Tuesday, July 15, 2014

ပညာရေးဘွဲ့ကို အဝေးသင်စနစ်ဖြင့် သင်ကြားပေးရန် စီစဉ်နေ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား များအား လာမည့်ပညာသင်နှစ် တွင် ပညာရေးတက္ကသိုလ်များမှ ပညာရေးဘွဲ့(B.Ed)ကို အဝေး သင်စနစ်ဖြင့် သင်ကြားပို့ချရန် စီ စဉ်နေကြောင်း သတင်းရရှိသည်။

ကျောင်းသား၊ ဆရာအချိုး ကွာဟချက်မြင့်မားနေမှုကို လျှော့ ချနိုင်ရန် ပညာရေးဘွဲ့ကို အ ဝေးသင်စနစ်ဖြင့် သင်ကြားပို့ချ ရန် စီစဉ်နေခြင်းဖြစ်ပြီး အငြိမ်း စားပညာရေးပညာရှင်များက ပြန် လည်စဉ်းစားသုံးသပ်ရန် အကြံပြု ထားကြောင်း သိရသည်။

‘‘ပညာရေးဘွဲ့ကို အဝေး သင်ပေးဖို့ သူတို့အစီအစဉ်တွေ လုပ်နေတယ်။ ဆရာတို့က အ ဝေးသင်နဲ့တော့
သိပ်အားမရဘူး။ E Learning (အီလစ်ထရွန်နစ် နည်းပညာဖြင့် သင်ယူမှု) နဲ့မှ သဘောကျတယ်ပေါ့။ အငြိမ်း စား ပညာရေးပညာရှင်တွေက တော့ ပြန်လည်စဉ်းစားဖို့ပြောတာ ပေါ့။ လာမယ့်နှစ်မှာ လုပ်ဖို့ စီ စဉ် နေတာပါ’’ဟု ရန်ကုန်ပညာရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခ ချုပ် ဒေါက်တာခင်ဇော်က ပြော သည်။ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သော ကျောင်းသား များအား အဝေးသင်ပညာရေးဘွဲ့ ပေးအပ်ရေးအတွက် ဇူလိုင်လ ၁၄ ရက်က ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် အငြိမ်းစား ပညာရှင်များ တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

 ‘‘ဒီအတိုင်း သင်နေတာ တောင် မတတ်တာ။ စာပေး၊ စာ ယူဆို ပိုတောင်မတတ်တော့ဘူး ပေါ့။ ရိုးရိုးအဝေးသင်ဘွဲ့ရတွေ ကို ဘယ်လိုသဘောထားကြလဲ ကြည့်လေ။ ဆရာတွေ အရမ်းလို နေတာနဲ့ပဲ ရှေ့၊ နောက်မကြည့် ဘဲ လုပ်နေကြတာပါ။ ဆရာ ကောင်းကောင်း လိုချင်ရင် ကောင်းကောင်းသင်၊ လစာများ များပေးလေ’’ဟု ရန်ကုန်ပညာ ရေးတက္ကသိုလ်၊ အငြိမ်းစား ဒုတိယပါမောက္ခချုပ်တစ်ဦးက ပြော ကြားသည်။

လက်ရှိအချိန်တွင် ပညာရေးတက္ကသိုလ်များတွင် ပညာရေး ၀န်ထမ်းဆရာ၊ ဆရာမများအားစာပေး၊ စာယူသင်တန်းဖြင့် ပညာ ရေးဘွဲ့ ပေးအပ်နေပြီး ယခုအခါ တက္ကသိုလ်ဝင် စာမေးပွဲအောင် မြင်သူများကို စာပေး၊ စာယူသင် တန်းပို့ချရန် စီစဉ်နေခြင်းဖြစ် သည်။

 ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ် ရေးလုပ်ငန်း(CESR) တွင် ပညာ ရေးဘွဲ့(B.Ed) စာပေး၊ စာယူ သင်တန်းသားများသည် စာစဉ် များကို ကိုယ်စားဖြေဆိုခြင်း၊ ကူး ချခြင်း၊ စစ်ဆေးသော မေးခွန်း များ၏ အရည်အသွေးနိမ့်ကျခြင်း စသည့်အချက်များကြောင့် သင် တန်းအရည်အသွေးနိမ့်ကျနေ ကြောင်း ဝေဖန်သုံးသပ်ထား သည်။

မြန်မာနိုင်ငံရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား၊ ဆရာအချိုး ကွာဟချက်မြင့်မား နေသလို မကြာမီတွင် အခြေခံ ပညာသင်နှစ်များကို တိုးမြှင့်ရန် စီစဉ်နေခြင်းကြောင့် ဆရာ၊ ဆရာမ လိုအပ်ချက် ပိုမိုမြင့်မား လျက်ရှိသည်။

7 Day Daily

No comments:

Post a Comment