Thursday, June 19, 2014

အစိုးရတပ်နှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများဆက်လက် မဖြစ်ပေါ်ရန် ဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းဖော် ဆောင်မှုလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ နှစ်ဖက်သဘောတူ ဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့အစည်းအဝေးကို ဇွန်လ ၁၈ ရက်က ပြုလုပ်ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု မရှိစေရေး နှစ်ဖက်တပ်ဖွဲ့များကြား ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေး ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ စည်းပြီးနောက်ပိုင်း အစိုးရတပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ သည့်အတွက် အဆိုပါအဖွဲ့က ပိုမိုခိုင်မာ သည့် ယုံကြည့်မှုတည်ဆောက်ရန် ဦးစား ပေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုအား နည်းလို့ ဖြစ်ရတဲ့အတွက် နှစ်ဖက်အဖွဲ့ အစည်းတွေ တွေ့ဆုံဆွေးနွေး တာပါ”ဟု ဦးလမိုင်ဂွမ်ဂျာကဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဗန်းမော် မြို့နယ်အနီး KIA ၏ တပ်မဟာ(၃) ဧရိယာ အတွင်း ဇွန်လ ၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နှစ်ဖက်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာ ထံမှ သိရသည်။

အစိုးရစစ်တပ်သို့ ရိက်္ခာပို့သည့်တပ်ဖွဲ့ အား စစ်ကြောင်းဆင်သည်ဟု အထင်မှား ရာမှ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

KIA ကိုယ်စားပြု ပဋိပက္ခညှိနှိုင်းဖြေရှင်း ရေး အဖွဲ့ဝင်ဗိုလ်မှူးကြီး ခွန်နောင်က “အကြီးအကျယ်ဖြစ်တာမျိုး မဟုတ်ပါဘူး။ အဓိက ကတော့ တိုက်ပွဲဖြစ်လာရင် အမြန် ဆုံး စုံစမ်းဆက်သွယ်ဖို့ပါပဲ”ဟု မဇ္ဈိမကို ဖြေကြား ခဲ့သည်။

ဆွေးနွေးတွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ရဲတပ်ဖွဲ့မှူးရုံးတွင် ပြု လုပ်ခဲ့ကြပြီး နှစ်ဖက် တပ်ဖွဲ့ကြား ယုံ ကြည် မှုတည်ဆောက်၍ တပ်ဖွဲ့လမ်းကြောင်းများ ရှိပါက တစ်ဖက်နှင့် တစ်ဖက် ဆက်သွယ် ဆောင်ရွက်ရန် ဆွေးနွေး ခဲ့ကြသည်။

ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တွင် အစိုးရကိုယ်စားလှယ်များမှာ ကချင်ပြည် နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးနိုင်အောင်၊ ဗိုလ်မှူးကျော်ထက်အောင်နှင့် ပြည်နယ် အုပ်ချုပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးလှဝေ တို့ဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့တွင် ပါဝင်သည့်ုKIOမှ ဗိုလ်မှူးကြီးဇော်သောင်၊ ဗိုလ်မှူးကြီးခွန် နောင်၊ ဗိုလ်မှူးကြီးေ6န်ာလီနှင့် ဗိုလ်မှူး သိန်းဘောမ်နှင့် Techinical Team မှ တစ်ဦးတို့ တက်ရောက်ခဲ့သည်။ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို မေလ ၂၈ ရက် က လူငါးဦးစီပါဝင်သော နှစ်ဖက် ကိုယ်စား လှယ်များဖြင့် တရားဝင်ဖွဲ့ စည်းခဲ့သည်။

အစိုးရနှင့် KIOတို့ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ ဖွဲ့ခြင်းမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက် သဘောတူညီချက်ပါ “ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ယန္တရား” ပထမအဆင့်ကို အကောင် အထည်ဖော်ခြင်းဖြစ်သည်။

Mizzima

No comments:

Post a Comment