Sunday, July 27, 2014

လှိုင်သာယာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်အနီးရှိ မြေကွက်များကို လုပ်ငန်းရှင်များ ဈေးကြီးပေးဝယ်နေ

ရန်ကုန်၊ ဇူလိုင် ၂၅- ရန်ကုန်မြို့ လှိုင်သာယာစက်မှု ဇုန်နှင့် မင်္ဂလာဒုံစက်မှုဇုန်အနီးရှိ မြေကွက်များကို လုပ် ငန်းရှင်များ ဈေးကြီးပေး ဝယ်ယူနေခြင်းကြောင့် ယခု နှစ်ပတ်အတွင်း ယမန်နှစ်ကဈေးထက် သုံးဆခန့်မြင့် တက်လာသည်ဟု အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် များထံမှ သိရသည်။
''ကားလမ်းမဘေးက အိမ်ခြံမြေတွေဆိုရင် လုံးဝ မရောင်းတော့ဘူး။ ဝယ်တဲ့လူတွေကလဲ အရမ်း များလာတယ်။ ပုံမှန်ဈေးထက် ပိုပေးပြီးဝယ်နေကြတာ'' ဟု ဦးဆလိုင်းက ပြောသည်။

လှိုင်သာယာစက်မှုဇုန်အနီးရှိ တစ်ဧကပေါက် ဈေးမှာ ယမန်နှစ်က ကျပ် သိန်း ၅ဝဝ ဝန်းကျင်ခန့်ရှိ ခဲ့ရာမှ ယခုနှစ်ပတ်အတွင်း တစ်ဧက ကျပ်သိန်း ၃ဝဝဝ ဝန်းကျင်အထိ ဈေးခေါ်လာကြောင်း ယင်းက ဆက် ပြောသည်။

မြေဈေးနှုန်း မြင့်တက်လာသဖြင့် ¤င်းတို့အ ကျိုးဆောင်လုပ်ငန်းအနေဖြင့် ယခုနှစ်ပတ်အတွင်း လှိုင်သာယာစက်မှု ဇုန်(၁)၊ (၂)၊ (၃) အနီးရှိမြေကွက် အချို့သာ အရောင်းအဝယ်ဖြစ်သော်လည်း ရွှေလင်ပန်း စက်မှုဇုန်ဘက်ခြမ်းတွင် ဈေးနှုန်းစုံစမ်းခြင်းသာ ရှိသည် ဟုဆိုသည်။

''လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က အစိုးရ က ရွှေလင်ပန်းစက်မှုဇုန် စတင်တည်ထောင်တော့ တစ် ဧက ကျပ်သိန်း ၁၂ဝ ပဲ ပေါက်တယ်။ မြို့နဲ့ဝေးတော့ ဘယ်သူမှ မဝယ်ချင်ကြဘူး။ နောက်တော့ တဖြည်းဖြည်း ဖွံ့ဖြိုးလာတော့ ဝယ်ယူလိုသူတွေ ရှိလာတယ်။ ဝယ်လို အားများတော့ ရောင်းလိုအား တက်လာတာပေါ့။ မနှစ် ကဆို ဈေးက တစ်ဧကကို သိန်း ၉ဝဝ ဝန်းကျင်၊ ၁ဝဝဝ ဝန်းကျင်မှာပဲရှိတယ်။ အခုဆိုရင် သိန်း ၂ဝဝဝ ကျော် ဝန်းကျင်အထိ ပေါက်လာတယ်။ လမ်းပန်းဆက်သွယ် ရေးကအစ နေရာတွေကပါ တိုးတက်လာတော့ အဲဒီ လိုဖြစ်လာတာပါ''ဟု ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေး သောင်းက ဆိုသည်။
လှိုင်သာယာစက်မှုဇုန်နှင့် မင်္ဂလာဒုံစက်မှု ဇုန်အနီးတွင် စီးပွားရေးစီမံကိန်းများ တည်ထောင်မည် ဟု မေလအတွင်းက အစိုးရသတင်းစာများတွင် ဖော်ပြ ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များက ဝယ်ယူရန် စိတ်ဝင်စားလာကြခြင်းဖြစ်ကြောင်း သိရသည်။

''ရင်းနှီးမြှုပ်နှံမှု အများဆုံးကတော့ စက်မှု ဇုန်တွေဖြစ်လို့ တစ်နှစ်ထက်တစ်နှစ် စီးပွားရေး ပွင့်လင်း လာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံလိုသူတွေက ဝင်ရောက်လာ မှာပဲ။ အဲဒီတော့ မြို့တွင်းခြောက်မြို့နယ်က အိမ်ခြံမြေ ဈေးဟာ စီးပွားရေးလုပ်ငန်းတွေရှိတဲ့နေရာက ဈေးတွေ နဲ့ယှဉ်ရင် သိသိသာသာကို လျော့နည်းလာတယ်။ အခု လဲ လှိုင်သာယာစက်မှုဇုန်နဲ့ မင်္ဂလာဒုံစက်မှုဇုန်က အိမ် ခြံမြေဈေးတွေ ထိုးတက်လာတာပါ။ စက်ရုံသစ်ဆောက် လုပ်ဖို့အတွက်ပဲ ဝယ်ယူကြတယ်''ဟု ဖွံ့ဖြိုးရေး အိမ်ခြံ မြေအကျိုးဆောင် ဦးညဏ်ထွန်းက ပြောသည်။

လက်ရှိတွင်လည်း တရုတ်ကုမ္ပဏီနှစ်ခုက လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန်နှင့် လှိုင်သာ ယာစက်မှုဇုန်(၁)တို့တွင် အထည်ချုပ်လုပ်သည့် လုပ် ငန်းများကို လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ယင်းအပြင် ဟောင်ကောင်အခြေစိုက် ကုမ္ပ Kamte Limited, Richest Time Limited, Sinobest Brothers Ltd
နှင့် Garment Factory Limited တို့မှလည်း CMP စနစ် ဖြင့် အထည်ချုပ်လုပ်ခြင်း၊ လက်ပတ်နာရီ အစိတ်အ ပိုင်းများထုတ်လုပ်ခြင်း၊ ရင်ထိုးတံဆိပ်၊ အလှဆင်ပစ္စည်း၊ သော့ချိတ်၊ ဆုတံဆိပ်၊ စားပွဲတင်ပစ္စည်း စသည့်ပစ္စည်း များ ထုတ်လုပ်ခြင်း၊ အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ် သည့် ပန်းထိုးနှင့်ပန်းရိုက်လုပ်ငန်းများကို မင်္ဂလာဒုံ စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်းစက်မှုဇုန် တို့တွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အမျိုးသားစီမံ ကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ဇွန်လ အတွင်း ထုတ်ပြန်ချက်များအရ သိရသည်။

Yangon Media Group

No comments:

Post a Comment