Monday, July 7, 2014

မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင် စွပ်စွဲ

Photo: မြန်မာဒိုင်လူကြီးများ ဘက်လိုက်ကြောင်း ထိုင်းလက်ဝှေ့ ခေါင်းဆောင်
 စွပ်စွဲ
Monday, July 7, 2014

One on One Big Fight ဟု အမည်ပေး ထားသော မြန်မာ−ထိုင်း မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ဇူလိုင် ၆ ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။ ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ်စိတ်ဝင်စားမှုများပြားခဲ့သည်။
 မြန်မာနှင့်ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများအနေဖြင့် ကစားသ မားများအပေါ် မျှတစွာဆုံး ဖြတ်ခြင်းမရှိဘဲ ဘက်လိုက်ဆုံး ဖြတ်မှုများရှိခဲ့ကြောင်း ထိုင်းမွေ လက်ဝှေ့အဖွဲ့ခေါင်းဆောင် ချာ ရာဝတ်ကပြောသည်။

‘‘ဒိုင်တွေအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်။ ဘန် ကောက်မှာ ကစားသမားတွေကို စည်းဝိုင်းကထွက်ခွာဖို့အတွက် ညင်သာစွာပြောဆိုကြတယ်။ ဒီပွဲမှာ တာဝန်ယူတဲ့ ဒိုင်တွေက ကစားသမားတွေကို အတင်းမောင်းထုတ်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ပွဲစဉ်ငါးပွဲမြောက်တွင် ယှဉ် ပြိုင်ခဲ့သည့် စောဂေါ်မူတိုနှင့် ဖာ ခေါတို့ပွဲတွင် ဖာခေါမှာ စော ဂေါ်မူတို၏ ထိုးချက်ကြောင့်လဲကျ ခဲ့ပြီး ဒိုင်ကအမှတ်စဉ်ရေတွက်နေ စဉ်တွင် အနားတောင်းခဲ့သော် လည်း စည်းဝိုင်းအတွင်းမှ ဒိုင်လူ ကြီးက မမြင်သောကြောင့် အ မှတ်စဉ် ပြီးဆုံးသည်အထိ ရေ တွက်ခြင်းခံခဲ့ရပြီး အရှုံးပေးခဲ့ရ သည်။

‘‘တကယ်တော့ ဒီဘက်က အနားတောင်းနေတာ။ ဒါကို ဒိုင် ကမမြင်ခဲ့ဘူး။ အမှတ်စဉ်ပြီးဆုံး အောင်ရေတွက်ခြင်းခံခဲ့ရပြီး အရှုံး ပေးခဲ့ရတဲ့အတွက် ဒီပွဲရဲ့ရလဒ် ဟာ မျှတမှုမရှိဘူး။ ဒါကြောင့် စည်းဝိုင်းအပြင်မှာရှိတဲ့တာဝန်ရှိ သူတွေကို စောဒကတက်ရတာ ပါ’’ဟု ချာရာဝတ်က ပြောကြားသည်။

မြန်မာရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာလက်ဝှေ့မှာ ခြားနား ခြင်းမရှိသော်လည်း ယခု ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများမှာ ခေါင်းတိုက်ခြင်းကို အသုံးပြု ယှဉ်ပြိုင်ခဲ့သောကြောင့် ပွဲစဉ်အများစုတွင် ထိုင်းရိုးရာ ကစားသမားများအထိနာခဲ့ကြပြီး အရှုံးပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒိုင်တွေမှာလည်း ဘက် လိုက်မှုကင်းအောင်ဆောင်ရွက် နိုင်ရမယ်။ စောဒကတတ်နေတဲ့အ ချိန်မှာ မြန်မာဘက်က ဒိုင်အမျိုး သမီးတစ်ယောက်ရဲ့ အပြုအမူ ဟာ လက်မခံနိုင်လောက်တဲ့အ ခြေအနေမှာရှိတယ်။ အရမ်းရိုင်း တယ်။ မွေထိုင်းမှာခေါင်းနဲ့တိုက် ပြီး မပြိုင်ရတဲ့အတွက် ထိုင်းက စားသမားတွေက ခေါင်းမတိုက် ဘူး။ ဒါကြောင့်ရှုံးသွားတာ’’ ဟု ချာရာဝတ်က ပြောသည်။

မြန်မာနှင့်လာရောက်ယှဉ် ပြိုင်ခဲ့သည့် ထိုင်းရိုးရာလက်ဝှေ့ ကစားသမားများမှာ ထိုင်းနိုင်ငံ တွင် အကောင်းဆုံးကစားသမား များမဟုတ်သေးကြောင်း၊ ထိုင်း တွင် ကီလို ၅၇ တန်းသည်  အကောင်းဆုံး ကစားသမားများ ဖြစ်ကြကြောင်း၊ ယခုလာရောက် ယှဉ်ပြိုင်ကြသည့် ကစားသမား များမှာ တွဲဆိုင်းများတွဲရာတွင် လည်း ကီလိုတန်းအလိုက်တွဲပေး မှုမရှိခဲ့သည့်အတွက် ယှဉ်ပြိုင်ရာ တွင် ကစားသမားများအခက်အ ခဲများရှိကြောင်း ၎င်းက ပြော ကြားသည်။ စိုးလင်းဦးနှင့် ပါဝီတို့ပွဲစဉ်တွင် စိုးလင်းဦး၏ ဒူးတိုက်ချက်မှာ ပါဝီပေါင်ခွကြားကို တည့်တည့်ထိခဲ့ပြီး ပါဝီက ကန့်ကွက်ခဲ့သည်။

မြန်မာနှင့် ထိုင်းရိုးရာလက် ဝှေ့စိန်ခေါ်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မန္တလေး မြို့တွင် ထပ်မံယှဉ်ပြိုင်ရန်စီစဉ် ထားပြီး ထိုင်းနိုင်ငံမှ အကောင်းဆုံး ကစားသမားများဖြင့် လာရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုစိန်ခေါ်ပွဲတွင် လက်ဝှေ့သမားများကို စုစုပေါင်း ထိုးကြေး ကျပ် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပြီး၊ ဆယ်ပွဲတွင် မြန်မာက ပွဲစဉ် လေးပွဲတွင် အနိုင်ရရှိခဲ့ပြီး ငါးပွဲ သရေကျကာ တစ်ပွဲရှုံးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

7 Day Daily
One on One Big Fight ဟု အမည်ပေး ထားသော မြန်မာ−ထိုင်း မြန်မာ့ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူအားကစား ရုံတွင် ဇူလိုင် ၆ ရက် ညနေက ကျင်းပခဲ့ရာ ပြိုင်ပွဲ၏ အဓိကပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ဝိရာပိုလ်တို့ ယှဉ်ပြိုင်ရာ၌ ထွန်းထွန်းမင်း၏ ဒူးတိုက်ချက်ကြောင့် ဝိရာပိုလ် လဲကျသွားစဉ်။ ထိုစိန်ခေါ်ပွဲများကို ရုပ်သံများမှ ထုတ်လွှင့်ပြသခဲ့ရာ ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့သည်။
မြန်မာနှင့်ထိုင်းရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သော ရိုးရာလက်ဝှေ့ ဒိုင်လူကြီးများအနေဖြင့် ကစားသ မားများအပေါ် မျှတစွာဆုံး ဖြတ်ခြင်းမရှိဘဲ ဘက်လိုက်ဆုံး ဖြတ်မှုများ ရှိခဲ့ကြောင်း ထိုင်းမွေ လက်ဝှေ့အဖွဲ့ခေါင်းဆောင် ချာ ရာဝတ်ကပြောသည်။

‘‘ဒိုင်တွေအနေနဲ့ မျှမျှတတ ဆောင်ရွက်သင့်တယ်။ ဘန် ကောက်မှာ ကစားသမားတွေကို စည်းဝိုင်းကထွက်ခွာဖို့အတွက် ညင်သာစွာပြောဆိုကြတယ်။ ဒီပွဲမှာ တာဝန်ယူတဲ့ ဒိုင်တွေက ကစားသမားတွေကို အတင်းမောင်းထုတ်တာတွေရှိတယ်’’ဟု ၎င်းက ပြောသည်။

ပွဲစဉ်ငါးပွဲမြောက်တွင် ယှဉ် ပြိုင်ခဲ့သည့် စောဂေါ်မူတိုနှင့် ဖာ ခေါတို့ပွဲတွင် ဖာခေါမှာ စော ဂေါ်မူတို၏ ထိုးချက်ကြောင့်လဲကျ ခဲ့ပြီး ဒိုင်ကအမှတ်စဉ်ရေတွက်နေ စဉ်တွင် အနားတောင်းခဲ့သော် လည်း စည်းဝိုင်းအတွင်းမှ ဒိုင်လူ ကြီးက မမြင်သောကြောင့် အ မှတ်စဉ် ပြီးဆုံးသည်အထိ ရေ တွက်ခြင်းခံခဲ့ရပြီး အရှုံးပေးခဲ့ရ သည်။

