Saturday, August 16, 2014

ဖက်ဒရယ် ပြည်ထောင်စု စနစ် အစိုးရ လက်ခံပြီ

ရန်ကုန်၊ သြဂုတ် ၁၅။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရန် အစိုးရ ကိုယ်စားလှယ် များက ပဉ္စမမြောက် အပစ်ရပ် မူကြမ်း ဆွေးနွေးပွဲတွင် သဘောတူညီလိုက်ပြီဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT) ပထမ ခေါင်းဆောင် နိုင်ဟံ သာက ဆွေးနွေးပွဲ ပထမရက် အပြီးတွင် သတင်း မီဒီယာ များကို ပြောသည်။


Photo: ဖက်ဒရယ် ပြည်ထောင်စု စနစ် အစိုးရ လက်ခံပြီ
Saturday, August 16, 2014

ရန်ကုန်၊ သြဂုတ် ၁၅။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရန် အစိုးရ ကိုယ်စားလှယ် များက ပဉ္စမမြောက် အပစ်ရပ်မူကြမ်း ဆွေးနွေး ပွဲတွင် သဘောတူညီ လိုက်ပြီဟု တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့(NCCT) ပထမ ခေါင်းဆောင် နိုင်ဟံသာက ဆွေးနွေးပွဲ ပထမရက် အပြီးတွင် သတင်း မီဒီယာ များကို ပြောသည်။

“အရေး အကြီးဆုံး အချက်ကို ဖြတ်ကျော်နိုင်ပြီ ဆိုတော့ အလားအလာက ကောင်းပြီလို့ သတင်းပါး ချင်ပါတယ်”ဟု နိုင်ဟံသာက ဆိုသည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက အဓိက အရေးကြီးဆုံး အချက်အဖြစ် တောင်းဆို နေခဲ့ကြသည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရန် သဘောတူညီ လိုက်ခြင်း အားဖြင့် ကျန်ရှိနေသော အချက်များလည်း ညှိနှိုင်းမှု အဆင်ပြေ နိုင်မည်ဟု နိုင်ဟံသာက ပြောသည်။

ဖက်ဒရယ် စနစ်မှာ မြန်မာနိုင်ငံ အတွင်း အကောင်အထည် ဖော်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်တို့က “ပင်လုံစာချုပ်” ဖြင့် သဘော တူညီ ထားပြီး ဖြစ်သည်။

ထိုပင်လုံ စာချုပ်မှ ကတိက၀တ် တို့ကို အကောင်အထည် ဖော်ပေးရန် အပစ်ရပ် စာချုပ်၏ အခန်း(၁) အခြေခံမူ များတွင် NCCT က ထည့်သွင်း တောင်းဆို ထားသည်။ အခြေခံမူ ထဲတွင် တစ်ချက် အပါအ၀င်ဖြစ်သည့် ပင်လုံ ကတိက၀တ် များကို အစိုးရ ဘက်က အဆိုပြု ထားသည့် ပင်လုံ စိတ်ဓာတ်ကို မူတည်ကာ ထည့်သွင်းသွားမည်ဟု နိုင်ဟံသာက ဆိုသည်။ ဆွေးနွေးပွဲကို သြဂုတ် ၁၆ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်သည်။

နိုင်ဟံသာက “ကျွန်တော်တို့ အဓိက တောင်းဆိုထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားရေး တန်းတူရေးနဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တွေကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရ ဘက်က လက်ခံတယ် ဆိုတော့ လုံလောက် သလောက် ဖြစ်ပါတယ်” ဟု ပြောသည်။ ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် တိုင်းရင်းသား များဖက်က အဓိက ကိုင်စွဲထား ခဲ့သည့် “တော်လှန်ရေး”ဟူသည့် အသုံးအနှုန်းကို စာချုပ် ခေါင်းစဉ်တွင် ဖြုတ်ပေး လိုက်ရပြီး စာချုပ်ထဲမှ မာတိကာတွင် နှစ်နေရာ၌သာ သုံးနှုန်း ထားသည်ဟု ဦးနိုင်ဟံသာ က ဆိုသည်။

