Thursday, July 24, 2014

ကေအိုင်အိုအတွင်းရောက်ရှိနေသော ကလေးစစ်သားများ ယနေ့အထိပြန်လွှတ်မပေးသေးဟုဆို

ကေအိုင်အိုအတွင်းရောက် ရှိနေသော ကလေးစစ်သားများ လွှတ် ပေးရန် ဗိုလ်ချုပ်ဂွမ်မော်မှ ကတိပေး ပြောကြားထားသော်လည်း လက်ရှိ အချိန်အထိတစ်ဦးတစ်ယောက်မျှ တရားဝင်လွှတ်ပေးခြင်း မရှိသေး ကြောင်း အဆိုပါအရေးအားလိုက် လံဆောင်ရွက်ပေးနေသည့် ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့မှ သိရသည်။

''ဗိုလ်ချုပ်ဂွမ်မော်ကတော့ အမြန် ဆုံးလွှတ်ပေးမယ်ပြောပေမယ့် လက် ရှိအချိန်အထိတော့ တစ်ဦးမှ မလွတ်လာသေးပါဘူး။ သူတို့ဘက်ကတော့ ပြန်လည်စိစစ်နေတုန်းပဲလို့ပြောတယ်'' ဟု ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းထွန်းရင်ကပြော သည်။
ဇွန် ၁၃ ရက်က မြစ်ကြီးနားတွင် ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ တက်ရောက်လာသည့်ဗိုလ်ချုပ် ဂွမ်မော်အား ရှမ်းအမျိုးသမီးများမှ ကေအိုင်အိုတပ်ဖွဲ့၏ စစ်သားများ အဖြစ် စုဆောင်းခေါ်ယူသွားသော မိမိတို့၏ကလေးများပြန်လည် လွှတ် ပေးရန် တောင်းဆိုမှုများပြုလုပ်ခဲ့ခြင်း နှင့်ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်မှ ပြန်လည်လွှတ်ပေးရန် ကတိပြုပြော ကြားခဲ့သော်လည်း တစ်လကြာသည် အထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေး ကြောင်း သိရသည်။

''အဲနေ့ကလွှတ်ပေးဖို့ တောင်း ဆိုပြီး စာရင်းတင်ပြထားတာ ၁၈ ဦး ပါ။ အခုအချိန်အထိတစ်စုံ တစ်ရာအ ကြောင်း မပြန်သေးပါဘူး။ ဒီလထဲမှာတင် ကိုယ့်ဘာသာထွက်ပြေးလွတ် မြောက်လာတဲ့ ကလေးခြောက်ဦး လောက်ရှိတယ်။ တစ်ပွင့်ရာထူးရှိတဲ့ သူတစ်ဦးတောင်ပါသေးတယ်'' ဟု ဦးစိုင်းထွန်းရင်ကပြောသည်။
အဆိုပါအရေးနှင့် ပတ်သက်၍ ကေအိုင်အိုပဋိပက္ခလေ့လာစောင့် ကြည့်ရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်နောင်က ''သူတို့တင် ပြထားတဲ့ စာရင်းထဲမှာပါနေတဲ့သူ တွေက ဘယ်နှခုနှစ်မှာ ရောက်လာ တာလဲ၊ ဘယ်အချိန်ကလဲ၊ ခုရော ဘယ်တွေမှာ တာဝန်ကျနေလဲဆိုတာ လိုက်နေတုန်းပါ။ စာရင်းကိုလဲ စစ်ရုံး ချုပ်ကိုပို့ထားပြီးပါပြီ။ ရုံးချုပ်ကတစ်စုံ တစ်ရာအကြောင်းပြန်ခြင်းမရှိသေး တာပါ''ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ကေအိုင်အိုတပ်ဖွဲ့အတွင်း ရောက် ရှိနေသော ကလေးစစ်သားအရေအ တွက်စုစုပေါင်းကို လက်ရှိအချိန်အ ထိ ကေအိုင်အိုမှစာရင်းအတိအကျ ထုတ်ပြန်ကြေညာထားခြင်း မရှိသေး သော်လည်း ကလေးစစ်သားအရေ အတွက် ၈ဝ မှ ၁ဝဝ ဝန်းကျင်ခန့်အ ထိရှိနေနိုင်သည်ဟု ရှမ်းမျိုးနွယ်စုရေး ရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထုတ် ဖော်ပြောကြားထားသည်။
အဆိုပါကလေးစစ်သားများ ပြန်လည်လွတ်မြောက်ရေးနှင့် ပတ် သက်၍ဇူလိုင် ၁၆ ရက်တွင် ကေအိုင် အိုပဋိပက္ခလေ့လာစောင့်ကြည့်ရေး အဖွဲ့နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး တိကျသောအဖြေများရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment