Saturday, May 31, 2014

ရန်ကုန်မြို့ရဲ့ ကတ္တရာ လမ်းပေါ်က ရေအိုင်များ

Photo: ရန်ကုန်မြို့ရဲ့ ကတ္တရာ လမ်းပေါ်က ရေအိုင်များ
Saturday, May 31, 2014

မေလ တတိယပတ်က ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးရွာသွန်းမှု များခဲ့ရာ ရန်ကုန်မြို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသည့်အတိုင်း အချို့သော လမ်းမကြီးများပေါ်တွင် ပလက်ဖောင်း မြုပ်သည်အထိ လည်းကောင်း၊ အချို့သော ရပ်ကွက်များတွင် အိမ်အောက်ကြမ်းပြင်များ အထိ လည်းကောင်း ရေဝင်ခဲ့သည်။ သို့သော် အဆိုပါ ရေကြီး၊ ရေလျှံမှုများသည် မကြာမီ အချိန်အတွင်း ပြန်လည်ကျသွားလေ့ ရှိသဖြင့် ရန်ကုန်မြို့နေ ပြည်သူများအဖို့ အဆန်းမဟုတ်တော့ပေ။

စာရေးသူ တင်ပြလိုသည့် အကြောင်းအရာမှာ မိုးရွာသွန်းပြီးနောက် ရန်ကုန်မြို့ ကတ္တရာလမ်းများ ပေါ်တွင် တင်ကျန်ရစ်သော ရေအိုင်များ အကြောင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကတ္တရာလမ်း အတော်များများသည် ညီညာမှုမရှိဘဲ လှိုင်းထနေသဖြင့် မိုးရွာပြီးလျှင် ချိုင့်ခွက်နေသော လမ်းများအချို့၌ ရေအိုင်များ ကျန်နေလေ့ရှိသည်။ ထိုကတ္တရာ လမ်းပေါ်၌ ဖြစ်ပေါ်နေသော ရေအိုင်ငယ်များကို ယာဉ်များဖြတ်သန်း မောင်းနှင် သွားပါက ပတ်ဝန်းကျင်သို့ ရေများစင် ထွက်သွားလေ့ ရှိသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာ ရေအစင်ခံရသူများ အကြားတွင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ကြသည်ကို စာဖတ်သူ အများစု မြင်တွေ့ကြမည် ဖြစ်သည်။ တစ်ခါတစ်ရံ ထိုရေအိုင်မှ ရေများသည် ဘေးဘက် ဝဲယာမှ ကားပြတင်းပေါက်များ အတွင်းသို့ပါ ဝင်တတ်သည်။ အဆိုးဆုံးကတော့ ပန်းဆိုးတန်း ခုံးကျော်တံတားပေါ်တွင် ရှိသော ရေအိုင်များ ဖြစ် သည်။ အရှိန်ဖြင့် တံတားပေါ်သို့ တက်လာသော ယာဉ်များ လမ်းပေါ်ရှိရေအိုင်များ အပေါ်ဖြတ်မောင်းစဉ် စင်ထွက်လာသော ရေများကြောင့် တံတားပေါ်တွင် တည်ဆောက်ထားသော အမိုးပါ စင်္ကြံလမ်း တစ်လျှောက်ရှိ ခရီးသည်များ မကြာခဏ စိုရွှဲကုန်သည်ကို တွေ့ရှိရသည်။ အမှန်စင်စစ်အားဖြင့် ခုံးကျော် တံတားပေါ်ရှိ ရေထွက်ပေါက်များမှာ အမှိုက်များဖြင့် ပိတ်ဆို့နေသဖြင့် တံတားပေါ်တွင် ရေအိုင်ကြီးများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထပ်မံ တင်ပြလိုသည်မှာ ဘတ်စ်ကားမှတ်တိုင်၊ ပလက်ဖောင်းနှင့် ကတ္တရာလမ်းများ အကြားတွင် ဖြစ်ပေါ်နေသော ရေဗွက်အိုင်များ အကြောင်း ဖြစ်သည်။ ထိုသို့ ရေဗွက်အိုင်များ ရှိနေသဖြင့် ခရီးသည်များမှာ ကားလမ်း (ကတ္တရာလမ်း) အစပ် အထိဆင်းကာ ကားစောင့်နေရလေ့ ရှိပြီး ဘတ်စ်ကားမှာလည်း ပလက်ဖောင်းနှင့် ၁၅ ပေခန့်အကွာ လမ်းအလယ်လောက်တွင် ရပ်ကြသည်။ ထို့ကြောင့် ထိုဘတ်စ်ကား နောက်မှ လိုက်လာသော ယာဉ်အားလုံး ရပ်တန့်မှု ဖြစ်ပွားပြီး ယာဉ်ကြော ပိတ်ဆို့ မှုများပါ ပေါ်ပေါက်လာလေ့ ရှိသည်။

သို့ပါ၍ လမ်းများပေါ်တွင် လှိုင်းထနေမှုများကို ပြုပြင်ခြင်း၊ ပလက်ဖောင်းများ အခြေရှိ ရေထွက်ပေါက် များမှ အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် ဘတ်စ်ကား မှတ်တိုင် နေရာများတွင် ဖြစ်ပေါ်နေသော ရေအိုင်သည့် နေရာများအား ဖို့ပေးခြင်း တို့ကို ဆောင်ရွက်၍ ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှု ပေးသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ။

