Monday, July 14, 2014

သတင်းထောက်များအား ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့ခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

သတင်းထောက်များ အား ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့ခြင်းအပေါ် ပြန်လည် သုံးသပ် သင့်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပခုက္ကူမြို့တွင် ဇူလိုင် ၁၂ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ ပြန်လည် ပြင်ဆင်ရေး ဟောပြောပွဲတွင် ပြောကြားခဲ့ သည်။
ယင်းက ''ဒီမိုကရေစီပြုပြင်ပြောင်း လဲရေး လုပ်နေတယ်ဆိုပြီးတော့ သတင်း ထောက်တွေရဲ့ လုပ်ပိုင်ခွင့်ကို ချုပ်တီးလာ မယ်ဆိုရင် ကျွန်မတို့ စဉ်းစားစရာပဲဖြစ်တယ်။ ဒီမိုကရေစီစနစ်အောက်မှာ လုံခြုံရေးနဲ့ လွတ် လပ်ရေး နှစ်ခုဟာ ချိန်ခွင်လျှာလို ညီမျှနေ ရမယ်။ လုံခြုံရေး၊ လုံခြုံရေးဆိုပြီး လွတ်လပ် ရေးကို
ကန့်သတ်လို့မဖြစ်ဘူး။ လွတ်လပ်ရေး၊ လွတ်လပ်ရေးဆိုပြီး လုံခြုံရေးကို လျစ်လျူရှု လို့လဲမရဘူး။ ဒီနှစ်ခုဟာ ချိန်ခွင်လျှာလို ညီ မျှနေရမယ်။ သတင်းထောက်တွေကို ၁ဝနှစ် ထောင်ဒဏ်ချမှတ်တာနဲ့ ပတ်သက်လို့ပြန် ပြီးတော့ သုံးသပ်သင့်တယ်''ဟု ပြောသည်။

အဆိုပါဟောပြောပွဲကို ပခုက္ကူ မြို့ ကျောက်မိကျောင်းတောရအနီး မြို့ရှောင် လမ်း တောင်ဘက်တွင်ကျင်းပ ခဲ့ပြီး မိတ္ထီလာ၊ မလှိုင်၊ မကွေး၊ မင်းဘူး၊ စကု၊ မုံရွာ၊ မန္တလေး၊ ရေစကြို၊ မြင်းခြံ စသည့်မြို့များမှ ပြည်သူများ အပါအဝင် လူဦးရေတစ်သိန်းခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။
၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ''၂ဝဝ၈ ဖွဲ့ စည်းပုံအခြေခံဥပဒေက ပြည်သူတွေထောက် ခံတဲ့ ပြည်သူ့ဆန္ဒကို ရောင်ပြန်ဟပ်တယ် ဆိုတာ ယုံကြည်မှုရှိတယ်ဆိုရင် နောက်တစ် ကြိမ် ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် နဲ့ မျှမျှတတဖြစ်အောင် ပြန်လုပ်ပေးပါ။ အဲဒီ လို ဆန္ဒခံယူလို့ ရေးဆွဲထားတဲ့ဥပဒေကို ပြည်သူတွေက တကယ်လက်ခံခဲ့တယ်ဆိုရင် ပြည်သူ့ဆန္ဒနဲ့အညီ ကျွန်မတို့ကလဲ ဒီအခြေ ခံဥပဒေကို လက်ခံရမှာပေါ့''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။
''ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး တဲ့ အရေအတွက်က ၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ထောက်ခံခဲ့တဲ့ ပြည်သူတွေ လောက် မရှိဘူးလို့ပြောကြပါတယ်။ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ထိုးတဲ့နေ ရာမှာ ကြောက်ကြောက်နဲ့ မထိုးရတဲ့သူတွေ ရှိကြပါတယ်။ ပြည်သူတွေမှာ စိုးရိမ်ကြောင့် ကြမှုတွေ ရှိတယ်ဆိုတာကိုပြသတာပဲ။ ဒီလို ကိုယ့်ရဲ့ ဆန္ဒကိုတောင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်မပြရဲလောက်အောင် စိုးရိမ် ကြောင့်ကြနေရတဲ့နိုင်ငံမှာ ဒီမိုကရေစီအခွင့် အရေးကို ပြည့်ပြည့်ဝဝရတယ်လို့ ဘယ်လို လုပ်ပြောနိုင်မလဲ''ဟု ဆက်ပြောသည်။

- Flower News ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၇)။
Yangon Media Group

No comments:

Post a Comment