူရဦးရွှေမန်းကဆိုသည်။

ရခိုင်အမျိုးသားညီလာခံမှ ပြည်ထောင်စုအစိုးရထဲတွင် တိုင်း ရင်းသားကိုယ်စားလှယ်များပါဝင် မှုအရေ အတွက် သတ်မှတ်ပေးရေး၊  တရားစီရင်ရေးနှင့် ပြည်ထောင်စု စာရင်းစစ်အဖွဲ့များမှာလည်းတိုင်း ရင်းသား များ ပါဝင်ရေး၊ ပြည်နယ် ရဲတပ်ဖွဲ့များကိုလည်းသက်ဆိုင် ရာအစိုးရအဖွဲ့က တိုက်ရိုက်အုပ် ချုပ်ခွင့်ရရှိရေး တို့တောင်း ဆိုလိုက်  ကြောင်း သိရသည်။   

Hot News

No comments:

Post a Comment