မြ၀တီ
မေလ တတိယပတ်က ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးရွာသွန်းမှု များခဲ့ရာ ရန်ကုန်မြို့တွင် ဖြစ်လေ့ဖြစ်ထ ရှိသည့်အတိုင်း အချို့သော လမ်းမကြီးများပေါ်တွင် ပလက်ဖောင်း မြုပ်သည်အထိ လည်းကောင်း၊ အချို့သော ရပ်ကွက်များတွင် အိမ်အောက်ကြမ်းပြင်များ အထိ လည်းကောင်း ရေဝင်ခဲ့သည်။ သို့သော် အဆိုပါ ရေကြီး၊ ရေလျှံမှုများသည် မကြာမီ အချိန်အတွင်း ပြန်လည်ကျသွားလေ့ ရှိသဖြင့် ရန်ကုန်မြို့နေ ပြည်သူများအဖို့ အဆန်း မဟုတ်တော့ပေ။

စာရေးသူ တင်ပြလိုသည့် အကြောင်းအရာမှာ မိုးရွာသွန်းပြီးနောက် ရန်ကုန်မြို့ ကတ္တရာလမ်းများ ပေါ်တွင် တင်ကျန်ရစ်သော ရေအိုင်များ အကြောင်း ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကတ္တရာလမ်း အတော်များများသည် ညီညာမှုမရှိဘဲ လှိုင်းထနေသဖြင့် မိုးရွာပြီးလျှင် ချိုင့်ခွက်နေသော လမ်းများအချို့၌ ရေအိုင်များ ကျန်နေလေ့ရှိသည်။ ထိုကတ္တရာ လမ်းပေါ်၌ ဖြစ်ပေါ်နေသော ရေအိုင်ငယ်များကို ယာဉ်များဖြတ်သန်း မောင်းနှင် သွားပါက ပတ်ဝန်းကျင်သို့ ရေများစင် ထွက်သွားလေ့ ရှိသဖြင့် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာ ရေအစင်ခံရသူများ အကြားတွင် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ကြသည်ကို စာဖတ်သူ အများစု မြင်တွေ့ကြမည် ဖြစ်သည်။ တစ်ခါတစ်ရံ ထိုရေအိုင်မှ ရေများသည် ဘေးဘက် ဝဲယာမှ ကားပြတင်းပေါက်များ အတွင်းသို့ပါ ဝင်တတ်သည်။ အဆိုးဆုံးကတော့ ပန်းဆိုးတန်း ခုံးကျော်တံတားပေါ်တွင် ရှိသော ရေအိုင်များ ဖြစ် သည်။ အရှိန်ဖြင့် တံတားပေါ်သို့ တက်လာသော ယာဉ်များ လမ်းပေါ်ရှိရေအိုင်များ အပေါ်ဖြတ်မောင်းစဉ် စင်ထွက်လာသော ရေများကြောင့် တံတားပေါ်တွင် တည်ဆောက်ထားသော အမိုးပါ စင်္ကြံလမ်း တစ်လျှောက်ရှိ ခရီးသည်များ မကြာခဏ စိုရွှဲကုန်သည်ကို တွေ့ရှိရသည်။ အမှန်စင်စစ်အားဖြင့် ခုံးကျော် တံတားပေါ်ရှိ ရေထွက်ပေါက်များမှာ အမှိုက်များဖြင့် ပိတ်ဆို့နေသဖြင့် တံတားပေါ်တွင် ရေအိုင်ကြီးများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ထပ်မံ တင်ပြလိုသည်မှာ ဘတ်စ်ကားမှတ်တိုင်၊ ပလက်ဖောင်းနှင့် ကတ္တရာလမ်းများ အကြားတွင် ဖြစ်ပေါ်နေသော ရေဗွက်အိုင်များ အကြောင်း ဖြစ်သည်။ ထိုသို့ ရေဗွက်အိုင်များ ရှိနေသဖြင့် ခရီးသည်များမှာ ကားလမ်း (ကတ္တရာလမ်း) အစပ် အထိဆင်းကာ ကားစောင့်နေရလေ့ ရှိပြီး ဘတ်စ်ကားမှာလည်း ပလက်ဖောင်းနှင့် ၁၅ ပေခန့်အကွာ လမ်းအလယ်လောက်တွင် ရပ်ကြသည်။ ထို့ကြောင့် ထိုဘတ်စ်ကား နောက်မှ လိုက်လာသော ယာဉ်အားလုံး ရပ်တန့်မှု ဖြစ်ပွားပြီး ယာဉ်ကြော ပိတ်ဆို့ မှုများပါ ပေါ်ပေါက်လာလေ့ ရှိသည်။

သို့ပါ၍ လမ်းများပေါ်တွင် လှိုင်းထနေမှုများကို ပြုပြင်ခြင်း၊ ပလက်ဖောင်းများ အခြေရှိ ရေထွက်ပေါက် များမှ အမှိုက်များကို ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် ဘတ်စ်ကား မှတ်တိုင် နေရာ များတွင် ဖြစ်ပေါ်နေသော ရေ အိုင်သည့် နေရာများအား ဖို့ပေးခြင်း တို့ကို ဆောင်ရွက်၍ ခရီးသွား ပြည်သူများအတွက် ဝန်ဆောင်မှု ပေးသင့်ပါကြောင်း အကြံပြု တင်ပြအပ်ပါသည်။ ။

မြ၀တီ

No comments:

Post a Comment