Sunday, July 27, 2014

ယာဉ်တိုက်ပြီးထွက်ပြေးပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်မောင်းခွင့်ပိတ်သိမ်းမည်

ရန်ကုန်၊ ဇူလိုင် ၂၅- ယာဉ်မောင်းများ ယာဉ်တိုက်ပြီးထွက်ပြေးပါက မြန်မာတစ် နိုင်ငံလုံးတွင် ယာဉ်မောင်းနှင်ခွင့်မရအောင် ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ် ဖွဲ့မှ သိရသည်။

''ယာဉ်တော်တော်များများက တိုက်ပြီးထွက်ပြေးကြပါတယ်။ ထွက်ပြေး သွားတဲ့သူက အရင်တုန်းကဆို ရန်ကုန်မှာ တိုက်ရင် မန္တလေးမှာတို့ တခြားပြည်နယ် တွေမှာ ယာဉ်သွားမောင်းနေကြပါတယ်။ ဒါမှမဟုတ် ဟိုက်ဝေးကားတွေသွားမောင်း နေတတ်ပါတယ်။ အခုက မရတော့ပါဘူး။ မြန်မာနိုင်ငံဘယ်နေရာမှာမဆို မောင်းလို့မရ တော့ပါဘူး။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်သိမ်းသွားမှာပါ''ဟု အမှတ်(၂)ယာဉ် ထိန်းရဲဋ္ဌာနမှ ဒုရဲမှူးကြီး လင်းထွဋ်က ပြော သည်။


ဤထုတ်ပြန်ချက်သည် ရန်ကုန် တိုင်း ကညနမှထုတ်ပြန်ခြင်းဖြစ်ပြီး ဇူလိုင် ၂၃ရက်ကတည်းကစတင်ခဲ့ခြင်းဖြစ်သည်။ ''ယာဉ်တိုက်ပြီးမောင်းပြေးမှ လိုင်စင်ပိတ် သိမ်းမှာပါ။ လာအဖမ်းခံတဲ့သူကိုတော့ ယာဉ် ထိန်းဥပဒေအရ အရေးယူမှာပါ။ ပုဒ်မအ နေနဲ့ကတော့ တိုက်မိရင် ၂၇၉ ဆိုပြီးတပ် မှာပါ။ တိုက်ပြီးပြေးသွားရင်တော့ ၂၇၉/ ၂ဝ၂ဆိုပြီးတပ်မှာပါ''ဟု ဒုရဲမှူး မျိုးအောင် မြင့်က ပြောသည်။

ယာဉ်တိုက်မှုများဖမ်းမိရန် ကြန့် ကြာခြင်းမှာ ကားနံပါတ်၊ ကားအမျိုးအစား နှင့် မောင်းနှင်သူများအားမသိရခြင်းကြောင့် ကြန့်ကြာရခြင်းဖြစ်ပြီး ယင်းအချက်များအား သိရှိပါက လိုအပ်သည့်အတိုင်းအတာတစ် ခုအထိသာ ကြာမည်ဖြစ်ကြောင်း သိရသည်။

ယခုလ ၁၄ရက်နေ့မှစတင်ခဲ့ သောယာဉ်လိုင်စင်ပိတ်သိမ်းခြင်းတွင် ၅၁၂ မှုရှိခဲ့ကာ လမ်းပြောင်းပြန်မောင်းမှု ၈၄မှု၊ ယခုလ ၂၃ရက်အထိ ယာဉ်တိုက်ပြေးမှု ၁၁၈မှုရှိပြီး ယခုလအတွင်းဖမ်းဆီးမှု ၂ဝမှု ရှိကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုအား အချိန် တိုအတွင်း ဖမ်းမိရေးသည်အရေးကြီးသည့် အချက်ဖြစ်ကြောင်း ဤသို့ဖမ်းမိစေရန်အ တွက် ပြည်သူများ၏အကြောင်းကြားမှုသည် လည်း လွန်စွာမှအရေးပါကြောင်း ဒုရဲမှူး မျိုးအောင်မြင့်က ဆက်လက်ပြောသည်။

Yangon Media Group

No comments:

Post a Comment