Friday, July 25, 2014

လေယာဉ်ပစ်ဒုံးကျည်များရှိကြောင်း ယူကရိန်းသူပုန်တပ်မှူးဝန်ခံ

မလေးရှားလေကြောင်း MH17 မှ သေဆုံးသူများ၏ရုပ်ကလာပ်များ သယ်ဆောင်လာသောယာဉ်တန်း အင်ဒိုဗင်လေတပ်အခြေစိုက်စခန်းမှ ထွက်ခွာသွားသည်ကို တွေ့ရစဉ် (REMKO DE WAAL/REUTERS)
ဒိုနက်စ်− ရုရှားနိုင်ငံတွင် ထုတ် လုပ်ခြင်းဖြစ်နိုင်ပြီး မလေးရှား လေယာဉ် MH17 ကို ပစ်ချရာ၌ အသုံးပြုခဲ့သော ဒုံးကျည်အမျိုးအစားဟု ဝါရှင်တန်က ပြော ကြားသည့် လေယာဉ်ပစ်ဒုံးကျည်များမှာ ရုရှားလိုလားသော ခွဲထွက်ရေးသမားများ ပိုင်ဆိုင်ထားကြောင်း ယူကရိန်းသူပုန်ခေါင်းဆောင်တစ်ဦးက အတည်ပြုပြော ကြားသည်။

ဇူလိုင် ၁၇ ရက်က ယူကရိန်း နိုင်ငံအရှေ့ပိုင်းတွင် မလေးရှား လေယာဉ် ပျက်ကျခဲ့ပြီးနောက် ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗော့စ်တော့ဗ်တပ်ဖွဲ့ တပ်မှူးအ လက်ဇန်းဒါးခိုဒါကော့ဗ်စကီးက သူပုန်များသည် BUK အမျိုးအ စား လေယာဉ်ပစ်ဒုံးကျည်များ ပိုင်ဆိုင်ထားပြီး ယင်းဒုံးကျည်များ ရှိကြောင်း အထောက်အထားများ ကို ဖယ်ရှားရန် နောက်ပိုင်းတွင် ပြန် လည်ပို့ဆောင်နိုင်သည်ဟု ရိုက်တာ သတင်းဌာနနှင့် ပြုလုပ် ခဲ့ သော တွေ့ဆုံမေးမြန်းမှုတစ်ခု၌ ပြောကြားသည်။

မလေးရှားလေယာဉ်ပစ်ချ မခံရမီ အချိန်ကပင် သူပုန်များ အနေဖြင့် BUK အမျိုးအစား ဒုံး ကျည်အများအပြား လက်ခံရရှိ ထားသည်။

သို့သော် ယင်းလေယာဉ် ပျက်ကျပြီးနောက် ခွဲထွက်ရေးသ မားများ၏ အဓိကအဖွဲ့တစ်ခုဖြစ် သော တစ်ဖက်သတ် ကြေညာ ထားသည့် ဒိုနက်စ်ပြည်သူ့သမ္မတ နိုင်ငံအဖွဲ့က ယင်းကဲ့သို့ လက် နက်များ ပိုင်ဆိုင်ထားခြင်းမရှိ ကြောင်း အကြိမ်ကြိမ်ငြင်းဆိုခဲ့ သည်။

အစိုးရတပ်ဖွဲ့များက ရုရှား လိုလားသော သူပုန်များကို တိုက် ခိုက်လျက်ရှိရာ ဒေသတစ်ခု အတွင်း လေယာဉ်ပေါ် လိုက်ပါလာသူ ၂၉၈ ဦး သေဆုံးခဲ့သည့် လေယာဉ်တစ်စီး ပျက်ကျခဲ့ချိန်မှစ၍ ယင်းလေယာဉ်ကို မည်သည့်ဘက်က ပစ်ချခဲ့သနည်းဆိုသော မေးခွန်းမှာ အငြင်းပွားမှုအများဆုံး ကိစ္စ ဖြစ်လာသည်။

ယင်းလေယာဉ်ကို ခရီးသည်တင် လေယာဉ်တစ်စီးဟု မတွေးမိဘဲ ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များက မှားယွင်းပစ်ချလိုက်ခြင်းဖြစ်သည်ဟု ဝါရှင်တန်က ယုံကြည်ကြောင်း အမေရိကန် ထောက်လှမ်းရေး   အရာရှိများက ပြောသည်။

သို့သော် ခွဲထွက်ရေးသူပုန် ခေါင်းဆောင်များက ယင်းလေ ယာဉ်ကို ၎င်းတို့ ပစ်ချခြင်းမဟုတ် ဟု ဆိုသည်။

ရုရှားနိုင်ငံကလည်း ၎င်းတို့ ပါဝင်ပတ်သက်မှုမရှိဟု ပြော သည်။ သို့သော် လေယာဉ်ပျံသန်းလာစဉ် ယူကရိန်းအစိုးရက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သူပုန်တပ်ဖွဲ့ခေါင်းဆောင် ခိုဒါကော့ဗ်စကီးက ပြောသည်။

—Ref: Reuters

7 Day Daily

No comments:

Post a Comment