Friday, July 25, 2014

စရဖ ဟုဆိုကာ ဗန်းမော်မြို့ရှိ မြစ်ဆုံတည်းခိုခန်း ဝင်ရောက်အနုကြမ်းစီး

ဗန်းမော်၊ ကချင်ပြည်နယ် ဗန်းမော်မြို့အတွင်းရှိ မြစ်ဆုံတည်းခိုခန်း၌ ဇူလိုင် ၁၇ ရက် ည ၆ နာရီ ဝန်းကျင်တွင် စရဖ အဖွဲ့အစည်းမှဆိုကာ လူလေး ဦးက ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်ရိုက်နှက်မှုတစ် ခုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အခင်းဖြစ်သည့်နေ့တွင် တည်းခို ခန်းပိုင်ရှင် ဒေါ်ခေါန်ဒင်းမှာ တည်းခိုခန်းရှိ မန် နေဂျာ ကိုစိုးစိုးလင်းအား တည်းခိုခန်းအခြေအနေကို ဖုန်းဆက်မေးမြန်းရာ တစ်ဖက်မှ ညစ်ညမ်း စွာ ပြန်လည်ဆဲဆိုသဖြင့် တည်းခိုခန်းသို့ သွား ကြည့်ရာ အရပ်ဝတ်နှင့်လူလေးဦးက စရဖ အဖွဲ့
အစည်းမှဟုပြောဆိုကာ ၄င်းအား ဒူးထောက် ထိုင်ခိုင်းခဲ့ကြောင်း မန်နေဂျာကိုစိုးစိုးလင်းနှင့် လာ ရောက်တည်းခိုသည့် ဧည့်သည်တစ်ဦးကိုလည်း ဒူးထောက်ထိုင်ခိုင်းပြီးနောက် ရိုက်နှက်ခဲ့သည် ဟုသိရသည်။

''ကျွန်မဝင်သွားတော့ အရပ်ဝတ်နဲ့ လူလေး ဦးက မင်းဘယ်သူလဲမေးတော့ ကျွန်မတည်းခိုခန်း ပိုင်ရှင်ပါလို့ ပြောတော့ ငါတို့က စရဖ ကပဲ။ စစ် ဆေးစရာရှိလို့ဆိုပြီး တရားခံထိုင် ထိုင်ခိုင်းတယ်။ စစ်ဆေးတယ်ဆိုရင်လဲ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ ရဲတို့က ဘယ်မှာလဲမေးတော့ ကျွန်မကို ရိုက်ပါတယ်''ဟု ဒေါ်ခေါန်ဒင်းက ပြောသည်။

ထိုလူများက နင်ကဘာကောင်မလဲဟု ပြော ဆိုကာ ဒေါ်ခေါန်ဒင်းကို ပါးရိုက်ခဲ့ကြောင်း၊ ထို့ နောက် ခြေဖြင့်ကန်ကြောင်း၊ ရဲစခန်းသို့ ဖုန်းဆက် ရန် ဒေါ်ခေါန်ဒင်းကကြိုးစားရာ ၄င်း၏ဖုန်းကိုယူ ဆောင်၍ ထို စရဖ ဆိုသူများက ထွက်ပြေးခဲ့ ကြောင်း၊ ထို စရဖ အဖွဲ့အစည်းမှဆိုသည့် တရား ခံနှစ်ဦးအား ဖမ်းဆီးရမိသည်ဟု ၄င်းကဆိုသည်။

''ဖမ်းမိတဲ့နှစ်ယောက်ကို မေးကြည့်တော့ တစ်ယောက်က ထောက်ပို့ ခပရ(၉၃၃)တပ်မှ ဒုတပ်ကြပ်ကျော်ဇေယျာဝင်း အသက် ၃၁ နှစ် ဖြစ် ပြီးတော့ နောက်တစ်ယောက်က ဒုတပ်ကြပ်သက် သက်ထူး အသက် ၃၁ နှစ်တို့ကို ဖမ်းမိတယ်'' ဟု တည်းခိုခန်းမန်နေဂျာကိုစိုးစိုးလင်းက ပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ယောက်မှာ စရဖလက်အောက်ခံ မအိုးမြို့တပ်စွယ်မှ တပ်သားပိုင်စိုးဦး နှင့် ၄င်း၏သူငယ်ချင်းဖြစ်ပြီး ပိုင်စိုးဦးအား ဖမ်းဆီးရမိသည်။

ထိုဖြစ်ရပ်အတွက် အမှုဖွင့်ထား ခြင်းမှာ စစ်တပ်ဆို၍ မုန်းတီးမှုကြောင့် မဟုတ်ဘဲ ၄င်းတို့အပေါ် မတရားနှိပ် စက်သည့်အတွက် အမှုဖွင့်ခြင်းသာ ဖြစ်ကြောင်းနှင့် တပ်မတော်သားများ အနေဖြင့် ပြည်သူအပေါ် ထိုသို့လုပ် ရန်မသင့်ကြောင်း ဒေါ်ခေါန်ဒင်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ် ခေါန်ဒင်းမှ ဗန်းမော်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ ပ-၁၈၅/၁၄ ပြစ် မှုပုဒ်မ ၃၅၄/၃၂၃/၂၉၄/၃၄ အရ အရေးယူထားကာ အမှုစစ်ဒုရဲအုပ်ရဲ မင်းသူမှ စစ်ဆေးနေကြောင်းသိရပြီး ဖမ်းဆီးရမိသူ ဒုတပ်ကြပ်ကျော်ဇေယျာဝင်း ထောက်ပံ့ရေတပ် (၉၃၃)(ဗန်း မော်)နှင့် ဒုတပ်ကြပ် သက်သက်ထူး (ဗန်းမော်) နှင့် စရဖ လက်အောက်ခံ တပ်သားပိုင်စိုးဦးတို့အား ဗန်းမော်မြို့ မရဲစခန်းမှ တပ်ရေးကြည်း ၁၆၉၁၄ ဗိုလ်ကြီးရဲသွေးစံထံသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment