Tuesday, June 24, 2014

ကလေးဝမြို့နယ် ကျောက်မီးသွေးစက်ရုံ ဒေသခံများ ကန့်ကွက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးဝမြို့နယ်ရှိ ပလူဇ၀ဒေသတွင် တည်ဆောက်ရန် စီစဉ် ထားသော ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်း များက ကန့်ကွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထိုဒေသတွင် ကျောက်မီးသွေး စက်ရုံတည်ဆောက်ရန် သင့်လျော်ကြောင်း တိုင်းဒသေကြီးအစိုးရ က ပြည်ထောင်စုအစိုးရအဖွဲ့ကို ဇွန်လ ၁၇ ရက်တွင် စာတင်လိုက်သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း ကဘော်လွင်ပြင်ဒေသ စောင့်ကြည့်ရေးအဖွဲ့မှ ကိုကျော်သက်ဝင်းက ပြောသည်။

“ဇွန်လ ၂၄ ရက်မှာ တိုင်းဒေသကြီး အစိုးရနဲ့ ပြည်ထောင်စုအစိုးရကို ကန့်ကွက်စာတွေ ပို့သွားမယ်”ဟု ၎င်းက ပြောသည်။ 

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံတည်ဆောက်ရန် စီစဉ်ခြင်းသည် ပွင့်လင်းမြင်သာမှုမရှိ သည့် အပြင် သဘာဝပတ်ဝန်းကျင်အပေါ်တွင်လည်းများစွာ ထိခိုက်နိုင်သောကြောင့် ကန့်ကွက်သွား မည်ဖြစ်သည်ဟု ကလေးဝမြို့ဒေသခံ ကိုထွန်းမြင့်ရွှင်က ပြောသည်။

ထွန်းသွင်ကုမ္ပဏီနှင့် ပြည်ပကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment