Tuesday, June 24, 2014

ဂရိတွင် ဥပရောပ သမိုင်းတစ်လျှောက် ဘိန်းဖြူအများဆုံး ဖမ်းဆီးရမိ

ဂရိနိုင်ငံတွင် ရက်သတ္တပတ် အနည်းငယ်အတွင်း ဘိန်းဖြူ နှစ်တန်ကျော်ကို ဂိုထောင်များအတွင်း ဖမ်းဆီးရမိရာ ဥရောပတစ်ဝန်း ဘိန်းဖြူ တစ်စုတစ်ဝေးတည်း ပမာဏအများဆုံး ဖမ်းဆီးရမိမှုအဖြစ် စံချိန်တင်ကြောင်း သိရသည်။

ဘိန်းဖြူ တစ်တန်နီးပါးကို အေသင်မြို့အနီး ဂိုဒေါင်တစ်လုံးအတွင်း သောကြာနေ့က ရဲတပ်ဖွဲ့က ဦးဆုံး ရှာဖွေတွေ့ရှိ ခဲ့သည်။ ဇွန်လ (၁၂) ရက် နေ့ကလည်း ဘိန်းဖြူ (၁ ဒသမ ၁၁၃) တန်ကို အေသင်မြို့ ဂိုဒေါင်များအတွင်း ဖမ်းဆီးရမိ ခဲ့သေးသည်။

ဥရောပမှာ ဘိန်းဖြူ ဖမ်းဆီးရမိမှု သမိုင်းတစ်လျှောက် ပမာဏအများဆုံးပါပဲ ဟု ဂရိရေကြောင်း ကုန်သွယ်ရေး ၀န်ကြီး မီတီယာ ဒစ်ဗာဗီဆိုင်တီ ကပြောသည်။ အေသင်မြို့မှ (၂၅) မိုင် အကွာ ကိုရိုပီ မြို့ဆိပ်ကမ်း တွင် သောကြာနေ့က ဖမ်းဆီးရမိသော ဘိန်းဖြူ (၉၈၆ ဒသမ ၆) ဂရမ်ကို ဂရိနိုင်ငံတွင်း သို့ ရေနံတင် သင်္ဘောတစ်စီး ၌ ခိုးဝှက်သွင်းလာခြင်း ဖြစ်သည်။ ထိုသင်္ဘောကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။ ရေနံတင် သင်္ဘောသည် တိုဂိုနိုင်ငံအလံ လွှင့်ထူထားသည်။ ထိုသင်္ဘောကို ဂရိသင်္ဘော ကုမ္ပဏီတစ်ခု က ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း ကုမ္ပဏီနာမည်ကို ထည့် သွင်း ကြေညာခြင်း မရှိပေ။

ဘိန်းဖြူများ ဖမ်းဆီးရမိမှု နှင့် စပ်လျဉ်းပြီး ရေနံတင် သင်္ဘောဝန်ထမ်း(၁၀)ဦး၊ သင်္ဘောကုမ္ပဏီပိုင်ရှင် နှင့် အခြား ဆက်စပ်သူ သုံးဦးကို ဖမ်းဆီးထိန်းသိမ်း ထားသည်။ ထိုဘိန်းဖြူများကို ဂရိသို့သင်္ဘောဖြင့် တင် သွင်းပြီးနောက် ဥရောပ တစ်ဝန်းသို့ ကားများဖြင့် ဖြန့်ချိရန် အစီအစဉ်များ ရှိထားသည် ကို ဖော် ထုတ်နိုင်ခဲ့ကြောင်းလည်း ဂရိရဲတပ်ဖွဲ့က ပြောသည်။

Messenger News Journal

No comments:

Post a Comment