Monday, July 28, 2014

အိမ်ထောင်စုလူဦးရေစာရင်းကောက်ခံရာတွင် ဝိုင်းဝန်းရန်ပြုသူ ၁၁ဦးကို တရားစွဲဆိုထား

မောင်တော၊ ဇူလိုင် ၂၇ - ဇွန်၁၃ ရက်က မောင်တောမြို့နယ်တောင် ပိုင်း အလယ် သံကျော်တိုက်နယ် ကံပူးဘင်္ဂါလီကျေးရွာ တွင်အိမ်ထောင် စု လူဦးရေ စာရင်းကောက် ခံသည့် နိုင်ငံခြားသားများ မတရားဝင်ရောက် မှုတားဆီးကာ ကွယ်ရေး အဖွဲ့(မကဖ) အဖွဲ့ဝင်များနှင့်နယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းရန်ပြုခဲ့ သူ ဘင်္ဂါလီ ၁၁ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးကာ တရားစွဲဆို ထားကြောင်း သိရသည်။

အဆိုပါဘင်္ဂါလီများမှာ မောင် တောနယ်စပ်တွင် နှစ်စဉ်ကောက်ယူ မြဲဖြစ်သည့်အိမ်ထောင်စုလူဦးရေ စာ ရင်း ကောက်ယူ ရာ တွင် ကောက် ယူမှုကို ငြင်း ဆန်ခဲ့ပြီး စာရင်းကောက် ယူသူများကိုလည်း ဝိုင်းဝန်းရန်ပြုခဲ့ သည့်အတွက် ဖမ်းဆီခံ ခဲ့ရခြင်းဖြစ် ပြီး ဇူလိုင်လဒုတိယပတ်က မောင်တော မြို့နယ်တရားရုံး၌ တရားစွဲ တင်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ မှ တရားစွဲဆိုမှုကို မောင်တောမြို့ နယ်တရားရုံးမှ လက်ခံခဲ့ပြီးပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ-၄၅၂၊ ၄၂၇၊ ၃၂၃/၁၁၄ တို့ဖြင့်အရေးယူ ထား ကြောင်း မြို့နယ်တရားရုံးမှသိရ သည်။ မောင်တော နယ်စပ်ဒေသ တွင် အိမ်ထောင်စုလူဦးရေ စာရင်း ကောက်ခံမှုကို ယခင်နစကလက် ထက်ကလည်း တစ်နှစ်လျှင်တစ်ကြိမ် ကောက်ခံခဲ့ပြီးဆူပူအကြမ်းဖက်မှု များဖြစ်ပွားခဲ့ခြင်း၊ နယ်စပ်လုံခြုံရေး တပ်ဖွဲ့ပြောင်းလဲလိုက်ခြင်းနှင့် ဘင်္ဂါ လီကျေးရွာအသီးသီးတွင် တရားခံ ပြေးများရှိနေ သည့်အတွက် အိမ် ထောင်စု လူဦးရေစာရင်းကောက် ခံ ခြင်း ကို ငြင်းဆန်နေကြခြင်းဖြစ် ကြောင်း သိရသည်။

NT

Yangon Media Group

No comments:

Post a Comment