Monday, July 7, 2014

ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည်ခန့်အပ်ရန် စီစဉ်

ပညာရေးဝန်ကြီးဌာန သည် ပင်စင်ယူသွားသော ပညာ ရှင် ဆရာ၊ ဆရာမများအား ဆန္ဒ အလျောက် ပြန်လည်တာဝန် ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင် ရွက်နေကြောင်း ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ပြောသည်။

ဆရာ၊ ဆရာမ အင်အား နည်းပါးနေခြင်းကြောင့် အခြေခံ နှင့် အဆင့်မြင့်ပညာကဏ္ဍနှစ် ရပ်စလုံးတွင် ပင်စင်ယူသွားသော ဆရာ၊ ဆရာမများ ပြန်လည် တာဝန်ထမ်းဆောင်နိုင်ရန် အစီ အစဉ်များ ရေးဆွဲနေကြောင်း ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ တွင် ပြုလုပ်သော အခြေခံကဏ္ဍ ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၌ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးကပြောကြားသည်။

‘‘ဆရာ၊ ဆရာမ အင်အား နည်းနေတဲ့အတွက် ပင်စင်ယူသွားတဲ့ ဆရာကြီး၊ ဆရာမကြီးတွေ ကို ဆန္ဒအလျောက် တာဝန်ထမ်း ဆောင်စေဖို့ပါ။ ထပ်မံသက်တမ်း တိုးပြီးတော့ ပြန်လည်တာဝန် ထမ်းဆောင်စေတဲ့ အစီအစဉ်ရေး ဆွဲဖို့ ဖြစ်ပါတယ်။ ဒါတွေကို အ ဆင့်မြင့်မှာလည်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံမှာလည်း ဒါကို အဖြေရတဲ့အထိ ဆွေးနွေးဖို့ လိုပါတယ်’’ ဟု ဒေါက်တာဒေါ်ခင်စန်းရီက နှီးနှောဖလှယ်ပွဲ တက်ရောက်လာသော အခြေခံပညာကဏ္ဍမှ တာဝန်ရှိသူများအား ပြောသည်။ စစ်အစိုးရ လက်ထက် တွင် အဘက်ဘက်မှ နိမ့်ကျသွား သော ပညာရေးကဏ္ဍ၌ ပညာ ရေးကျွမ်းကျင်သူများ၊ ပညာရပ် ကျွမ်းကျင်သူများ မျိုးဆက်ပြတ် မှုအခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း ပညာရေးလေ့လာသူ များက ဝေဖန်သုံးသပ်နေကြသည်။

‘‘ပညာရှင်ရှားနေလို့ပေါ့။ နောက်တစ်ခုက ရှေ့ကပညာရှင် တွေက အင်္ဂလိပ်လို ပိုကျွမ်းတော့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ပြော နိုင်၊ ဆိုနိုင်၊ ဆွေးနွေးနိုင်တယ် လေ။ အခုက အဲဒီလောက် မပြောနိုင်ကြဘူး’’ ဟု မြန်မာနိုင်ငံ ၀ိဇ္ဇာ နှင့် သိပ္ပံပညာရှင်အဖွဲ့မှ ပညာရှင်တစ်ဦးက ၎င်း၏အမြင်ကို ပြော ကြားသည်။

သမ္မတဦးသိန်းစိန် လမ်းညွှန် မှုဖြင့် သမ္မတရုံးဝန်ကြီးဦးတင်နိုင် သိန်းဦးဆောင်သည့် လက်တွေ့ ကျသော ပညာရေးမြှင့်တင်မှု ကော်မတီ အကြံပေးအဖွဲ့နှင့် အထူးလုပ်ငန်းအဖွဲ့များတွင် လည်း အငြိမ်းစားပညာရှင်အများ အပြားသည် စေတနာ့ဝန်ထမ်းအ ဖြစ် ပါဝင်ဆောင်ရွက်ပေးခဲ့ကြ သည်။

‘‘ပညာရေးအတွက်မို့ လာ တော့ လာပေးနေပေမယ့် စောင့် တော့ ကြည့်ရဦးမယ်။ တို့တွေကို ဦးနှောက်ဖောက်စားရုံပဲဆိုရင် တော့ မသွားတော့ဘူး’’ဟု ပညာ ရေး မြှင့်တင်မှုလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းပါဝင်ဆောင်ရွက်နေ သော အငြိမ်းစား ပါမောက္ခတစ်ဦး ကပြောသည်။

7 Day Daily

No comments:

Post a Comment