Wednesday, July 9, 2014

စာချုပ်ချုပ်ဆိုပြီးမှသာ Miss Tourism Internationalပြိုင်ပွဲကို စေလွှတ်မည်ဟု မလှနုထွန်းကဆို

Photo: စာချုပ်ချုပ်ဆိုပြီးမှသာ Miss Tourism Internationalပြိုင်ပွဲကို စေလွှတ်မည်ဟု မလှနုထွန်းကဆို
Wednesday, July 9, 2014 

မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်၌ ကျင်းပမည့် Miss Tourism International ပွဲ အတွက် Style Plus H မှ မြန်မာကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းအလှမယ်ကို စာချုပ်ဖြင့် စတင် လုပ်ကိုင် သွားမည် ဖြစ်သည်ဟု   National Director ဖြစ်သူ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။
 
" မလေးရှားရောက် မြန်မာတွေ အားပေးဖို့ အတွက် လှနု ဒီပွဲကို လက်ခံ လိုက်တာပါ။ ဒီတစ်ခေါက် တော့ ကော်ပတ်ရုပ်လေးလို လှတဲ့ ကောင်မလေးကို လှနုရွေးချယ် သွားဖို့ စီစဉ် ထားပါတယ်။ ဒီတစ်ခေါက် အလှမယ်ကို လှနု စာချုပ်နဲ့ လုပ်ကိုင်သွားမှာပါ " ဟု ၎င်းက ပြောသည်။
 
Style Plus H မှ စေလွှတ်ခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင် Miss Asia Pacific World 2014 ဆု ရရှိခဲ့ သည့် မေမြတ်နိုးနှင့် မလှနုထွန်းတို့ကြား စာချုပ် စာတမ်းဖြင့် လုပ်ကိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ပြဿ     နာ အနည်းငယ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ အကြောင်းအရာများကြောင့် ယခု Miss Tourism International ပွဲ အတွက် ရွေးချယ်မည့် အလှမယ်ကို စာချုပ်စာတမ်းဖြင့် ချုပ်ဆိုကာ လုပ်ကိုင်သွားမည် ဖြစ်သည်။ Miss Tourism International ပွဲ အတွက် ရွေးချယ် ခံရသူသည် Organization မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက် ရမည် ဖြစ်ပြီး သုံးနှစ် စာချုပ်ဖြင့် လုပ်ကိုင် ရမည် ဖြစ်သည်။
 
ယင်းပွဲစဉ်အတွက် လူရွေးချယ်မှုကို မိုးတွင်း အကုန်ပိုင်း၌ စတင် ပြုလုပ်ရန် စီစဉ်ထားပြီး Style Plus H က သဘောကျသည့် သူကိုတွေ့ရှိပါက အလှမယ် ဂျူးစံသာ နှင့်အတူ တစ်ခါတည်း လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ် သွားမည် ဖြစ်သည်။
 
Miss Tourism International တွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် များသည် အရပ် ၅ပေ ၆လက်မ ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ကြား အိမ်ထောင် မပြုဖူးသူ ဖြစ်ရမည့် အပြင် ကျန်းမာရေး ကောင်းမွန်သည့် သူကို လည်းStyle Plus H တွင် မိတ်ဆွေများ အားလုံး အကြံဥာဏ်များနှင့် အတူ ရွေးချယ် သွားမည် ဖြစ်သည်။
 
"ကျန်းမာရေးကောင်းတဲ့သူမှ အစ်မတို့လေ့ကျင့်ပေးတာကို လိုက်လုပ် နိုင်မှာပါ။ Miss တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ အရာတွေ အားလုံးကို သင်ကြားပေး သွားမှာပါ"ဟု မလှနုထွန်းက ထပ်မံ ပြောသည်။
 
Miss Tourism International ပွဲ ကို မလေးရှားနိုင်ငံတွင် ၁၉၉၄ခုနှစ် ကတည်းက ကျင်းပ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ  စတင်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂ဝ၁၃ခုနှစ် မလေးရှား နိုင်ငံ၌ကျင်းပ ပြုလုပ်ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။
 
Miss Tourism International ပြိုင်ပွဲ ဝင်မည့် အလှမယ် သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားနှင့် ပတ်သက်သည်များကို သိရှိထားရမည် ဖြစ်ခြင်းကြောင့် ယင်းအချက်များနှင့် ကိုက်ညီသည့်သူကို သာအဓိက ထား ရွေးချယ်သွားမည် ဖြစ်သည်။
 
Miss Tourism International ပြိုင်ပွဲသည် ခရီးသွားနှင့် ဆိုင်သည့် ပြိုင်ပွဲ ဖြစ်ရာ ခရီးသွားနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံသို့ National Director မလှနုထွန်းတို့ ဘက်မှ အကူအညီ တောင်းသွား မည် ဖြစ်သည်။ 