နိုင်ငံသား အားလုံးတို့ အပေါ်တရား ဥပဒေ စိုးမိုးရေးမှာ တန်းတူ အခွင့်အရေး ရှိရမည် ဖြစ်ပြီး နိုင်ငံတော်ရှိ ပြည်နယ်နှင့် တိုင်းအသီးသီး တို့ကို အစိုးရ အဆင့်ဆင့်ဖြင့် အာဏာခွဲဝေ အုပ်ချုပ်ခြင်း၊ ထွက်ရှိသည့် သယံဇာတ များကို မိမိတို့ ဒေသ အစိုးရက ဒေသ ဖွံ့ဖြိုးရေး များအတွက် သုံးစွဲပိုင်ခွင့်ကို တိုင်း၊ ပြည်နယ် အစိုးရများနှင့် ဗဟို အစိုးရတို့က ခွဲဝေ ကိုင်တွယ်ခြင်းတို့ အကြမ်းဖျင်း ပါဝင်သည်။

ပထမရက်တွင် အခန်း(၁)နှင့် အခန်း (၂)တို့ ပြီးစီးနေပြီဖြစ်ပြီးအချောသတ်ညှိနှိုင်းရန် အခန်း (၃)အပစ်ရပ် ရေးဆိုင်ရာကိစ္စရပ်များ၊ အခန်း(၄) အပစ်ရပ်ရေးကို ခိုင်မာစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အခန်း (၅) နိုင်ငံရေးဆွေးနွေးရန် အပြန်အလှန်ကတိပြုခြင်း၊ အခန်း (၆)စေ့စပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊အ ခန်း(၇) အထွေထွေတို့ ကျန်ရှိနေသေးသည်ဟု နိုင်ဟံသာက ဆိုသည်။

NCCT  က အဆိုပြုထားသည့် “ဖက်ဒရယ်ကို အခြေခံတဲ့နိုင်ငံ”နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော် ဆောင်ရေး ဗဟိုကော်မတီက အဆိုပြုထားသည့် “ပြည်ထောင်စုကို အခြေခံတဲ့ ဖက်ဒရယ်စနစ်”တို့ကို နိုင်ငံ ရေးဆွေးနွေး ပွဲတွင် ရလဒ်များ နှင့်အညီ အကောင်အထည်ဖော် သွားမည်ဟု MPC  မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ဆိုသည်။

Mizzima - News in Burmese 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် သြဂုတ်လ၁၅ ရက်က ဆွေးနွေးစဉ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် များက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောက်လျှောက် တောင်းဆိုနေခဲ့ကြပြီး ယခုပဉ္စမအကြိမ်တွင်မှ ဖက်ဒရယ်စနစ်ကို အစိုးရကလက်ခံ လိုက်ခြင်းဖြစ်သည်။ ဓာတ်ပုံ-ဘိုဘို
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေး ပွဲကို ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) တွင် သြဂုတ်လ၁၅ ရက်က ဆွေးနွေးစဉ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင် များက ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တောက်လျှောက် တောင်းဆိုနေခဲ့ကြပြီး ယခုပဉ္စမအကြိမ်တွင်မှ ဖက်ဒရယ်စနစ်ကို အစိုးရကလက်ခံ လိုက်ခြင်းဖြစ်သည်။ ဓာတ်ပုံ-ဘိုဘို
“အရေး အကြီးဆုံး အချက်ကို ဖြတ်ကျော်နိုင်ပြီ ဆိုတော့ အလားအလာက ကောင်းပြီလို့ သတင်းပါး ချင်ပါတယ်”ဟု နိုင်ဟံသာက ဆိုသည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များက အဓိက အရေးကြီးဆုံး အချက်အဖြစ် တောင်း ဆို နေခဲ့ကြ သည်။ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင်အထည် ဖော်ရန် သဘောတူညီ လိုက်ခြင်း အားဖြင့် ကျန်ရှိနေသော အချက်များလည်း ညှိနှိုင်းမှု အဆင်ပြေ နိုင်မည်ဟု နိုင်ဟံသာက ပြောသည်။

ဖက်ဒရယ်စနစ်မှာ မြန်မာနိုင်ငံအတွင်း အကောင်အထည် ဖော်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် တောင် တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်တို့က “ပင်လုံစာချုပ်” ဖြင့် သဘော တူညီ ထားပြီး ဖြစ်သည်။

ထိုပင်လုံ စာချုပ်မှ ကတိက၀တ် တို့ကို အကောင်အထည် ဖော်ပေးရန် အပစ်ရပ် စာချုပ်၏ အခန်း(၁) အခြေခံမူ များတွင် NCCT က ထည့်သွင်း တောင်းဆို ထားသည်။ အခြေခံမူ ထဲတွင် တစ်ချက် အပါအ၀င်ဖြစ်သည့် ပင်လုံ ကတိက၀တ် များကို အစိုးရ ဘက်က အဆိုပြု ထားသည့် ပင်လုံ စိတ်ဓာတ်ကို မူတည်ကာ ထည့်သွင်းသွားမည်ဟု နိုင်ဟံသာက ဆိုသည်။ ဆွေးနွေးပွဲကို သြဂုတ် ၁၆ ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်သည်။

နိုင်ဟံသာက “ကျွန်တော်တို့ အဓိက တောင်းဆိုထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားရေး တန်းတူရေးနဲ့ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တွေကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ အစိုးရ ဘက်က လက်ခံတယ် ဆိုတော့ လုံလောက် သလောက် ဖြစ်ပါတယ်” ဟု ပြောသည်။ ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များတွင် တိုင်းရင်းသား များဖက်က အဓိက ကိုင်စွဲထား ခဲ့သည့် “တော်လှန်ရေး”ဟူသည့် အသုံးအနှုန်းကို စာချုပ် ခေါင်းစဉ်တွင် ဖြုတ်ပေး လိုက်ရပြီး စာချုပ်ထဲမှ မာတိကာတွင် နှစ်နေရာ၌သာ သုံးနှုန်း ထားသည်ဟု ဦးနိုင်ဟံသာ က ဆိုသည်။

နိုင်ငံသား အားလုံးတို့ အပေါ်တရား ဥပဒေ စိုးမိုးရေးမှာ တန်းတူ အခွင့်အရေး ရှိရမည် ဖြစ်ပြီး နိုင်ငံတော်ရှိ ပြည်နယ်နှင့် တိုင်းအသီးသီး တို့ကို အစိုးရ အဆင့်ဆင့်ဖြင့် အာဏာခွဲဝေ အုပ်ချုပ်ခြင်း၊ ထွက်ရှိသည့် သယံဇာတ များကို မိမိတို့ ဒေသ အစိုးရက ဒေသ ဖွံ့ဖြိုးရေး များအတွက် သုံးစွဲပိုင်ခွင့်ကို တိုင်း၊ ပြည်နယ် အစိုးရများနှင့် ဗဟို အစိုးရတို့က ခွဲဝေ ကိုင်တွယ်ခြင်းတို့ အကြမ်းဖျင်း ပါဝင်သည်။

ပထမရက်တွင် အခန်း(၁)နှင့် အခန်း (၂)တို့ ပြီးစီးနေပြီဖြစ်ပြီးအချောသတ်ညှိနှိုင်းရန် အခန်း (၃)အပစ်ရပ် ရေးဆိုင်ရာကိစ္စရပ်များ၊ အခန်း(၄) အပစ်ရပ်ရေးကို ခိုင်မာစေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ အခန်း (၅) နိုင်ငံရေးဆွေးနွေးရန် အပြန်အလှန်ကတိပြုခြင်း၊ အခန်း (၆)စေ့စပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊အ ခန်း(၇) အထွေထွေတို့ ကျန်ရှိနေသေးသည်ဟု နိုင်ဟံသာက ဆိုသည်။

NCCT  က အဆိုပြုထားသည့် “ဖက်ဒရယ်ကို အခြေခံတဲ့နိုင်ငံ”နှင့် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော် ဆောင်ရေး ဗဟိုကော်မတီက အဆိုပြုထားသည့် “ပြည်ထောင်စုကို အခြေခံတဲ့ ဖက်ဒရယ်စနစ်”တို့ကို နိုင်ငံ ရေးဆွေးနွေး ပွဲတွင် ရလဒ်များ နှင့်အညီ အကောင်အထည်ဖော် သွားမည်ဟု MPC  မှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment