Thursday, June 26, 2014

ဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်အပေါ် သူတို့ ဘယ်လိုသုံးသပ်သလဲ

ဘေကျင်းမြို့တွင် ဇွန်လ ၂၈၊ ၂၉ရက်တို့တွင် ကျင်းပမည့် မြန်မာ-တရုတ်-အိန္ဒိယ နိုင်ငံတို့၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး ၅ချက် နှစ် ၆၀ မြောက် အထိမ်းအမှတ်ညီလာခံသို့ တက်ရောက်ခြင်းဖြင့် သမ္မတဦးသိန်းစိန်၏ သုံးကြိမ်မြောက် တရုတ်ခရီးစဉ်ကို စတင်လိုက် ပြီဖြစ်သည်။
အဆိုပါ ခရီးစဉ်ကို ဇွန်လ ၂၇ရက်မှ စတင်မည်ဖြစ်ပြီး ဇွန်လ ၃၀ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ယခုတစ်ကြိမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီးကျင်းဖျင်နှင့် ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ ယင်းခရီးစဉ်အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတို့ မည်သို့ ရှုမြင်သည်ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။


ဒေါက်တာ ရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
“အစ်ကို့အမြင်ကတော့ ဒေသတွင်း အိန္ဒိယ၊ မြန်မာ၊ တရုတ် သုံးနိုင်ငံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးနားလည်မှုရှိရှိ နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့လမ်းကြောင်းအပေါ်မှာ အခြေခံပြီးဆွေးနွေးမယ်လို့ ထင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအချိန်မှာလည်း အိန္ဒိယရယ်၊ မြန်မာရယ်၊ တရုတ်ရယ်ဟာ အရှေ့ တာင်အာရှဒေသနဲ့ တောင်အာရှဒေသမှာ ပိုပြီးတော့နီးနီး ကပ်ကပ်ဆက်ဆံမှုတွေရှိလာမယ့် အနေအ ထားကို တွေ့ရတယ်။ အဲ့ဒီအတွက်ကြောင့်မို့ လာမယ့်ကာလအပိုင်းအခြားမှာလည်း ကိုယ့်အမြင်ကတော့ သုံးနိုင်ငံကြားမှာပိုပြီးတော့ အကျိုးရှိတဲ့ပိုပြီးတော့ မဟာဗျူဟာမြောက်တဲ့နိုင်ငံရေး၊ စီးပွားရေးမှု တွေလာ မယ့် အပိုင်းအခြား ကာလမှာ တွေ့လာရနိုင်တယ်။

ဒေါက်တာ တူးဂျာက (ကချင်လွတ်မြောက်ရေးတပ်မတော် ဒုတိယဥက္ကဋ္ဌဟောင်း)
“ဘာပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံနဲ့လည်း မိတ်မပျက်ဘဲဆက်ဆံသင့်တာပေါ့။ ဒီမိုကရေစီအရေးဖော်ဆောင် တဲ့နေရာမှာ အနောက်အုပ်စုတွေနဲ့ဆက်ဆံရေးကောင်း ရမယ်။ အနောက်အုပ်စုမှာ အတုခိုးစရာတွေ လည်းအများကြီးရှိတာကိုး။ အမေရိကန်နဲ့ ဆက်ဆံနေပေမယ့်လည်း အိမ်နီးချင်းနိုင်ငံနဲ့လည်း မိတ်မပျက် သင့်တာကို သတိထားရမှာပါ။ ဒါမှအရေး အကြောင်းဆိုအိမ်နီးချင်းနိုင်ငံကကူညီနိုင်မှာ မဟုတ်လား။

ဦးကျော်ဝင်း(နိုင်ငံရေးလေ့လာသုံးသပ်သူ)
“ကျွန်တော်တို့က ဂရိတ်ပါဝါ ယှဉ်ပြိုင်မှုပေါ့ဗျာ။ အမေရိကန်နဲ့တရုတ် ယှဉ်ပြိုင်မှုမှာ မြန်မာပြည်က ဆုံချက်နေရာမှာတော့ ရှိနေတာပေါ့။ အဲ့ဒီအခြေအနေမှာ ကျွန်တော်တို့က တစ်ဖက်ဖက်ပြေးကပ်လို့တော့ မရူးဗျ။ ပါးပါးနပ်နပ်နဲ့ နှစ်ခုစလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ကလည်း စူပါပါဝါလေ။ သူနဲ့ပြဿနာဖြစ်တာနဲ့ သူနဲ့ အခင်အမင်မပျက်ဆက်ဆံတာ ကိုယ့်အတွက် အကျိုးရှိနိုင်တာကိုး။ တရုတ်ပြည်ကလည်း စိန်ခေါ်နိုင်တဲ့ စူပါပါဝါအလောင်းအလျှာကိုး။
မြန်မာပြည်နဲ့နယ်ချင်းကလည်း ကပ်နေတယ်။ နိုင်ငံရေးစီးပွားရေး ဆက်ဆံရေးတွေကလည်း ရှိတယ်ဆိုတော့ သူကလည်း တင်းတင်းမတ်မတ် ဆက်ဆံလို့မရတဲ့ အနေအထားတွေရှိတာပေါ့။ အဲ့ဒီတော့ ဒီနိုင်ငံကြီးနှစ်ခုကြားထဲမှာ တတ်နိုင်သလောက် ထိန်းထိန်းသိမ်းသိမ်း ဆက်ဆံသွားဖို့လို လိမ့်မယ်ထင်တယ်။ အခုသွားတဲ့ ခရီးစဉ်ကလည်း ဒီဘောင်ထဲကပဲ ဖြစ်မယ်ထင်ပါတယ်။ သမ္မတဘက်ကလည်း တရားဝင် ကြေညာထားတာက အရှေ့အနောက် မခွဲဘဲ ဆက်ဆံတဲ့ နိုင်ငံခြားရေးပေါ်လစီကျင့်သုံးမယ်လို့ ပြောထားတာကိုး ဒီဘောင်ထဲကပဲ ထင်ပါတယ်။

Mizzima

No comments:

Post a Comment