Wednesday, July 23, 2014

ကိုထွန်းထွန်း အသတ်ခံရမှုဖြစ်စဉ်မှ မသင်္ကာသူခြောက်ဦးကို စစ်ချက်များအရ တရားစွဲတင်နိုင်ပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်

Photo: ကိုထွန်းထွန်း အသတ်ခံရမှုဖြစ်စဉ်မှ မသင်္ကာသူခြောက်ဦးကို စစ်ချက်များအရ တရားစွဲတင်နိုင်ပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်
Wednesday, July 23, 2014

မန္တလေးမြို့တွင် ဆူပူအကြမ်းဖက် ရမ်းကားမှုများ ဖြစ်စေခဲ့သည့် လူသတ်မှုဖြစ်စဉ်ထဲမှ တစ်ခုဖြစ်သော ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ကိုထွန်းထွန်းအသတ်ခံရမှု ဖြစ်စဉ်စစ်ချက်များအရ တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေးချက်များမှ သတင်းရရှိသည်။

အခင်းဖြစ်ပွားသည့် အနီးဝန်းကျင်မှ ရရှိသည့် စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် မျက်မြင်သက်သေများ၊ ပါဝင်ပတ်သက်သူ ခြောက်ဦးအထိ စစ်ဆေးဖော်ထုတ်နိုင်ပြီဖြစ်ကာ ပထမ ရမန်ကာလကုန်ဆုံးချိန်တွင် တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

သို့သော် အဆိုပါအမှုတွင် အဓိက စတင်ကာ ဓားခုတ်မှုကျူးလွန်သူဟု ယူဆရသူများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သို့သော် ယခုလကုန် ဩဂုတ်လဆန်းတွင် တရားစွဲတင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒုရဲမှူးကြီး ဇော်မင်းဦးက ရှင်းပြသည်။

“အခုဖမ်းထားတဲ့ ခြောက်ဦးက တရားရုံးရောက်မှ မျက်မြင်သက်သေ၊ တရားခံစတဲ့ စစ်ဆေးပြီးမှ ကွဲပြားမှာပေါ့။ ကျွန်တော်တို့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ချက်ကတော့ တရားစွဲဖို့လုံလောက်နေပါပြီ။ ဒါပေမဲ့ ပထမရမန်ပြီးလို့ ဒုတိယရမန်ကာလကုန်ရင်တော့ တရားစွဲတင်ရမှာဖြစ်လို့ ကျန်နေတဲ့သူ အားလုံးမိအောင်ဖမ်းရမှာပါ။ တရားမစွဲတင်ခင် ဥပဒေအကြံတောင်းရဦးမှာပါ။ တရားစွဲတင်ချိန်ထိ တရားခံအားလုံးမမိသေးလည်း တရားခံပြေးအဖြစ်နဲ့ စွဲဆိုသွားမှာပါ။ တရားရုံးမတင်မချင်း မသင်္ကာတရားခံလို့ပဲ ပြောရမှာပေါ့” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ကိုထွန်းထွန်းအသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သူများနှင့် ခုတ်ခဲ့သည့်သက်သေခံဓားကို ရရှိထားပြီး ကျူးလွန်သူများ၏ အဝတ်အစားများကိုပါ ခွဲခြားနိုင်ရန် ဓာတ်ခွဲစစ်ဆေးထားကြောင်း သိရသည်။
ဇူလိုင် ၂ ရက် ည ၈ နာရီခန့်က ကိုထွန်းထွန်းနှင့် ကိုထွေးတို့နှစ်ဦးသည် ၈၃ လမ်းအတိုင်းလာရာ ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စု၏ ဝိုင်းဝန်းလုယက်ရိုက်နှက်ဓားဖြင့်ခုတ်ခြင်းခံခဲ့ရသဖြင့်ကို ထွန်းထွန်းသေဆုံးခဲ့ကာပါလာသော ဆိုင်ကယ်ကို ယင်းနေရာအနီးရှိ ဗလီဝင်းအတွင်းသို့ယူကာ ဆိုင်ကယ်ကာဗာကို မီးဖိုထဲထည့်ခဲ့သည်ဟု ကနဦးထွက်ဆိုထားကြောင်း သိရသည်။

Eleven Media Group
မန္တလေးမြို့တွင် ဆူပူအကြမ်းဖက် ရမ်းကားမှုများ ဖြစ်စေခဲ့သည့် လူသတ်မှုဖြစ်စဉ်ထဲမှ တစ်ခုဖြစ်သော ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ကိုထွန်းထွန်းအသတ်ခံရမှု ဖြစ်စဉ်စစ်ချက်များအရ တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သော်လည်း အဓိကကျူးလွန်သူဟု ယူဆရသူများ လွတ်မြောက်နေဆဲဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး၏ စစ်ဆေးချက်များမှ သတင်းရရှိသည်။

အခင်းဖြစ်ပွားသည့် အနီးဝန်းကျင်မှ ရရှိသည့် စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် မျက်မြင်သက်သေများ၊ ပါဝင်ပတ်သက်သူ ခြောက်ဦးအထိ စစ်ဆေးဖော်ထုတ်နိုင်ပြီဖြစ်ကာ ပထမ ရမန်ကာလကုန်ဆုံးချိန်တွင် တရားစွဲတင်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။

သို့သော် အဆိုပါအမှုတွင် အဓိက စတင်ကာ ဓားခုတ်မှုကျူးလွန်သူဟု ယူဆရသူများ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း၊ သို့သော် ယခုလကုန် ဩဂုတ်လဆန်းတွင် တရားစွဲ တင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ဒုရဲမှူးကြီး ဇော်မင်းဦးက ရှင်းပြသည်။

“အခုဖမ်းထားတဲ့ ခြောက်ဦးက တရားရုံးရောက်မှ မျက်မြင်သက်သေ၊ တရားခံစတဲ့ စစ်ဆေးပြီးမှ ကွဲပြားမှာပေါ့။ ကျွန်တော်တို့ ရဲ လုပ်ထုံးလုပ်နည်းအတိုင်း စစ်ချက်ကတော့ တရားစွဲဖို့လုံလောက်နေပါပြီ။ ဒါပေမဲ့ ပထမရမန်ပြီးလို့ ဒုတိယရမန်ကာလကုန်ရင်တော့ တရားစွဲတင်ရမှာဖြစ်လို့ ကျန်နေတဲ့သူ အားလုံးမိအောင်ဖမ်းရမှာပါ။ တရားမစွဲတင်ခင် ဥပဒေအကြံတောင်းရဦးမှာပါ။ တရားစွဲတင်ချိန်ထိ တရားခံအားလုံးမမိသေးလည်း တရားခံပြေးအဖြစ်နဲ့ စွဲဆိုသွားမှာပါ။ တရားရုံးမတင်မချင်း မသင်္ကာတရားခံလို့ပဲ ပြောရမှာပေါ့” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ကိုထွန်းထွန်းအသတ်ခံရမှုတွင် ပါဝင်ပတ်သက်ခဲ့သူများနှင့် ခုတ်ခဲ့သည့်သက်သေခံဓားကို ရရှိထားပြီး ကျူးလွန်သူများ၏ အဝတ်အစားများကိုပါ ခွဲခြားနိုင်ရန် ဓာတ်ခွဲစစ်ဆေးထားကြောင်း သိရသည်။
ဇူလိုင် ၂ ရက် ည ၈ နာရီခန့်က ကိုထွန်းထွန်းနှင့် ကိုထွေးတို့နှစ်ဦးသည် ၈၃ လမ်းအတိုင်းလာရာ ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စု၏ ဝိုင်းဝန်းလုယက်ရိုက်နှက်ဓားဖြင့်ခုတ်ခြင်းခံခဲ့ရသဖြင့်ကို ထွန်းထွန်းသေဆုံးခဲ့ကာပါလာသော ဆိုင်ကယ်ကို ယင်းနေရာအနီးရှိ ဗလီဝင်းအတွင်းသို့ယူကာ ဆိုင်ကယ်ကာဗာကို မီးဖိုထဲထည့်ခဲ့သည်ဟု ကနဦးထွက်ဆိုထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment