Monday, July 28, 2014

ထူးထူးဆန်းဆန်း


တရုပ်ပြည်အရှေ့ပိုင်း Shandong စီရင်စု Qingdao တွင် အရှိန်နဲ့မောင်းနေတဲ့ ကွန်တိန်နာတင်လော်လီဟာ မော်တော်ဆိုင်ကယ်ကိုရှောင်ပြီး ၉၀ ဒီဂရီကွေ့လိုက်တဲ့အခါ ကွန်တိန်နာအလေးချိန်ကြောင့်လော်လီမှောက်ပြီးကွန်တိန်နာကဘေးရှိဆလွန်းကားပေါ် ပြုတ်ကျသွားတယ်။
မျက်မြင်သက်သေများက ကားပေါ်ရှိ လူများလုံးဝအသက်မှရှင်နိုင်တော့ဘူးထင်ပေမဲ့ ပြားနေတဲ့ကားထဲကနေ လက်မထောင်ပြတာတွေ့ရပြီး အကူအညီပေးဖို့ အမျိုးသမီးတဦးတောင်းဆိုသံကြားရတယ်။ ဒါကြောင့် မီးသတ်အဖွဲ့ကိုလှမ်းခေါ်ပြီး တန် ၁၀၀ မနိုင်တဲ့ကရိန်နဲ့ကွန်တိန်နာကိုဆွဲမကာ ကားထဲရှိသူများကို ကယ်ဆယ်ရတယ်။ ၆၀ စင်တီမီတာအမြငိ့လောက်တာကျန်ပြီး ဘာကားလဲလို့မှန်းရခက်တဲ့အခြေအနေမှာ ထူးဆန်းစွာအမျိုးသမီးက ကွဲပြဲပြီးထိန့်လန့်နေတာကလွဲလို့ ကြီးကြီးမားမားဒဏ်ရာ မရှိဘူး။ ဘေးရှိ အမျိုးသားက သူမထက်ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ် မရှိဘူး။

မြန်မာပြည်မှာလည်း ကွန်တိန်နာနဲ့ကုန်အပြည့်တင်ကားများ၊ သစ်လုံးတင်ကားများ၊ ဘတ်စ်ကားများအရှိန်နဲ့မောင်းနေလို့ သူတို့နဲ့နီးနီးကပ်ကပ်ရှိမနေအောင် အထူးသတိပြုကြပါ။

ကြေးမုံသတင်းစာ

No comments:

Post a Comment