Thursday, June 26, 2014

ပြင်ဦးလွင်မြို့မဟာမုနိမျက်ရှင်တော်ဘုရားကြီး ရောင်ခြည်တော်ကွန့်မြူး

မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင်မြို့နယ် ရပ်ကွက်ကြီး(၂)နယ် မြေအတွင်းရှိ သာသနဟိတဓဇ နာယကဘွဲ့ တံဆိပ်တော်ရ ရသေ့ ကြီး ဦးခန္တီတည်ထားကိုးကွယ်ခဲ့ သော မဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံအဆင့် စိန်ဖူးတော်မှ ရောင်ခြည်တော်များ ကွန့်မြူးဖြာထွက်နေသည်ကို ယခု လ ၁၉ ရက် ည ၈ နာရီကျော်က ရပ်ကွက်ပြည်သူတစ်ဦးတွေ့ရှိရာ ရပ်ကွက်အတွင်း သတင်းပျံ့နှံ့မှု ကြောင့် လာရောက်ဖူးမြော်သူများ နေ့စဉ်စည်ကားလျက်ရှိသည်။

ရပ်ကွက်နေ မျက်မြင်တွေ့ရှိ သူတစ်ဦးက လွန်ခဲ့သော ၁၇ နှစ် လောက်ကလည်း မဟာမုနိ မျက်ရှင် တော်ဘုရားကြီး၏မျက်လုံးတော် မှ ရောင်ခြည်တော်များ ဖြာထွက် ကွန့်မြူးခဲ့၍ မြို့နယ် အတွင်းရှိ ပြည် သူများ လာရောက်ဖူးမြော်ကြသည် မှာ ကြိတ်ကြိတ်တိုး စည်ကားနေ သည်ကို တွေ့မြင်ခဲ့ရကြောင်း၊ယခု လည်းမဟာမုနိမျက်ရှင်တော်ဘုရား ကြီး၏ ဂန္ဓကုဋိတိုက် အပေါ်ဘုံ အဆင့်အလယ်မှစိန်ဖူးတော်အထိ ရောင်ခြည်တော်များအစိမ်း၊ အနီ ရောင်စုံများကွန့်မြူးဖြာထွက်လျက် နေ့စဉ်ဖူးမြော်နေရပြီး ညဥ့် ၂ နာရီ ကျော်၌ အထက်ကောင်းကင်မှ အစိမ်းတန်းရောင်ခြည်များဘုရားကြီး ၏ ဂန္ဓကုဋိတိုက်အပေါ် ဘုံအဆင့် စိန်ဖူးတော်သို့ အလင်းတန်းများ ကျရောက်လာကြောင်း ပြောပြ ခဲ့သည်။

ရောင်ခြည်ကွန့်မြူးစဉ် လာ ရောက်ဖူးမြော်သူများ၏ တောင်းဆို ချက်အရ မဟာမုနိမျက်ရှင်တော် ဘုရားကြီး အတွင်း၌ ယခုလ ၂၁ ရက်ညပိုင်းက အလှူခံပုံးထားရှိ ရာ ည ၁ဝ နာရီအထိ အလှူငွေ ၁ဝသိန်းကျော်ရရှိခဲ့သည်။ သာသန ဟိတဓဇမာယကဘွဲ့တံဆိပ်တော်ရ ရသေ့ကြီးဦးခန္တီတည်ထား
ကိုးကွယ် ခဲ့သော မဟာမုနိမျက်ရှင်တော် ဘုရားကြီး၏ဂန္ဓကုဋိတိုက်အပေါ်ဘုံ အဆင့်၌ ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များကိုပြင်ဦးလွင် စာပန်းအိမ် ကိုယ်ပိုင်အထက်တန်း ကျောင်း အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတရ ဒေါက်တာကျော်စော (မိသားစု)က ရေစက်ချလှူဒါန်း ပူဇော်ခြင်း၊ ဗုဒ္ဓပူဇနိယမင်္ဂလာ အခမ်းအနားကို မေ ၂၄ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

The Union Daily

No comments:

Post a Comment