‘‘တကယ်တော့ ဒီဘက်က အနားတောင်းနေတာ။ ဒါကို ဒိုင် ကမမြင်ခဲ့ဘူး။ အမှတ်စဉ်ပြီးဆုံး အောင်ရေတွက်ခြင်းခံခဲ့ရပြီး အရှုံး ပေးခဲ့ရတဲ့အတွက် ဒီပွဲရဲ့ရလဒ် ဟာ မျှတမှုမရှိဘူး။ ဒါကြောင့် စည်းဝိုင်းအပြင်မှာရှိတဲ့တာဝန်ရှိ သူတွေကို စောဒကတက်ရတာ ပါ’’ဟု ချာရာဝတ်က ပြောကြားသည်။

မြန်မာရိုးရာ လက်ဝှေ့နှင့် ထိုင်းရိုးရာလက်ဝှေ့မှာ ခြားနား ခြင်းမရှိသော်လည်း ယခု ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများမှာ ခေါင်းတိုက်ခြင်းကို အသုံးပြု ယှဉ်ပြိုင်ခဲ့သောကြောင့် ပွဲစဉ်အများစုတွင် ထိုင်းရိုးရာ ကစားသမားများအထိနာခဲ့ကြပြီး အရှုံးပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒိုင်တွေမှာလည်း ဘက် လိုက်မှုကင်းအောင်ဆောင်ရွက် နိုင်ရမယ်။ စောဒကတတ်နေတဲ့အ ချိန်မှာ မြန်မာဘက်က ဒိုင်အမျိုး သမီးတစ်ယောက်ရဲ့ အပြုအမူ ဟာ လက်မခံနိုင်လောက်တဲ့အ ခြေအနေမှာရှိတယ်။ အရမ်းရိုင်း တယ်။ မွေထိုင်းမှာခေါင်းနဲ့တိုက် ပြီး မပြိုင်ရတဲ့အတွက် ထိုင်းက စားသမားတွေက ခေါင်းမတိုက် ဘူး။ ဒါကြောင့်ရှုံးသွားတာ’’ ဟု ချာရာဝတ်က ပြောသည်။

မြန်မာနှင့်လာရောက်ယှဉ် ပြိုင်ခဲ့သည့် ထိုင်းရိုးရာလက်ဝှေ့ ကစားသမားများမှာ ထိုင်းနိုင်ငံ တွင် အကောင်းဆုံးကစားသမား များမဟုတ်သေးကြောင်း၊ ထိုင်း တွင် ကီလို ၅၇ တန်းသည် အကောင်းဆုံး ကစားသမားများ ဖြစ်ကြကြောင်း၊ ယခုလာရောက် ယှဉ်ပြိုင်ကြသည့် ကစားသမား များမှာ တွဲဆိုင်းများတွဲရာတွင် လည်း ကီလိုတန်းအလိုက်တွဲပေး မှုမရှိခဲ့သည့်အတွက် ယှဉ်ပြိုင်ရာ တွင် ကစားသမားများအခက်အ ခဲများရှိကြောင်း ၎င်းက ပြော ကြားသည်။ စိုးလင်းဦးနှင့် ပါဝီတို့ပွဲစဉ်တွင် စိုးလင်းဦး၏ ဒူးတိုက်ချက်မှာ ပါဝီပေါင်ခွကြားကို တည့်တည့်ထိခဲ့ပြီး ပါဝီက ကန့်ကွက်ခဲ့သည်။

မြန်မာနှင့် ထိုင်းရိုးရာလက် ဝှေ့စိန်ခေါ်ပွဲများကို ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မန္တလေး မြို့တွင် ထပ်မံယှဉ်ပြိုင်ရန်စီစဉ် ထားပြီး ထိုင်းနိုင်ငံမှ အကောင်းဆုံး ကစားသမားများဖြင့် လာရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုစိန်ခေါ်ပွဲတွင် လက်ဝှေ့သမားများကို စုစုပေါင်း ထိုးကြေး ကျပ် သိန်းသုံးရာကျော် ချီးမြှင့်ခဲ့ပြီး၊ ဆယ်ပွဲတွင် မြန်မာက ပွဲစဉ် လေးပွဲတွင် အနိုင်ရရှိခဲ့ပြီး ငါးပွဲ သရေကျကာ တစ်ပွဲရှုံးရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

7 Day Daily

No comments:

Post a Comment