Monday, July 7, 2014

အပစ်ရပ်မူကြမ်း ဇူလိုင်နောက်ဆုံးပတ်တွင် တွေ့ဆုံရန်အစိုးရဘက်မှ အဆိုပြု

ဇူလိုင် ၆ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC)မှ အလုပ်အဖွဲ့နှင့်NCCTဘက်မှ တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံခဲ့ကြပြီး အပစ်ရပ်မူကြမ်း တစ်ခုတည်းကို တတိယအကြိမ်ဆွေးနွေးရန် ဇူလိုင်လနောက်ဆုံး ပတ်တွင် တွေ့ဆုံနိုင်ရန် MPC ဘက်က အဆိုပြုထားသည်ဟု အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက မဇ္ဈိမကို ဇူလိုင် ၆ ရက်တွင် ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့်တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ အပစ်ရပ်မူကြမ်းတစ်ခုတည်းအတွက် မေလက ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီး နောက်တစ်ကြိမ်တွေ့ဆုံရန် ယင်းကဲ့သို့ အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ဦးလှမောင်ရွှေက မဇ္ဈိမကို မိုဘိုင်းဖုန်းမှတစ်ဆင့် ဖြေကြားသည်။

ဦးလှမောင်ရွှေက“ကျွန်တော်တို့ဘက်ကတော့ ဇူလိုင်လနောက်ဆုံးပတ်မှာ တွေ့နိုင်ဖို့အဆိုပြုထားပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ သူတို့ Summit(တိုင်းရင်းသားခေါင်းဆောင်များ ထိပ်သီးညီလာခံ) ပြီးမှ အတည်ပြုနိုင်မယ်ထင်ပါတယ်။ ငြိမ်းချမ်းရေးရဲ့သဘောကတော့ဆွေးနွေးမှုတွေပြုလုပ်ရမယ်။ပြီးတော့ ကျွန် တော်တို့ Political Dialouge(နိုင်ငံရေးဆွေးနွေးပွဲ)တွေသွားရမယ်”ဟု ဆိုသည်။

ဇူလိုင်လကုန်တွင်တွေ့ဆုံဖြစ်ပါက အပစ်ရပ်မူကြမ်းအတွက်တတိယအကြိမ်တွေ့ဆုံမည်ဖြစ်ပြီး နောက်ဆုံး အကြိမ်ဖြစ်လာရန်လည်းမျှော်မှန်းသည်ဟု ၎င်းကဆိုသည်။ တိုင်းရင်းသားခေါင်းဆောင်များဘက်ကမူ မည် သည့်အချိန်တွေ့ဆုံမည်ကို ၎င်းတို့၏ထိပ်သီးညီလာခံပြီးမှ ဆုံးဖြတ်နိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းကဆို သည်။

တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးညီလာခံကိုဇူလိုင်၂၄ မှ၂၆ အထိ ချင်းမိုင်မြို့တွင် ပြုလုပ်သွား ဖွယ်ရှိသည်ဟုလည်း ဦးလှမောင်ရွှေကဆိုသည်။ ယခင်တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီးညီလာ ခံကိုလိုင်ဇာနှင့် လော်ခီးလာတို့တွင်ကျင်းပခဲ့ပြီးဖြစ်သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုယခင်က ဇူလိုင်လကုန်တွင်ရေးထိုးရန် မျှော်မှန်း ထားပြီးလက်ရှိအခြေအနေအရမူ ယင်းသို့မဖြစ်နိုင်ဟုလည်း ဦးလှမောင်ရွှေကဆိုကာ NCCTဘက်က လည်းအမြန်ဆုံးရေးထိုးရန် ဆန္ဒရှိနေကြောင်း၎င်းကဆိုသည်။

“ကျွန်တော်တို့အရင်ကတော့ ဇူလိုင်နောက်ဆုံးပတ်မှာ ရေးထိုးနိုင်ဖို့အဆိုပြုကမ်းလှမ်းထားတယ်။အခု တော့ဇူလိုင်နောက်ဆုံးပတ်မှာထိုးဖို့ခက်သွားပါပြီ” ဟုဆိုသည်။

ဇူလိုင် ၆ ရက်ဆွေးနွေးရာတွင်MPC အ လုပ်အဖွဲ့က ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်တို့ အပါအ၀င် ငါးဦးနှင့်NCCTဘက်ကဒုတိယအဖွဲ့ခေါင်းဆောင်(၁)ပဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအ၀င် ငါးဦးပါဝင်ပြီးဆွေးနွေးမှုမှာ နှစ်နာရီကျော်ကြာမြင့်ခဲ့သည်။

Mizzima

No comments:

Post a Comment