Mizzima - News in Burmese
မလေးရှားနိုင်ငံတွင် ဒီဇင်ဘာလကုန်၌ ကျင်းပမည့် Miss Tourism International ပွဲ အတွက် Style Plus H မှ မြန်မာကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ပြီး ၎င်းအလှမယ်ကို စာချုပ်ဖြင့် စတင် လုပ်ကိုင် သွားမည် ဖြစ်သည်ဟု National Director ဖြစ်သူ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

" မလေးရှားရောက် မြန်မာတွေ အားပေးဖို့ အတွက် လှနု ဒီပွဲကို လက်ခံ လိုက်တာပါ။ ဒီတစ်ခေါက် တော့ ကော်ပတ်ရုပ်လေးလို လှတဲ့ ကောင်မလေးကို လှနုရွေးချယ် သွားဖို့ စီစဉ် ထားပါတယ်။ ဒီတစ်ခေါက် အလှမယ်ကို လှနု စာချုပ်နဲ့ လုပ်ကိုင်သွားမှာပါ " ဟု ၎င်းက ပြောသည်။

Style Plus H မှ စေလွှတ်ခဲ့သည့် Miss Asia Pacific World ပြိုင်ပွဲတွင်
Miss Asia Pacific World 2014 ဆု ရရှိခဲ့ သည့် မေမြတ်နိုးနှင့် မလှနုထွန်းတို့ကြား စာချုပ် စာတမ်းဖြင့် လုပ်ကိုင်ခြင်း မရှိခဲ့ခြင်းကြောင့် ပြဿ နာ အနည်းငယ် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာများကြောင့် ယခု Miss Tourism International ပွဲ အတွက် ရွေးချယ်မည့် အလှမယ်ကို စာချုပ်စာတမ်းဖြင့် ချုပ်ဆိုကာ လုပ်ကိုင်သွားမည် ဖြစ်သည်။ Miss Tourism International ပွဲ အတွက် ရွေးချယ် ခံရသူသည် Organization မှ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာ ဆောင်ရွက် ရမည် ဖြစ်ပြီး သုံးနှစ် စာချုပ်ဖြင့် လုပ်ကိုင် ရမည် ဖြစ်သည်။

ယင်းပွဲစဉ်အတွက် လူရွေးချယ်မှုကို မိုးတွင်း အကုန်ပိုင်း၌ စတင် ပြုလုပ်ရန် စီစဉ်ထားပြီး Style Plus H က သဘောကျသည့် သူကိုတွေ့ရှိပါက အလှမယ် ဂျူးစံသာ နှင့်အတူ တစ်ခါတည်း လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ် သွားမည် ဖြစ်သည်။

Miss Tourism International တွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာနိုင်ငံ ကိုယ်စားပြု ပြိုင်ပွဲဝင် များသည် အရပ် ၅ပေ ၆လက်မ ရှိရမည် ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ကြား အိမ်ထောင် မပြုဖူးသူ ဖြစ်ရမည့် အပြင် ကျန်းမာရေး ကောင်းမွန်သည့် သူကို လည်းStyle Plus H တွင် မိတ်ဆွေများ အားလုံး အကြံဥာဏ်များနှင့် အတူ ရွေးချယ် သွားမည် ဖြစ်သည်။

"ကျန်းမာရေးကောင်းတဲ့သူမှ အစ်မတို့လေ့ကျင့်ပေးတာကို လိုက်လုပ် နိုင်မှာပါ။ Miss တစ်ယောက် ရှိသင့် ရှိထိုက်တဲ့ အရာတွေ အားလုံးကို သင်ကြားပေး သွားမှာပါ"ဟု မလှနုထွန်းက ထပ်မံ ပြောသည်။

Miss Tourism International ပွဲ ကို မလေးရှားနိုင်ငံတွင် ၁၉၉၄ခုနှစ် ကတည်းက ကျင်းပ ပြုလုပ်ခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ စတင်ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲတွင် နိုင်ငံတကာမှ အလှမယ် ၄၅ယောက်နှင့် အထက် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြပြီး ၂ဝ၁၃ခုနှစ် မလေးရှား နိုင်ငံ၌ကျင်းပ ပြုလုပ်ခဲ့သည့် Miss Tourism International 2013 ပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ Angeli Dione Gomez က အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

Miss Tourism International ပြိုင်ပွဲ ဝင်မည့် အလှမယ် သည် အင်္ဂလိပ် စာတတ်ကျွမ်းပြီး ခရီးသွားနှင့် ပတ်သက်သည်များကို သိရှိထားရမည် ဖြစ်ခြင်းကြောင့် ယင်းအချက်များနှင့် ကိုက်ညီသည့်သူကို သာအဓိက ထား ရွေးချယ်သွားမည် ဖြစ်သည်။

Miss Tourism International ပြိုင်ပွဲသည် ခရီးသွားနှင့် ဆိုင်သည့် ပြိုင်ပွဲ ဖြစ်ရာ ခရီးသွားနှင့် ပတ်သက်သည့် အကြောင်းအရာများ သိရှိနိုင်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံသို့ National Director မလှနုထွန်းတို့ ဘက်မှ အကူအညီ တောင်းသွား မည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment