Friday, June 6, 2014

အမေရိကန် ပြည်နယ်အချို့မှာ မိုးရေခံက ထောင်ကျနိုင်

Photo: အမေရိကန် ပြည်နယ်အချို့မှာ မိုးရေခံက ထောင်ကျနိုင်
Friday, June 6, 2014

အမေရိကန်ရဲ့ ပြည်နယ် အချို့မှာ မိုးရေခံခွင့် မပေးထား ပါဘူး။ အကယ်၍ မိုးရေခံရင် တရားစွဲ အရေးယူ ခံရပြီး ပမာဏ အနည်းအများပေါ် မူတည်လို့ ပြစ်မှုက ကြီးသွား နိုင်ပါ သေးတယ်။ 

ပြည်နယ်များ ကတော့ Utah, Colorado နဲ့ Ohio ပြည်နယ် တို့ အပြင် အခြားသော ပြည်နယ် နှစ်ခု လောက် အထိ ပါနေ သေးပြီး အချို့ မိုးရေခံ ခွင့်ကို ပိတ်ပင် ထား ပါတယ်။ Colorado မှာ ၂၀၁၂ နောက် ပိုင်း ပြန် ခွင့်ပြု ပေမယ့် မိုးရေခံတဲ့ ပမာဏ အနည်း အများအပေါ် မူတည်လို့ အခွန်ဆောင်ရ ပါတယ်။ အကယ်၍ အခွန်မဆောင်ရင် အရေးယူ ခံရမှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ပြည်နယ်တွင်း ရှိ ရေသန့် လုပ်ငန်း များကို ထိခိုက်တယ် ဆိုတဲ့ အချက် ကြောင့် အပြင် ယင်း မိုးရေ များကို ပြည်သူများ မပိုင်ဆိုင်ကြောင်းလည်း ဆိုပါတယ်။ တကယ် ထူးခြားအံ့သြဖွယ် ဥပဒေ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ရှိနေ သေးတာ ကတော့ အမှန်ပါပဲ။ အချို့ ဆိုရင် တရားဝင် မိုးရေ ခံခွင့် လိုင်စင် ရထားသူများသာ ခံခွင့် ရှိတာ ဖြစ်ပါတယ်။ 

တက္ကဆက် မှာ ဆိုရင် မိုးရေကို ခံခွင့် မရှိတာကြောင့် မိုးရေလိုချင်ရင် ဝယ်ရ ပါတယ်။ Rain Harvesting လို့ ခေါ်တဲ့ မိုးရေခံခြင်းကို အမေရိကန် က ပြည်နယ် အချို့မှာ ယနေ့တိုင် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
အမေရိကန်ရဲ့ ပြည်နယ် အချို့မှာ မိုးရေခံခွင့် မပေးထား ပါဘူး။ အကယ်၍ မိုးရေခံရင် တရားစွဲ အရေးယူ ခံရပြီး ပမာဏ အနည်းအများပေါ် မူတည်လို့ ပြစ်မှုက ကြီးသွား နိုင်ပါ သေးတယ်။

ပြည်နယ်များ ကတော့ Utah, Colorado နဲ့ Ohio ပြည်နယ် တို့ အပြင် အခြားသော ပြည်နယ် နှစ်ခု လောက်အထိ ပါနေ သေးပြီး အချို့ မိုးရေခံ ခွင့်ကို ပိတ်ပင် ထား ပါတယ်။ Colorado မှာ ၂၀၁၂ နောက် ပိုင်း ပြန် ခွင့်ပြု ပေမယ့် မိုးရေခံတဲ့ ပမာဏ အနည်း အများအပေါ် မူတည်လို့
အခွန်ဆောင်ရ ပါတယ်။ အကယ်၍ အခွန်မဆောင်ရင် အရေးယူ ခံရမှာ ဖြစ်ပါတယ်။ အကြောင်း အရင်း ကတော့ ပြည်နယ်တွင်း ရှိ ရေသန့် လုပ်ငန်း များကို ထိခိုက်တယ် ဆိုတဲ့ အချက် ကြောင့် အပြင် ယင်း မိုးရေ များကို ပြည်သူများ မပိုင်ဆိုင်ကြောင်းလည်း ဆိုပါတယ်။ တကယ် ထူးခြားအံ့သြဖွယ် ဥပဒေ ဖြစ်ပေမယ့် လက်ရှိ အချိန်ထိ ရှိနေ သေးတာ ကတော့ အမှန်ပါပဲ။ အချို့ ဆိုရင် တရားဝင် မိုးရေ ခံခွင့် လိုင်စင် ရထားသူများသာ ခံခွင့် ရှိတာ ဖြစ်ပါတယ်။

တက္ကဆက် မှာ ဆိုရင် မိုးရေကို ခံခွင့် မရှိတာကြောင့် မိုးရေလိုချင်ရင် ဝယ်ရ ပါတယ်။ Rain Harvesting လို့ ခေါ်တဲ့ မိုးရေခံခြင်းကို အမေရိကန် က ပြည်နယ် အချို့မှာ ယနေ့တိုင် ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment