Wednesday, July 9, 2014

တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ

Photo: တစ်ရွာလျှင် ငွေ (၁၀) သိန်း RCSS/SSA အဖွဲ့မှ တောင်းခံ
Wednesday, July 9, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာများတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။

“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊ ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာ များတွင် ဇူ ၇ ရက်နေ့၌ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည်တပ်မတော် (RCSS/SSA ) အဖွဲ့မှ တစ်ရွာလျှင် ငွေ (၁၀) သိန်းတောင်းခံထားကြောင်း ယင်းဒေသခံများထံမှ သိရ သည်။
“ အုပ်ချုပ်ရေးမှူးကို ခေါ်ပြောတာလား၊ ဖုန်းဆက်ပြောလား မသိဘူး၊ ရွာထဲမှာတော့ ငွေကောက်တယ်၊ တစ်အိမ်ကို အနည်းဆုံး ငါးသောင်းထည့်ရမယ်၊ ရွာသားတွေက မပေး နိုင်ဘူးလို့ ငြင်းနေကြတယ်၊
ဘယ်လိုဖြစ်လာဦးမလဲ မသိဘူး ” ဟု ဘော်ကြိုရွာသားတစ်ဦးက ပြောသည်။

RCSS/SSA အဖွဲ့မှ ဘော်ကြိုကျေးရွာအပါအ၀င် ပတ်ဝန်းကျင်ကျေးရွာများအား တစ်ရွာလျှင် (၁၀) သိန်းခန့်ဖြင့် ဇူလိုင်လ ကုန်အပြီး ပေးရန် တောင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

“ ရွာသူရွာသားတွေက ကြောက်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းမပေးရဲဘူးလေ၊ အဲဒါကိုအခွင့်ကောင်း ယူပြီး အုပ်ချုပ်ရေး မှူးတွေ ငွေကောက်နေတာ၊ မနေ့ကလာတဲ့ ရွာသားတစ်ယောက်ဆိုရင် ငွေ မပေးနိုင်လို့ ခဏ ရှောင် လာရတယ်လို့ပြောတယ်၊ မိသားစု စားဝတ်နေရေး ကြပ်တည်းတဲ့လူတွေကျတော့ ငွေငါးသောင်းဆိုတာ နည်းတဲ့ ပမာဏမှ မဟုတ်တာ၊ တာဝန်ရှိသူတွေက ဖြေရှင်ပေးနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု သီပေါမြို့ခံ ကျောင်းဆရာတစ်ဦး က ဆိုသည်။

အဆိုပါကျေးရွာများ၌ တောင်းခံထားသော ငွေများအား RCSS/SSA အဖွဲ့အမာခံ ဗိန္ဓောဆရာတစ်ယောက်ထံသွားရောက် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ ဟိုမော်ရွာက ဗိန္ဓောဆရာကို သွားသွင်းရမယ်လို့ ပြောတယ်၊ အဲဒီလူက အမာခံလေ၊ ဗိန္ဓောဆရာယောင်ဆောင်ပြီး ဆက်ကြေးကောက်ပေးနေတာ ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

RCSS/SSA အဖွဲ့အား ဆက်ကြေးကောက်ပေးနေသူမှာ သီပေါမြို့နယ်၊ ဘောကြိုအုပ်စု ဟိုမှော်ကျေးရွာ၌ နေထိုင်သော အိုက်စံဖြစ်ပြီး ဗိန္ဓောဆရာအဖြစ် အယောင်ဆောင်ထားကြောင်း၊ ဒေသခံများ၏ လာရောက်တိုင်တန်းမှုကြောင့် နယ်မြေခံ တပ်နှင့် မြို့နယ်ရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးရမိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲစခန်းမှ ရဲအုပ် တစ်ဦးက ပြောကြားခဲ့သည်။

Credit To:စိုင်းလင်းလင်း (သီပေါ)

No comments:

Post a Comment