Monday, July 14, 2014

မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြို၍ အိပ်ပျော်နေသူ ခုနစ်ဦးသေဆုံး

တာချီလိတ်မြို့ ၀မ် ကောင်းရပ်ကွက်တွင် ညအချိန် မိုးသည်းထန်စွာရွာသွန်းပြီး မြေ ပြိုကျခဲ့သောကြောင့် အဆောက် အအုံနှစ်ခုအတွင်း အိပ်ပျော်နေ သည့် မိသားစုနှစ်စုမှလူခုနစ်ဦးမြေပိသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၃ ရက် နံနက် ၂နာရီခန့်က ၀မ်ကောင်းရပ်ကွက်ရှိ နေအိမ်တစ်လုံးနှင့် သုံးခန်းတွဲ
တန်းလျားတစ်ခုပေါ်သို့ မြေပြို ကျခဲ့ခြင်းဖြစ်သည်။ မြေပြိုမှု ကြောင့် မိသားစုနှစ်စုမှ ဆယ်နှစ် အောက်ကလေးသုံးဦးနှင့် ထိုကလေးများ၏ မိခင်နှင့် ဖခင်နှစ်စုံတွဲတို့ သေဆုံးခဲ့ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်းကပြောသည်။

‘‘မိုးက ၁၂ ရက်ညကစပြီး သဲသဲမဲမဲရွာတာ။ ၁၃ ရက် မနက်မှာ ဖြစ်တာပဲ။ ဒီအမှုကို သေမှုသေခင်းဖွင့်ပြီး စစ်ဆေးနေ တယ်။ အပျက်အစီးတွေကို မြို့ ပေါ်မှာရှိတဲ့ ကုမ္ပဏီတစ်ခုက မြေ တူးယာဉ်နဲ့ ညတွင်းချင်းရှင်းလိုက် ပါတယ်။ ဒီမှာမိုးက အရမ်းများ သွားတာ’’ဟု ဒုရဲမှူးကြီးဝင်းထွန်း ကဆိုသည်။

မြေပြိုကျမှုဖြစ်ပွားသည့် နေ ရာမှာ ချိုင့်ဖြစ်နေသော နေရာကို မြေဖို့၍ နေအိမ်နှင့် တန်းလျား ဆောက်လုပ်ထားခြင်းဖြစ်သည်။ နံဘေးတွင် တောင်ကုန်းရှိကာ အဆိုပါတောင်မှ မြေစာများ ပြို ကျခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တောင်ခြေတွင် အဆောက်အအုံ ဆောက်ရန် မြေဖို့နေဆဲဖြစ်ပြီး ယင်းမြေများကို ကာထားသည့် အုတ်တံတိုင်းလည်း ပြိုကျခဲ့ခြင်း ကြောင့် အခြေအနေပိုဆိုးခဲ့ခြင်း ဖြစ်ကြောင်း ၀မ်ကောင်းရပ်ကွက် ဒေသခံတစ်ဦးကပြောသည်။

‘‘သတင်း ကြားကြားချင်း သွားကြည့်တာ။ မြင်ရ၊ တွေ့ရ တာ တကယ့်ကို စိတ်မချမ်းမြေ့စရာပါ။ တာချီလိတ်မြို့မှာ အခုလို ဆောက်ထားတဲ့ အဆောက်အအုံ တွေကများတော့ မိုးများလာရင်

သတိနဲ့ နေဖို့ လိုမယ်ထင်တယ်။ ဒီမှာက ငလျင်သေးသေးလေးလှုပ်တာတောင် အိမ်တွေက သိသိသာသာလှုပ်နေတာပါ’’ဟု အဆိုပါ ဒေသခံကပြောသည်။

ဘင်္ဂလား ပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် လေဖိအား နည်းရပ်ဝန်း၏ အရှိန်ကြောင့် ရှမ်းပြည်နယ် အပါအ၀င် ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့တွင် ယခု ရက်ပိုင်းအတွင်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေ၀သပညာ ရှင် ဒေါက်တာထွန်းလွင်နှင့် မိုး/ ဇလဌာနက သတိပေးထားသည်။

7Day Daily

No comments:

Post a Comment