Monday, July 7, 2014

မန္တလေးမြို့ တည်ငြိမ်လာသော်လည်း လုံခြုံရေး ဆောင်ရွက်ပေးထားဟု နယ်လုံဝန်ကြီးဆို

မန္တလေးမြို့သည် ဇူလိုင်လ ၆ ရက်၌ တည်ငြိမ်လာပြီဖြစ်သော်လည်း ပဋိပက္ခ ဖြစ်ပွား ခဲ့ရာနေရာများတွင် စောင့်ကြည့် လုံခြုံရေးအဖွဲ့များ ဧရိယာအလိုက် လုံခြုံရေးဆောင်ရွက်ပေးထားကြောင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

“မန္တလေးမြို့ တည်ငြိမ်နေပါတယ်။ လွတ်လပ်စွာ သွားလာလို့ရပါတယ်။ ဧရိယာအလိုက် လုံခြုံရေး ဆောင်ရွက်ပေးနေတယ်။ နေရာအနှံ့ ချထားပေးလို့ မရပါဘူး။ စနစ်တကျ
စီမံခန့်ခွဲဆောင်ရွက်နေပါတယ်။ ကြားတာနဲ့ အမြန်ဆုံးဖြေရှင်းဆောင်ရွက် ပေးသွားမယ်”ဟု နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။

ပဋိပက္ခဖြစ်ပွားခဲ့ရာ နေရာများတွင်လည်း အထက်မှ ညွှန်ကြားချက်အတိုင်း အုပ်ချုပ်ရေးမှူးရုံးက စောင့်ကြည့် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည်ဟု ပုသိမ်ကြီးမြို့နယ်ရှိ ကြာနီကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အထက်က ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ အလှည့်ကျ စောင့်ကြည့်စနစ်နဲ့ လုံခြုံရေးယူ ထားပါတယ်။ အဓိကကတော့ ပဋိပက္ခထပ်မံ မဖြစ်ပွားဖို့နဲ့ ကြိုတင်ကာကွယ်တဲ့ သဘောပါ”ဟု ဦးတင်ဝင်းက ပြောသည်။

ထိုသို့ လုံခြုံရေးဆောင်ရွက်ရာတွင် ကျေးရွာအထောက်အကူပြုအဖွဲ့များ ရပ်မိရပ်ဖများနှင့် ကျေးရွာရပ်ကွက် လူငယ်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမည့် အရိပ်အယောင် တွေ့ရှိပါက ကြိုတင်ကာကွယ်ထိန်းသိမ်းရန် သက်ဆိုင်ရာသို့ တင်ပြကာသက်ဆိုင်ရာကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်။

Mizzima

No comments:

Post a Comment