Friday, July 25, 2014

လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့

Photo: လိုင်ဇာညီလာခံကို အဓိကတာဝန်ခံ ဆွေးနွေးမည့် ဦးဆောင်ကော်မတီဖွဲ့
Friday, July 25, 2014

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော အဆိုပါ ဦးဆောင်ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဒုတိယဥက္ကဋ္ဌနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း NCCT ထံမှ သိရသည်။

“အပစ်ရပ်စာချုပ်မှာ အစိုးရနဲ့ အဓိက ကွဲလွဲနေတဲ့ မူပိုင်းဆိုင်ရာတွေကို တိုင်းရင်းသား အဖွဲ့တွေအကြား အဆုံးအဖြတ် ယူတဲ့အခါ ဦးဆောင်ကော်မတီက ညှိနှိုင်း ဆုံးဖြတ်ပေးဖို့ပါ” ဟု ကော်မတီ၏ တာဝန်နှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။ 

NCCT အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာ အနေနှင့်မူ အဆိုပါ ဦးဆောင်ကော်မတီတွင် ကော်မတီဝင် တစ်ဦးအဖြစ် ပြန်လည် ပါဝင်သွားမည် ဖြစ်ကြောင်း NCCT က ဆိုသည်။

လိုင်ဇာညီလာခံ၏ ပထမနေ့ အစီအစဉ်ကို တစ်ရက် နောက်ဆုတ်ခဲ့သော်လည်း မူလသတ်မှတ်ထားသည့် ညီလာခံ ကျင်းပရက်များအတိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ရက်ထပ်တိုး ကျင်းပရန် အစီအစဉ် မရှိကြောင်း ညီလာခံ စီစဉ်သူများထံမှ သိရသည်။

NCCT အဖွဲ့ဝင်များ၏ ထိပ်သီးညီလာခံကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပ၍ NCCT အဖွဲ့ဝင် မဟုတ်သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ထပ်တိုးပါဝင်မည့် ညီလာခံကို ဇူလိုင်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ဒုတိယအဆင့် ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

The Voice Weekly ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာတွင် ကျင်းပမည့် တတိယအကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံတွင် အဓိကတာဝန်ခံ ဆောင်ရွက်မည့် ဦးဆောင်ကော်မတီ တစ်ရပ်ကို အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဆွေးနွေးပွဲ စတင်မည့်ရက်ကို ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်နေ့သို့ ရွှေ့ဆိုင်း သတ်မှတ်လိုက်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်သော အဆိုပါ ဦးဆောင်ကော်မတီကို ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်က ဒုတိယဥက္ကဋ္ဌနှင့် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP ဒုတိယဥက္ကဋ္ဌ ဦးခူဦးရယ်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကြောင်း NCCT ထံမှ သိရသည်။

“အပစ်ရပ်စာချုပ်မှာ အစိုးရနဲ့ အဓိက ကွဲလွဲနေတဲ့ မူပိုင်းဆိုင်ရာတွေကို တိုင်းရင်းသား အဖွဲ့တွေအကြား အဆုံးအဖြတ် ယူတဲ့အခါ ဦးဆောင်ကော်မတီက ညှိနှိုင်း ဆုံးဖြတ်ပေးဖို့ပါ” ဟု ကော်မတီ၏ တာဝန်နှင့် ပတ်သက်၍ NCCT အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါက်တာဆလိုင်းလျန်မှုန်းက ရှင်းပြသည်။

NCCT အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဦးနိုင်ဟံသာ အနေနှင့်မူ အဆိုပါ ဦးဆောင်ကော်မတီတွင် ကော်မတီဝင် တစ်ဦးအဖြစ် ပြန်လည် ပါဝင်သွားမည် ဖြစ်ကြောင်း NCCT က ဆိုသည်။

လိုင်ဇာညီလာခံ၏ ပထမနေ့ အစီအစဉ်ကို တစ်ရက် နောက်ဆုတ်ခဲ့သော်လည်း မူလသတ်မှတ်ထားသည့် ညီလာခံ ကျင်းပရက်များအတိုင်း ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး ရက်ထပ်တိုး ကျင်းပရန် အစီအစဉ် မရှိကြောင်း ညီလာခံ စီစဉ်သူများထံမှ သိရသည်။

NCCT အဖွဲ့ဝင်များ၏ ထိပ်သီးညီလာခံကို ဇူလိုင်လ ၂၅ ရက်မှ ၂၆ ရက်နေ့အထိ ကျင်းပ၍ NCCT အဖွဲ့ဝင် မဟုတ်သော အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ ထပ်တိုးပါဝင်မည့် ညီလာခံကို ဇူလိုင်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ဒုတိယအဆင့် ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment