၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ ည ၉ နာရီခွဲချိန် ပဲခူးတိုင်းဒေသကြီး၊
ရေတာရှည် မြို့နယ်၊ ညောင်ကြပ်ကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၂၀၈/၅-၆)ကြားတွင်
ဆီဘောက်ဆာ ယာဉ်(၁)စီး ကားလမ်း၏ယာဘက်ခြမ်း မြေသားလမ်းပေါ်သို့
ကန့်လန့်ဖြတ်လဲကျ တိမ်းမှောက်ပြီး မီးလောင်နေသဖြင့် မြို့လှနယ်မြေရဲစခန်းမှ
တပ်ဖွဲ့ဝင်များက ကျေးရွာ မီးသတ်တပ်ဖွဲ့ ၀င်များ၊ ရေတာရှည်
မြို့နယ်မီးသတ်ဦးစီးဌာနနှင့်
ဆွာမြို့နယ် မီးသတ်တပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များနှင့် အတူ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊
သန်လျင်မြို့နယ်နေ ကျော်ရွှေ မောင်းနှင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊
တောင်သာ မြို့နယ်၊ တံတားအရှေ့ကျေးရွာနေ ယာဉ်နောက်လိုက်
စိုးသန်း(၂၀)နှစ်လိုက်ပါလာသော ၁င/xxxx နစ်ဆန်း(၂၂)ဘီး ဆီသယ်ယာဉ်သည်
အခင်းဖြစ်နေရာသို့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ရှိ
ကြံခင်းအတွင်းသို့ ထိုးကျတိမ်းမှောက်၍ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။ ထိုသို့ ဆီသယ်ယာဉ်တိမ်းမှောက်မီးလောင်ကျွမ်းစဉ် ယာဉ်မောင်း
ကျော်ရွှေမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး စိုးသန်းတွင်
ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မြို့လှ
တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ဖြစ်စဉ်နှင့်ပတ်သက်၍
မြို့လှနယ်မြေရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၈၅ ဖြင့်
အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်နေသူ ကျော်ရွှေအား
ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။မြ၀တီ
No comments:
Post a Comment