Thursday, June 26, 2014

နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများ မီးဖွားပါက နိုင်ငံ့ဝန်ထမ်းအမျိုးသားများလည်း လစာပြည့်ခွင့် လတစ်ဝက်ရရှိမည်

ရန်ကုန်၊ ဇွန် ၂၅-နိုင်ငံဝန်ထမ်းအမျိုးသမီးများအနေဖြင့် မီးဖွားပါက လစာပြည့် ခံစား ခွင့်ကို ခြောက်လကို ရရှိမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အမျိုး သားများ အနေဖြင့်လည်း လစာပြည့် ခံစားခွင့်ဖြင့် ရက်သတ္တနှစ်ပတ်ထိ ခံစားခွင့်ရ ရှိမည်ဖြစ်ကြောင်း နိုင်ငံ ဝန်ထမ်းဥပဒေ တွင် ပြဋ္ဌာန်း ထား ကြောင်း ပြည်ထောင် စု ရာထူးဝန် အဖွဲ့၏ နိုင်ငံ့ဝန်ထမ်း ဥပဒေများ ဖော်ပြ ချက်အရ သိရသည်။
ပြည်ထောင်စုရာ ထူးဝန်အဖွဲ့ က(၂၆-၃-၂၀၁၄)ရက်စွဲဖြင့် အမိန့် ကြေညာ စာအမှတ်၁၂/ ၂၀၁၄၊ နိုင်ငံ့ ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်ခဲ့ရာ ယခုကဲ့သို့အမျိုးသမီး မီးဖွားခွင့်များအပြင် အမျိုးသား ပြုစု စောင့်ရှောက် ခွင့်အတွက်အခွင့်အရေး များကိုပါ အဆိုပါ ဥပဒေများတွင် ထည့်သွင်းရေးဆွဲ ခဲ့ခြင်းဖြစ်သည်။
ယခုအသစ် ထုတ်ပြန်လိုက်သည့် နိုင်ငံ့ဝန်ထမ်းဥပဒေများအရ အမျိုး သမီးဝန်ထမ်းများက မီးဖွားခွင့်ကို လစာပြည့် ခံစားခွင့်ဖြင့် ခြောက်လရရှိ မည် ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် ကိုယ်ဝန်ဆောင် ချိန် တွင် အမျိုးသမီးဝန်ထမ်းအများ အနေ ဖြင့် ဆေး လက်မှတ်များဖြင့်ခြောက် ပတ်ထက်မပိုသော ခွင့်များကို ခံစား ခွင့်ပြုရမည် ဟု ဖော်ပြထားပြီး အမွှာ ပူး(သို့) ယင်းထက်ပိုပြီးမွေးဖွားပါက သာမန်မီးဖွား ခွင့်ကုန်ဆုံးရက်၏ နောက် ရက်မှစပြီး ကလေးများပြုစုေ စာင့် ရှောက်နိုင်ရန် ရက်သတ္တခြောက် ပတ်တိုးပြီး မီးဖွားခွင့်အဖြစ် ခွင့်ပြုရ မည်ဟု သိရသည်။
ယင်းအပြင်မီးဖွားသူ ဝန်ထမ်း အမျိုးသမီး၏ ခင်ပွန်းသည်လည်း ဝန်ထမ်းဖြစ်ခဲ့သော် မွေးကင်းစ ကလေး များအား ပြု စုစောင့်ရှောက် ရန်လစာ ပြည့်ဖြင့် ရက်သတ္တ နှစ်ပတ်ခွင့်ပြုရ မည်ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ ဇနီးသည်မွေးကင်းစ ကလေးကို စောင့်ရှောက်နိုင်ရန်အတွက် ခင်ပွန်းဖြစ်သူ သည်လည်း ဝန်ထမ်း ဖြစ်ပါက လစာခံစားခွင့် အပြည့်ဖြင့် ရက်သတ္တ နှစ်ပတ်ခွင့်ပေးခြင်းသည် အာဆီယံဒေသတွင်း နိုင်ငံများအနက် စင်ကာပူနှင့် မြန်မာနှစ် နိုင်ငံ သာရှိပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ မီးဖွား ခွင့်တွင် ယခင်က ရက်ပေါင်း ၉၀ တစ်နည်းအားဖြင့် သုံးလသတ်မှတ် ထားရာမှ ယခုခြောက်လအထိတိုးမြှင့် သတ်မှတ်ပေးခဲ့ထားပြီးဖြစ်သည်အတွက် ယင်းကဲ့သို့သတ်မှတ်ချက်သည် လည်း အာဆီယံ ၁ဝနိုင်ငံများအနက် မြန်မာနိုင်ငံသည်မီးဖွားခွင့်ကာလအများဆုံး ခွင့်ပြုပေးထားသည့် နိုင်ငံ ဖြစ်ကြောင်း ပြည်ထောင် စုရာထူးဝန် အဖွဲ့မှထုတ်ပြန်ခဲ့သည်။
[---Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment