Tuesday, August 12, 2014

ရေဘေးကြောင့် လယ်ဧက နှစ်သိန်းကျော် ပျက်စီးဆုံးရှုံး လူဦးရေခြောက်သောင်းခန့် ကယ်ဆယ်ရေးစခန်းရောက်

ယခုရက်ပိုင်းရင်ဆိုင်ခဲ့ ရသော ရေဘေးကြောင့် လယ် မြေဧက နှစ်သိန်းကျော်ရေလွှမ်း နေပြီး လူဦးရေခြောက်သောင်း ခန့် ကယ်ဆယ်ရေးစခန်းများ တွင် ခိုလှုံခဲ့ရကြောင်း သတင်းရရှိ သည်။ရေမြုပ်နေသည့် လယ်ဧက နှစ်သိန်းကျော်မှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်တို့မှ ဖြစ် ပြီး စိုက်ပျိုးရေးဌာနမှ ၀န်ထမ်း များ ကွင်းဆင်းလေ့လာနေကာ ပျက်စီးလယ်ဧကများအတွက် မျိုးစပါးထောက်ပံ့ပေးရန် ပြင် ဆင်နေကြောင်း စိုက်ပျိုးရေးဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး က ပြောသည်။‘‘ရန်ကုန်မှာဆို ဧက ငါး သောင်းကျော်။ ပဲခူးမှာလည်း ငါးသောင်းကျော်တယ်။ အားလုံး ပျက်စီးသွားတာ မဟုတ်ပါဘူး။ ရေမြုပ်နေတာပါ။ ရေကျဖို့တော့ လိုတာပေါ့။ နုန်းတင်တာတွေက အချိန်မကြာရင် ကောင်းတတ်ပါ တယ်။ ကျွန်တော်တို့ဘက်က တောင်သူတွေကို ကူညီဖို့ လုပ်နေ ပါတယ်’’ဟု ၎င်းက ပြောသည်။ မွန်ပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ရေမြုပ်လယ်ဧက စာရင်းကို စစ်တမ်းကောက်နေကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကြေး တိုင်နှင့် မြေစာရင်းဦးစီးဌာနမှ အရာရှိတစ်ဦးကပြောသည်။‘‘ဒီလိုဖြစ်နေတာ တစ်နှစ်မ ကတော့ဘူး။ စပါးက နုန်းတွေ ထဲမှာ နှစ်ပတ်လောက်ကြာသွား ရင် မရနိုင်တော့ဘူး။ ဒီထက် ကြာလာရင် အမြန်ဆုံး ဘာပြန် လုပ်မလဲဆိုတာကို စဉ်းစားရ တော့မှာ။ လယ်သမားတွေအ တွက်တော့ တကယ့်ကိုစိုးရိမ်စရာ ကောင်းနေပြီ’’ဟု စိုက်ပျိုးရေး ပညာရှင်ဒေါက်တာထွန်းဝင်းက ပြောသည်။
ပဲခူးတိုင်းဒေသကြီး တစ်ခု လုံးရေနစ်မြုပ် လယ်ဧက ငါး သောင်းကျော်ရှိကြောင်း နေပြည် တော်မှ သိရသော်လည်း ရေ ဘေးသင့် သည့် ဒေသ တွင်ပါဝင် သော သနပ်ပင်မြို့နယ်တစ်ခု တည်းပင် လယ်ဧကငါးသောင်း ကျော်ရေနစ်မြုပ်နေကြောင်း မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း ကပြောသည်။သြဂုတ် ၃ ရက်နောက်ပိုင်း စတင်ခဲ့သည့် ရေဘေးကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ရေဘေး သင့်သူပေါင်း ၅၈၇၄၁ ဦးရှိခဲ့ပြီး ပဲခူး၊ ဧရာဝတီနှင့် မွန်ပြည်နယ်တို့ တွင် အများဆုံး ဖြစ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န် ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာန မှ သတင်းရရှိသည်။ အဆိုပါဌာန အနေဖြင့် ရေဘေးအတွက် ကယ်ဆယ်ရေးကဏ္ဍတွင် ကျပ် ၆၁၁ သိန်း အသုံးပြုခဲ့ကြောင်း သတင်းရရှိသည်။
ယခုအခါ ရေဘေးသင့် ဒေသများတွင် ရေအနည်းငယ် ပြန်ကျနေပြီဖြစ်သော်လည်း ရေ နှင့် ဆေးဝါးအခက်အခဲအပြင် ကျန်းမာရေးဆိုင် ရာပြဿနာများ အတွက် စိုးရိမ်စရာ ကောင်း ကြောင်း မွန်ပြည်နယ် ကျိုက်ထို မြို့နှင့် သထုံမြို့သို့ သွားရောက် လှူဒါန်းခဲ့သည့် မာဃလုလင် လူ ငယ်အဖွဲ့ဝင် ကိုလင်းသန့်ကပြော ကြားသည်။
7Day Daily

No comments:

Post a Comment