Wednesday, June 4, 2014

တောင်ပြာတန်းယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံးခဲ့သူများ၏ မိသားစုဝင်များက သမ္မတထံ တိုင်စာပို့

လူ ခုနစ်ဦး မီးလောင် သေဆုံးခဲ့သော တောင်ပြာတန်း ယာဉ်လိုင်းကို အရေးယူပေးရန် မီးလောင်သေဆုံး ခဲ့သည့် မိသားစု ၀င်များက သမ္မတထံ တိုင်စာပို့ ထားကြောင်း သတင်း ရရှိသည်။
တောင်ပြာတန်းယာဉ်ပေါ် တွင် မီးလောင်သေဆုံးခဲ့သည့် ခရီးသည် ခုနစ်ဦး၏ မိသားစုကို အဆိုပါယာဉ်လိုင်းက လက်ရှိ အချိန်ထိ လာရောက်တွေ့ဆုံမေး မြန်းမှုမရှိခြင်း၊ ယာဉ်ပေါ်တွင် ပျက်စီးပျောက်ဆုံးသွားသည့် ပိုက်ဆံများ၊ ရွှေထည်နှင့် အခြား ပစ္စည်းတန်ဖိုးများကို ပေးလျော် မှုမရှိခြင်း၊ သေဆုံးသူများအ တွက် အာမခံနစ်နာကြေးစသည့် တို့ တစ်စုံတစ်ရာ ပေးဆောင်မှု မရှိခြင်းတို့ကြောင့် အဆိုပါယာဉ် လိုင်းကို အရေးယူမှုပြုလုပ်ပေး ရန် သမ္မတထံတိုင်စာပို့ရခြင်းဖြစ် ကြောင်း ယာဉ်ပေါ်တွင် မီးလောင် သေဆုံးခဲ့သည့် ကျန်ရစ်သူမိသား စုများကပြောသည်။
မီးလောင်သေဆုံးခဲ့သူများ ၏ ကျန်ရစ်သူမိသားစု ငါး ဦးက လက်မှတ်ရေးထိုးကာ နိုင်ငံတော် သမ္မတထံ မေလ ၁၅ ရက်တွင် တိုင်စာပို့ခဲ့ခြင်းဖြစ်သည်။
‘‘အခုအချိန်ထိ ဘာလုပ်ပေး ရမလဲလို့ လာမေးတာကိုမရှိသေး ပါဘူး။ ကျွန်မတို့မှာ လူတင်ဆုံးရှုံး တာမဟုတ်ပါဘူး။ တခြားပစ္စည်း တွေရော ဆုံးရှုံးတာပါ။ ရာဇာမင်း ကားဖြစ်စဉ်ကျ အရေးယူမှုတွေ အကုန်လုပ်ကြတယ်။ တောင်ပြာ တန်းကျ အရေးမယူတဲ့အပြင် ယာဉ်လိုင်းတွေပါ တိုးချဲ့နေသေး တယ်။ အဲဒါကြောင့် အရေးယူပေး ဖို့ တိုင်စာပို့တာပါ’’ဟု တောင်ပြာ တန်းယာဉ်ပေါ်၌ မီးလောင်သေ ဆုံးသွားသည့် ဦးသောင်းညွန့်၏ သမီး မနီလာတင်ကပြောသည်။
ဧပြီ ၁၂ ရက် နံနက်က တောင်ကြီးမြို့မှ ထွက်ခွာလာ သော တောင်ပြာတန်းခရီးသည် တင်ယာဉ်သည် ချီဇာ(Chaser) အဖြူရောင်ဆလွန်းကားတစ်စီး ကို ၀င်တိုက်မှုဖြစ်ပွားရာ ဆလွန်းကားငယ်မှ ဆီတိုင်ကီပေါက်၍ မီး လောင်မှုဖြစ်ပွားပြီး ဆလွန်းကား ငယ်အပေါ် ဖိထားသော တောင် ပြာတန်းကားထံ မီးကူးစက်ခဲ့ သည်။
ထိုသို့မီးကူးစက်မှုကြောင့် တောင်ပြာတန်းယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်ခြောက်ဦးမှာ အပြင်သို့ ထွက်မရ၍ မီးလောင်သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဒဏ်ရာရရှိသောသူ တစ်ဦးမှာ နေပြည်တော်ဆေး ရုံတွင် ထပ်မံသေဆုံးသွားခဲ့၍ စုစုပေါင်း သေဆုံးသူ ခုနစ်ဦးဖြစ်သည်။
‘‘နစ်နာစေချင်လို့ လုပ်တာ မဟုတ်ပါဘူး။ သူတို့ဘက်က ဘာ မှ မလာလို့ လုပ်တာပါ။ ကျွန်တော့် မှာ သမီးလည်းသေ၊ သားလည်း သေ၊ သားကဆို ဆေးရုံမှာ တက် ကုနေသေးတယ်။ အဲဒီမှာလည်း တော်တော် ကုန်တယ်။ သူတို့ ဘက်က လူနာလာမေးတာကို မရှိဘူး’’ဟု တောင်ပြာတန်းယာဉ် မီးလောင်မှုကြောင့် သေ ဆုံးခဲ့ သော အသက် (၈) နှစ်အရွယ် သမီးနှင့် (၂၄) နှစ်အရွယ်သား၏ ဖခင်ဒုအရာခံဗိုလ်စိန်လှိုင်ကပြော သည်။
တာဝန်ယူဖြေရှင်းပေးခြင်း မရှိမှုနှင့် ပတ်သက်ပြီး တောင်ပြာ တန်းယာဉ်လိုင်းတောင်ကြီးဂိတ် မှူးမခိုင်ထံ ဆက်သွယ်မေးမြန်းရာ အာမခံနစ်နာကြေးပေးဆောင်ရန် လုပ်ဆောင်နေကြောင်းသာ ပြန် လည်ဖြေကြားပြီး ကျန်မေးခွန်း များကို ဖြေဆိုရန် ငြင်းဆန်ခဲ့ သည်။
ပြီးခဲ့သည့် မေလက ယာဉ် တိမ်းမှောက်မှုကြောင့် လူ ၁၄ ဦး သေဆုံးသော ရာဇာမင်းခရီးသည် တင်ယာဉ်လိုင်းဖြစ်စဉ်ကို ဒုသမ္မတကိုယ်တိုင်ကိုင်တွယ်ခဲ့ပြီး သေဆုံးသူများကို အာမခံ နစ်နာကြေး များပေးလျော် ကာ ထိုယာဉ်လိုင်းကိုလည်း ပိတ်သိမ်းခဲ့သည်။
တောင်ပြာတန်းယာဉ်ဖြစ် စဉ်သည် ယာဉ်ပေါ်လိုက်ပါလာ သည့် ခရီးသည်များသာ သေဆုံး ခြင်း မဟုတ်ဘဲ တောင်ပြာတန်း ကား၏ တိုက်မှုကြောင့် ချီဇာ (Chaser) အဖြူရောင်ဆလွန် ကားပေါ်မှ ခြောက် ဦးလည်း မီးလောင်သေဆုံးခဲ့ သည်။
ထိုဖြစ်စဉ်ဖြစ်ပွားရခြင်း၏အဓိကတရားခံဖြစ်သော တောင် ပြာတန်းခရီးသည်တင်ယာဉ် မောင်းဦးအောင်ဇေယျကို လက်ရှိအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးပေ။
7 Day News Daily

No comments:

Post a Comment