Monday, July 14, 2014

အသံတိတ်ဆန္ဒ ထုတ်ဖော်ခဲ့သည့် သတင်းထောက် ၅ဝခန့်ကို ပုဒ်မ-၁၈ဖြင့် ကမာရွတ်ရဲစခန်းက အမှုဖွင့်

ရန်ကုန်၊ ဇူလိုင် ၁၃- နိုင်ငံတော် သမ္မတကို အသံတိတ်ဆန္ဒထုတ်ဖော် ခဲ့သည့် သတင်းထောက် ၅ဝခန့်ကို ပုဒ်မ-၁၈ဖြင့် အမှုဖွင့်စွဲဆို ထားကြောင်း ကမာရွတ်ရဲ စခန်းမှ ဒုရဲအုပ်ဟန်ထွန်း အောင်က ဒီမိုကရေစီတူဒေးသို့ အ တည်ပြုပြောကြား လိုက်သည်။
''အမှုဖွင့်ထားပါတယ်။ မရွှေမှုံ ပါ ၅ဝကို အမှုဖွင့်ထားပါတယ်''ဟု ဒုရဲအုပ် ဟန်ထွန်းအောင်က ပြော သည်။


ဇူလိုင် ၁၂ရက် တွင် မြန်မာ့ငြိမ်း ချမ်းရေး စင်တာ (MPC) တွင်ပြုလုပ် သည့် သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် Unity ဂျာနယ်မှ အမှု ဆောင်အရာ ရှိချုပ်နှင့် သတင်းထောက် များအား အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ် ခဲ့ခြင်းနှင့် ပတ်သက်ပြီး သ တင်းမီဒီယာများက MPC ရှေ့နှင့် ဦးဝိစာရ လမ်းပေါ်တွင် ဆန္ဒထုတ် ဖော်ခဲ့ခြင်းဖြစ်သည်။

ယင်းသတင်းထောက် ၅ဝခန့်ကို ကမာရွတ်မြို့နယ်ရဲစခန်းမှူး ဦးမောင် မောင်ဦးက တရားလိုပြုလုပ်၍ အမှု ဖွင့်ထားခြင်းဖြစ်ပြီး ယင်းအမှုကို ၎င်း ကိုယ်တိုင် အမှုစစ် အဖြစ်ပြုလုပ်သွား မည်ဖြစ်သောကြောင့် စစ်ဆေးမှုအ ပိုင်းအား မည်သည့် အချိန်တွင်စတင် မည်ကို ပြောဆို၍ မရနိုင်ကြောင်း ဒုရဲအုပ် ဟန်ထွန်းအောင်က ပြော သည်။

''ဘယ်အချိန် တရားဝင်စာပို့ပြီး စစ်မလဲဆိုတာကိုတော့ မသိသေးဘူး'' ဟု ၎င်းကဆိုသည်။ ဆန္ဒထုတ်ဖော်ရာ တွင် မပါဝင် ခဲ့သော် လည်း ရဲတပ်ဖွဲ့၏ ပုဒ်မ-၁၈ ဖြင့်တရားစွဲဆိုထားသည့် သတင်း ထောက် ၅ဝစာရင်းတွင် မိမိပါဝင်နေ ကြောင်း ပြည်တွင်း သတင်းစာတစ် စောင်မှ အယ်ဒီတာ တစ်ဦးက ပြော သည်။

''သတင်းထောက် ၅ဝခန့်စာရင်း မှာ ကျွန်တော်အရင်လုပ်ခဲ့တဲ့သတင်း ဌာနနာမည်နဲ့တွဲပြီး ကျွန်တော့်နာမည် ပါနေလို့ ဒီနေ့မနက်ပဲ ကမာရွတ်စခန်း မှာ သွားရှင်းခဲ့ရသေးတယ်။ စိစစ်ဦး မယ်လို့ပဲသိရတယ်''ဟု ၎င်းကပြော သည်။
သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲတွင် 'မီဒီယာဖိနှိပ်မှုရပ် "stop killing press" စာသားပါ တီရှပ် အကျီ င်္ များဝတ်ဆင်ထားသည့် သတင်း ထောက်များသည် အဆိုပါသတင်း ကို ဝင်ရောက်ရယူခွင့် မရရှိခဲ့ကြောင်း သိရသည်။

Unity ဂျာနယ်မှသတင်းထောက် များ အလုပ်နှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဆု တောင်းပွဲကို ဇူလိုင် ၁၁ရက် ဝါဆိုလ ပြည့်နေ့က ရွှေတိဂုံဘုရားအရှေ့ ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် သတင်းမီဒီယာများစုပေါင်း၍ပြုလုပ် ခဲ့ကြပြီးနောက် ဇူလိုင် ၁၂ရက်တွင် သမ္မတနှင့် အနုပညာရှင်များတွေ့ ဆုံပွဲတွင် အသံတိတ်ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment