Wednesday, July 23, 2014

‘ငြိမ်းချမ်းရေး’က ဘယ်သူ့အတွက်လဲ

Photo: ‘ငြိမ်းချမ်းရေး’က ဘယ်သူ့အတွက်လဲ
Wednesday, July 23, 2014

နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများ၏ ဆိုးကျိုးကို အဓိကခံစားနေရသူများမှာ အမျိုးသမီးနှင့် ကလေးငယ် အများစုအပါအဝင် ပြည်သူလူထုပင်ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆက်တိုက်ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း အဓိကထားဆွေးနွေးနေကြပြီး ပြည်သူလူထု၏အသံမှာ တိုးတိတ်နေဆဲဖြစ်ပါသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် လာမည့်ဆွေးနွေးပွဲများတွင် ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်သည့် လူထုကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေးမှာ မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြပြောဆိုမှုများ၊ တောင်းဆိုမှုများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူပါဝင်မှု အခန်းကဏ္ဍ ပျောက်ကွယ်နေပြီး အစိုးရအဆက်ဆက် အောင်မြင်မှုမရှိသော အပစ်အခတ်ရပ်စဲရေးများနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ယခုကဲ့သို့ပြောသည်။

‘‘နိုင်ငံခြားသံတမန်ဧည့်သည်တွေနဲ့ တွေ့တုန်းက ရယ်စရာမဟုတ်ပေမယ့် ကျွန်တော်က ရယ်စရာလိုမျိုးပြောခဲ့တယ်။ cease fire ဆိုတာ cease လုပ်လိုက် fire လုပ်လိုက်၊ cease လုပ်လိုက် fire လုပ်လိုက် ကျွန်တော်တို့နိုင်ငံဟာ ဒီလိုမျိုး သံသရာလည်နေခဲ့တာ ကြာပြီလို့’’ဟု ဦးကိုကိုကြီးက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်မှုဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ယမန်နှစ်အတွင်းမှစတင်၍ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့သည်။ သို့ရာတွင် အစိုးရနှင့် တိုင်းရင်းသားတို့ကြား ပြုလုပ်သည့် ဆွေးနွေးပွဲများတွင်သာမက တိုင်းရင်းသားအဖွဲ့များသာပါဝင်သည့် ညီလာခံများ၌ပါ စစ်ပွဲ၏ဒဏ်ကို အဓိကခံစားနေရသော အမျိုးသမီးများအပါအဝင် ပြည်သူများ၏အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲဖြစ်သည်။

စစ်ပွဲ၏ဆိုးကျိုးများကို တိုက်ရိုက်ခံစားနေကြရသည့် ပြည်သူတို့၏အသံ မပါဝင်သော၊ ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့်မရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ကြန့်ကြာနေမည်ဖြစ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူတို့ပါဝင်နိုင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ယခုကဲ့သို့ မေးခွန်းထုတ်သည်။

‘ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့အတွက်လဲ။ ပြည်သူတွေအတွက် ဆိုတာရော သေချာလား။ သေချာတယ်ဆိုရင် ဘာကြောင့် ပြည်သူတွေ ပါဝင်ခွင့်မရတာလဲ’’ဟု ဆိုသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများပါဝင်ခွင့်မရရုံသာမက သတင်းမီဒီယာပင် အပြည့်အဝသတင်းယူခွင့်မရရှိဘဲ တံခါးပိတ်ဆွေးနွေးကြသည်မှာလည်း အကြိမ်တိုင်းလိုလိုပင်။ ပွင့်လင်းမြင်သာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ဆက်တွဲရလဒ်ကို ပြည်သူများက တိုက်ရိုက်ခံစားရပုံနှင့်ပတ်သက်၍ ဦးကိုကိုကြီးက ယခုကဲ့သို့ထောက်ပြသည်။

‘‘အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် ဘယ်လိုဖြစ်နေလဲ။ ဘာတွေ သဘောတူခဲ့လဲ။ ပြည်သူတွေက ဘာမှမသိဘူး၊ ဘာမှလည်း ဆွေးနွေးခွင့်၊ ဝင်ရောက်အကြံပေးခွင့် မရလိုက်ဘူး။ အဲဒီအပစ်အခတ်ရပ်စဲရေး ပျက်သွားပြီဆိုရင်တော့ ပြည်သူကသိပြီ။ ပြေးရပြီ’’ဟုဆိုသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးသည်။ စစ်ပွဲ၏ဆိုးကျိုးကို တိုက်ရိုက်ခံစားနေရသည့် ပြည်သူများက ၎င်းတို့၏စိုးရိမ်မှုများကို ဆွေးနွေးပွဲများတွင် တင်ပြနိုင်မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ခိုင်မာမည်ဟုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကဆိုသည်။

‘‘ရေရှည်တည်တံ့တဲ့၊ ခိုင်မာတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုဖြစ်ဖို့က ပြည်သူတွေကိုယ်တိုင်ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ဖို့အတွက် ပြည်သူတွေ ပါဝင်ရခြင်းဖြစ်ပါတယ်’’ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြဲစောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ ကိုဂျော်ဂွန်းကပြောသည်။

နှစ် ၆၀ ကျော် ဖြစ်ပွားနေသော ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ရပ်စဲနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ကြိုးပမ်းအားထုတ်မှုမှာ အရှိန်အဟုန်ကောင်းလျက်ရှိသည်။ လာမည့် ဇူလိုင်လ ၂၄ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကို လိုင်ဇာမြို့တွင် စတင်ပြုလုပ်တော့မည်ဖြစ်သည်။ ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားအဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

နှစ်ဖက်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များက လာမည့် သြဂုတ်(သို့မဟုတ်) စက်တင်ဘာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြသည်။

သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခအဖြစ် မှတ်တမ်းဝင်နေသော ပြည်တွင်းစစ်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ နိုင်ငံရေးကြောင့်သာဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရန် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ရှုထောင့်ပေါင်းစုံမှ ကျယ်ပြန့်စွာဆွေးနွေးနိုင်မှသာ တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက အကြံပြုသည်။

ယင်းအတွက်ကြောင့်ပင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်တော့မည်ဆိုပါက လက်နက်ကိုင်အဖွဲ့များသက်သက် ပါဝင်ရုံဖြင့်မလုံလောက်ဘဲ ပြည်သူ့အသံကို ထိထိရောက်ရောက် ပြန်ပြောနိုင်မည့် ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်နိုင်ရန်မှာ အရေးကြီးကြောင်း အကြံပြုပြောဆိုမှု ထွက်ပေါ်နေပါသည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးကိုကိုကြီးက ယခုကဲ့သို့ သူ၏အမြင်ကိုပြောပါသည်။

‘‘နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ရောက်ပြီဆိုရင် လက်နက်ကိုင်တွေချည်းပဲ အဓိကဦးစားပေးပြီး ဆွေးနွေးနေမယ်ဆိုရင်တော့ ဂျာအေးသူ့အမေရိုက် ဟိုးအရင် အရင်က အပစ်အခတ်ရပ်စဲရေးတွေလို အစိုးရအဆက်ဆက် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးလိုက်၊ ပျက်လိုက်၊ ဆွေးနွေးလိုက်၊ ပျက်လိုက် ဒီသံသရာပဲ ပြန်လည်နေမှာပဲ’’

ထို့ကြောင့် ပြည်သူ့အသံ တိတ်ဆိတ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများက မည်မျှခရီးပေါက်မည်လဲဆိုသည်ကိုတော့ အချိန်က သက်သေပြပေလိမ့်မည်။ လက်တွေ့တွင် စစ်၏အနိဋ္ဌာရုံနှင့် စစ်ဒဏ်ကြောင့် အသက်ပျောက်၊ အိုးအိမ်ပျောက်ခဲ့ရသူများမှာတော့ ပြည်သူလူထုပင်။

7 Day Daily

စစ်ပွဲများနှင့်ပတ်သက်၍ ပြည်သူများမှာ အဓိကခံစားကြရသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့မှာ နှုတ်ဆိတ်နေရသည် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]
နှစ်ပေါင်း ၆၀ ကျော် ဖြစ် ပွားနေသော ပြည်တွင်း စစ်ပွဲများ၏ ဆိုးကျိုးကို အဓိကခံစားနေရသူများမှာ အမျိုးသမီးနှင့် ကလေးငယ် အများစု အပါ အဝင် ပြည်သူလူထုပင်ဖြစ်သည်။ သို့သော် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ဆက်တိုက်ပြု လုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်း အဓိက ထားဆွေးနွေးနေ ကြပြီး ပြည်သူ လူထု၏အသံမှာ တိုးတိတ်နေဆဲဖြစ် ပါသည်။

ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရရှိရန် လာမည့်ဆွေးနွေးပွဲများတွင် ပြည်သူ့ဆန္ဒကို ဖော်ထုတ်နိုင်သည့် လူထုကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေးမှာ မရှိမဖြစ်လိုအပ်ကြောင်း ထောက်ပြပြောဆို မှုများ၊ တောင်းဆိုမှုများလည်း ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် ပြည်သူပါဝင်မှု အခန်းကဏ္ဍ ပျောက်ကွယ်နေပြီး အစိုးရအဆက်ဆက် အောင်မြင်မှုမရှိသော အပစ်အခတ်ရပ်စဲရေးများနှင့် စပ်လျဉ်း၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ယခုကဲ့သို့ပြောသည်။

‘‘နိုင်ငံခြားသံတမန်ဧည့်သည်တွေနဲ့ တွေ့တုန်းက ရယ်စရာမဟုတ်ပေမယ့် ကျွန်တော်က ရယ်စရာလိုမျိုးပြောခဲ့တယ်။ cease fire ဆိုတာ cease လုပ်လိုက် fire လုပ်လိုက်၊ cease လုပ်လိုက် fire လုပ်လိုက် ကျွန်တော်တို့နိုင်ငံဟာ ဒီလိုမျိုး သံသရာလည်နေခဲ့တာ ကြာပြီလို့’’ဟု ဦးကိုကိုကြီးက ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်မှုဆွေးနွေးပွဲ၌ ထည့်သွင်းပြောကြား ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကို ယမန်နှစ်အတွင်းမှစတင်၍ ခပ်စိပ်စိပ် ပြုလုပ်လာခဲ့သည်။ သို့ရာတွင် အစိုးရနှင့် တိုင်းရင်းသားတို့ကြား ပြုလုပ်သည့် ဆွေးနွေးပွဲများတွင်သာမက တိုင်းရင်းသားအဖွဲ့များသာပါဝင်သည့် ညီလာခံများ၌ပါ စစ်ပွဲ၏ဒဏ်ကို အဓိကခံစားနေရသော အမျိုးသမီးများအပါအဝင် ပြည်သူများ၏ အခန်းကဏ္ဍမှာ မှေးမှိန်နေဆဲဖြစ်သည်။

စစ်ပွဲ၏ဆိုးကျိုးများကို တိုက်ရိုက်ခံစားနေကြရသည့် ပြည်သူတို့၏အသံ မပါဝင်သော၊ ပြည်သူ့ ကိုယ်စားလှယ်များ ပါဝင်နိုင်ခွင့်မရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ကြန့်ကြာနေမည်ဖြစ်ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများက ထောက်ပြသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်မေစံပယ်ဖြူက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူတို့ပါဝင်နိုင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ ယခုကဲ့သို့ မေးခွန်းထုတ်သည်။

‘ငြိမ်းချမ်းရေးဆိုတာ ဘယ်သူ့အတွက်လဲ။ ပြည်သူတွေအတွက် ဆိုတာရော သေချာလား။ သေချာတယ် ဆိုရင် ဘာကြောင့် ပြည်သူတွေ ပါဝင်ခွင့်မရတာလဲ’’ဟု ဆိုသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်သူများပါဝင်ခွင့်မရရုံသာမက သတင်းမီဒီယာပင် အပြည့်အဝသတင်းယူခွင့်မရရှိဘဲ တံခါးပိတ်ဆွေးနွေးကြသည်မှာလည်း အကြိမ်တိုင်းလိုလိုပင်။ ပွင့်လင်းမြင်သာမှုမရှိသော ငြိမ်းချမ်းရေးဖြစ်စဉ်၏ နောက်ဆက်တွဲရလဒ်ကို ပြည်သူများက တိုက်ရိုက်ခံစားရပုံနှင့် ပတ်သက်၍ ဦးကိုကိုကြီးက ယခုကဲ့သို့ထောက်ပြသည်။

‘‘အပစ်အခတ်ရပ်စဲရေးဖြစ်စဉ် ဘယ်လိုဖြစ်နေလဲ။ ဘာတွေ သဘောတူခဲ့လဲ။ ပြည်သူတွေက ဘာမှမသိဘူး၊ ဘာမှလည်း ဆွေးနွေးခွင့်၊ ဝင်ရောက်အကြံပေးခွင့် မရလိုက်ဘူး။ အဲဒီအပစ်အခတ်ရပ်စဲရေး ပျက်သွားပြီဆိုရင်တော့ ပြည်သူကသိပြီ။ ပြေးရပြီ’’ဟုဆိုသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးသည်။ စစ်ပွဲ၏ဆိုးကျိုးကို တိုက်ရိုက်ခံစားနေရသည့် ပြည်သူများက ၎င်းတို့၏စိုးရိမ်မှုများကို ဆွေးနွေးပွဲများတွင် တင်ပြနိုင်မှသာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ခိုင်မာမည်ဟုလည်း အရပ်ဘက်လူမှုအဖွဲ့အစည်းများကဆိုသည်။

‘‘ရေရှည်တည်တံ့တဲ့၊ ခိုင်မာတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုဖြစ်ဖို့က ပြည်သူတွေကိုယ်တိုင်ပါဝင်ပြီး ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ဖို့အတွက် ပြည်သူတွေ ပါဝင်ရခြင်းဖြစ်ပါတယ်’’ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အမြဲစောင့်ကြည့်နေသူတစ်ဦးဖြစ်သည့် ငြိမ်းဖောင်ဒေးရှင်းမှ ကိုဂျော်ဂွန်းကပြော သည်။

နှစ် ၆၀ ကျော် ဖြစ်ပွားနေသော ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး ပြည်တွင်းစစ်ရပ်စဲနိုင်ရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ကြိုးပမ်းအားထုတ်မှုမှာ အရှိန်အဟုန်ကောင်းလျက် ရှိသည်။ လာမည့် ဇူလိုင်လ ၂၄ ရက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် တတိယအကြိမ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်များညီလာခံကို လိုင်ဇာမြို့တွင် စတင်ပြု လုပ်တော့မည်ဖြစ်သည်။ ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသားအဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

နှစ်ဖက်ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များက လာမည့် သြဂုတ်(သို့မဟုတ်) စက်တင်ဘာတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်နိုင် မည်ဟု မျှော်လင့်ထားကြသည်။

သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခအဖြစ် မှတ်တမ်းဝင်နေသော ပြည်တွင်းစစ်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ နိုင်ငံရေးကြောင့်သာဖြစ်သည်။ ပြည်တွင်းစစ်ရပ်စဲရန် နိုင်ငံရေးနည်းလမ်းအရ အဖြေရှာရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ရှုထောင့်ပေါင်းစုံမှ ကျယ်ပြန့်စွာဆွေးနွေးနိုင်မှသာ တည်တံ့သည့် ငြိမ်းချမ်းရေး ရရှိနိုင်မည်ဟု အရပ်ဘက်လူမှုအဖွဲ့အစည်းများက အကြံပြုသည်။

ယင်းအတွက်ကြောင့်ပင် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်တော့မည်ဆိုပါက လက်နက်ကိုင်အဖွဲ့များ သက်သက် ပါဝင်ရုံဖြင့်မလုံလောက်ဘဲ ပြည်သူ့အသံကို ထိထိရောက်ရောက် ပြန်ပြောနိုင်မည့် ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်နိုင်ရန်မှာ အရေးကြီးကြောင်း အကြံပြုပြောဆိုမှု ထွက်ပေါ်နေပါသည်။

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီး ရေရှည်ခိုင်မာသည့် ငြိမ်းချမ်းရေးရရှိရန်အတွက် ဦးကိုကိုကြီးက ယခုကဲ့သို့ သူ၏အမြင်ကိုပြောပါသည်။

‘‘နိုင်ငံရေးဆွေးနွေးတဲ့ အဆင့်ရောက်ပြီဆိုရင် လက်နက်ကိုင်တွေချည်းပဲ အဓိက ဦးစားပေးပြီး ဆွေးနွေးနေ မယ် ဆိုရင်တော့ ဂျာအေးသူ့အမေရိုက် ဟိုးအရင် အရင်က အပစ်အခတ်ရပ်စဲရေးတွေလို အစိုးရအဆက်ဆက် လက်နက်ကိုင်တွေနဲ့ ဆွေးနွေးလိုက်၊ ပျက်လိုက်၊ ဆွေးနွေးလိုက်၊ ပျက်လိုက် ဒီသံသရာပဲ ပြန်လည်နေမှာပဲ’’

ထို့ကြောင့် ပြည်သူ့အသံ တိတ်ဆိတ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများက မည်မျှခရီးပေါက်မည် လဲဆိုသည် ကိုတော့ အချိန်က သက်သေပြပေလိမ့်မည်။ လက်တွေ့တွင် စစ်၏အနိဋ္ဌာရုံနှင့် စစ်ဒဏ်ကြောင့် အသက်ပျောက်၊ အိုးအိမ်ပျောက်ခဲ့ရသူများမှာတော့ ပြည်သူလူထုပင်။

7 Day Daily

စစ်ပွဲများနှင့်ပတ်သက်၍ ပြည်သူများမှာ အဓိကခံစားကြရသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်းတို့မှာ နှုတ်ဆိတ်နေရသည် [ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)]

No comments:

Post a Comment