Monday, July 7, 2014

မန္တလေးပဋိပက္ခကြောင့် မုံရွာမြို့ရှိ ကားအသင်းများ ခရီးလိုင်းတချို့ ယာယီပိတ်သိမ်း

မန္တလေး၊ ဇူလိုင် ၆- မန္တလေးမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် သက်ဆိုင်ရာမှ ညမထွက်ရ အမိန့် ပုဒ်မ-၁၄၄ ထုတ်ပြန် လိုက်ပြီးနောက် ပိုင်း မုံရွာမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော ခရီးသည်တင် ယာဉ်လိုင်း များအချိန်စောထွက်ခဲ့ပြီး မန္တလေး သို့သွား မည့် ခရီးသည် များလည်း လျော့ကျလာခြင်းကြောင့် မန္တလေး ကားအသင်းများ ခရီးလိုင်းတချို့ကို ယာယီပိတ်သိမ်း ထားကြောင်း သိရ သည်။

မုံရွာမြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲ နေသော ရွှေစင်စင်္ကြာကားအသင်း မှ ဂိတ်တာဝန်ခံတစ်ဦးက ''ပုဒ်မ- ၁၄၄က ည ၉နာရီကနေ မနက် ၅ နာရီအထိ ထုတ်ထားတာဆိုတော့ အရင်တုန်းက မုံရွာကနေ ရန်ကုန်ကို ည ၈နာရီနောက်ဆုံးထွက်တဲ့ကားက မရှိတော့ ဘဲ ညနေ ၆နာရီနောက်ဆုံး ထားထွက်ပါတယ်။ ဒါမှစစ်ကိုင်းတံတား ဖြတ်ပြီး အမရပူရဘက်ကနေ ည ၉နာရီမကျော်မီ အမြန်လမ်းပေါ် တက်နိုင်မှာပါ''ဟု ပြောသည်။
ပဋိပက္ခများဖြစ်ပွားပြီးနောက် ဇူလိုင် ၃ရက်ကလည်း စစ်ကိုင်းတံ တားအဝင်တွင် အဝေးပြေးကားနှင့် အိမ်စီးကားများ ပိတ်မိခြင်းများကြောင့် ခရီးစဉ်များ နှောင့်နှေးခဲ့ရကြောင်း သိရသည်။ ယင်းအပြင် မုံရွာမှ မန္တ လေးမြို့သို့ပြေးဆွဲနေသော ခရီးသည် တင်ကားများလည်း ညနေပိုင်းယာဉ် လိုင်းများ ယာယီဖျက်သိမ်းထားကြောင်း သိရသည်။
မန္တလေးမြို့သို့ ပြေးဆွဲနေသော အောင်ကမ္ဘာကားအသင်းမှ ဂိတ်တာ ဝန်ခံတစ်ဦးက ''ပုံမှန်ဆို မနက် ၄ နာရီကနေ ညနေ ၅နာရီထိ တစ်နာ ရီခြားတစ်စီး ထွက်တယ်။ အခုည နေပိုင်း ၅နာရီထွက်မယ့်လိုင်းတွေ ရပ်ထားတယ်။ ခရီးသည်အဝင်နည်း လာရင် ၄နာရီလိုင်းတွေပါထပ်ပိတ် ရဦးမှာ။ မန္တလေးမှာက ခရီးသည်တွေ က ဆိုင်ကယ်ကယ်ရီ ငှားသွားရင် တောင် ကယ်ရီက အပြန်မှာ ပြန်ဖို့ မလွယ်လို့ လိုက်မပို့ကြဘူးဖြစ်နေ တာ။ အခုထက်ဝက်လောက်ကိုခရီး သည်လျော့သွားတာ''ဟု ခရီးသည် တင်ကားများ၏ လတ်တလောအ ခြေအနေကို ပြောပြသည်။
ပုဒ်မ-၁၄၄ အမိန့်မရုပ်သိမ်းမ ချင်း အဆိုပါခရီးစဉ်များ ကမောက် ကမဖြစ်နေဦးမည်ဖြစ်သောကြောင့် အချိန်ကိုက် သွားလာကြသော ခရီး သည်များအဆင်ပြေစေရန် ရန်ကုန် အဝေးပြေးကားများအား အမြန်လမ်း မသို့တက်ရန် ခေတ္တပေး ဝင်သင့် ကြောင်း ရန်ကုန်ကားအသင်းဂိတ်များ ကပြောသည်။
''ကျွန်တော်တို့က မန္တလေးမြို့ ထဲကိုဝင်ပြီး ခရီးသည်ချမှာလဲမဟုတ် တော့ အမြန်လမ်းမ တက်ချိန်လေး မြို့ထဲ မိနစ်နှစ်ဆယ်လောက်ဖြတ် သွားတာတော့ ခွင့်ပြုသင့်ပါတယ်''ဟု ဂိတ်မှူးတစ်ဦးကပြောသည်။
KTS
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment