Tuesday, August 12, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်များသည် ထိုက်သင့်သည့် အကျိုးသက်ရောက်မှုရှိနိုင်ဟု ပြည်ထောင်စုလွှတ်တော် နာယကပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ငါးသန်းခန့်သည် လွှတ်တော်တွင် ထိုက်သင့်သည့်အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားလိုက်သည်။‘‘မိမိတို့ လွှတ်တော်ကို ဖော် ဆောင်ထား တဲ့ ဆောင်ပုဒ်ရှိပါ တယ်။ ပြည်သူ့အသံ လွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူရဲ့ မျှော်လင့်ချက် လွှတ်တော် က ဖော်ဆောင်ရွက် ဆိုတဲ့ ဆောင်ပုဒ် (သို့မဟုတ်) မူဝါဒနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့ အတွက် ပြည်သူများရဲ့ အသံကို သက်ဆိုင်ရာ လွှတ်တော်ကိုယ် စားလှယ်များက စဉ်းစားဆောင် ရွက်နိုင်တဲ့အတွက် ထိုက်သင့်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါ တယ်လို့ ဖြေချင်ပါတယ်’’ဟု လက်ရှိ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်သူ သူရဦးရွှေမန်းက ပြောသည်။
သြဂုတ် ၁၁ ရက်က နေပြည် တော်ရှိ လွှတ်တော် အဆောက် အအုံဝင်းအတွင်း ပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြည်သူလူထု၏ ဆန္ဒလက်မှတ် ငါးသန်းခန့်ကို လွှတ်တော်သို့တင်လာပါက မည်သို့ စဉ်းစား ထားသည်ကို မီဒီယာ၏ မေးမြန်း မှုကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လုပ်ဆောင်နေသော လူထုလှုပ်ရှားမှုများသည် လွှတ်တော်အတွင်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအကောင်အထည်ဖော်မှု ကော်မတီပေါ် သြဇာသက်ရောက်မှုမရှိကြောင်း ပြည်ထောင် စု လွှတ်တော်နာယက၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားထားဖူးသည်။သူရဦးရွှေမန်းက ယင်းသို့ပြောကြားခဲ့ပြီးနောက်တွင် လွှတ်တော်က ပြည်သူ့ဆန္ဒကို ဖော်ဆောင်ရွက်မည်ဟု ဆိုထားသောကြောင့် ပြည်သူလူထု၏ ဆန္ဒကို လျစ်လျူရှု၍ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ် တော် ကိုယ်စားလှယ် အချို့က ပြောဆိုလာကြသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေး ပြည်သူလူထုဆီမှ ဆန္ဒလက်မှတ်တောင်းခံသည့် လှုပ်ရှားမှုကို မေလ ၂၉ ရက်မှ ဇူလိုင် ၁၉ ရက်ထိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က နိုင်ငံတစ်ဝန်းတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပုဒ်မ ၄၃၆ ပြင်ဆင်လို ကြောင်း ပြည်သူလူထုဆီမှ ဆန္ဒပြုလက်မှတ်ပေါင်း ငါးသန်းနီးပါး ရရှိထားပြီး ယင်းလက်မှတ်များကို လွှတ်တော်သို့ တင်ပြသွား မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ဖော်ပြောကြားထားသည်။

7Day Daily

No comments:

Post a Comment