Friday, June 6, 2014

ပါကစ္စတန်မှာ အမျိုးသမီး တစ်ဦးကို အော်နာကေးလင်း လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ အသက်ရှင် လွတ်မြောက်ခွင့်ရခဲ့


ပါကစ္စတန်မှာ အမျိုးသမီး တစ်ဦးကို အော်နာကေးလင်း လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ ဒီတစ်ခါမှာတော့ အသက်ရှင် လွတ်မြောက်ခွင့် ရခဲ့ကြောင်း သိရပါတယ်။ ဆွေမျိုးများရဲ့ အုတ်ခဲ ကျောက်ခဲများနဲ့ ပစ်ပေါက်မှုကို ခံခဲ့ရပေမဲ့ (၁၈)နှစ်အရွယ် ပါကစ္စတန်သူဟာ အံ့အားသင့်ဖွယ် အသက်ရှင်ခဲ့ပါသည်။ ယခုတိုက်ခိုက်ခံရတဲ့ ဆာဘာမာဆွတ် သည်လည်းပဲ သူမချစ်ခင်သူကို လက်ထပ်လိုမှု အတွက်နဲ့ မိသားစုဆန္ဒကို ဆန့်ကျင်တယ်ဆိုပြီး ဝိုင်းဝန်းသတ်ဖြတ် ခဲ့ကြတာ ဖြစ်ပါသည်။ မာဆွတ်ဟာ ပြီးခဲ့တဲ့ (၅)ရက်ကမှ
လက်ထပ်ခဲ့တာ ဖြစ်ပါသည်။ (မိသားစု ဆွေမျိုးအရင်းတွေက ကျမကို ခေါ်သွားတယ်။ အုတ်ခဲတွေနဲ့ ရက်ရက်စက်စက် တစ်ချက်ပြီး တစ်ချက် ဝိုင်းပစ်ကြသည်။ နောက်တော့ကျမ သတိလစ်သွားတယ် သေပြီထင်ပြီး အိတ်ထဲထည့် မြောင်းထဲပစ်ခဲ့ ကြတယ်လို့ ပြောပါသည်။ ပါကစ္စတန်မှာ မွတ်ဆလင် ဘာသာဝင်ပေါင်း သန်း(၁၈၀)ထိရှိပြီး အမျိုးသမီးများဟာ ဘာသာမတူသူကို လက်ထပ်ခြင်း၊ မိဘဆွေမျိုး သဘောမတူသူကို လက်ထပ်ခြင်းများ ရှိလာပါက မိသားစုက ပြန်သတ်ခြင်း ခံရတဲ့အခုလို အဖြစ်ဆိုးမျိုးတွေနဲ့ ကြုံတွေ့ရလေ့ ရှိကြောင်း သိရှိရပါသည်။


MRTV

No comments:

Post a Comment