Saturday, August 16, 2014

ဓာတုဆေးများစွာ အလွန်အကျွံသုံးစွဲထားသည့်မုန့်များနှင့် တရုတ်လုပ်မုန့်များ နေပြည်တော်တွင် မီးရှို့ဖျက်ဆီး

နပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ကျောင်းမုန့်ဈေးတန်း များနှင့် ဈေးများတွင် ရောင်းချနေသော အစားအသောက်များထဲမှ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန(FDA)၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မညီသည့် အစားအသောက်များကို နေပြည်တော် စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်းက လိုက်လံသိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်။
စားသုံးရန်မသင့်သော အစားအသောက်များ လိုက်လံသိမ်းဆည်းရာတွင် ဓာတုဆိုးဆေးများ အလွန်အကျွံ သုံးစွဲထားသော မက်မန်းပေါင်း၊ ဆီးထုပ်၊ ပြည်ပမှ ၀င်ရောက်လာသည်ဟု ယူဆရသော ဂျူးမြစ်ခြောက်အ တု၊ တရုတ်နိုင်ငံလုပ် ကြက်အူချောင်း၊ ၀က်အူချောင်း ပုံသဏ္ဍာန်မုန့် များ ပါဝင်ခဲ့သည်။ ထို့အပြင် ကလေးအာဖျန်းမုန့်၊ ဓာတုဆိုးဆေးပါ ရောင်စုံဝေဖာ၊ တရုတ်စာတန်းပါ အချိုရည်နှင့် နို့ခဲများကို လည်းသိမ်းဆည်းခဲ့ သည်ဟု စားသုံးသူကြိုတင် ကာကွယ်ရေးအသင်းနေပြည်တော်ရုံးခွဲ တာဝန်ခံ ဦးသူရ ဇော်က ဆိုသည်။

မြန်မာနိုင်ငံစားသုံးသူများ ကြိုတင်ကာကွယ်ရေးအသင်း ဥက္ကဋ္ဌဦးဗအုပ်ခိုင်က “ကျွန်တော်တို့ ဒီကနေ့ လိုက်သိမ်းတာ မုန့်အမျိုးအစားပေါင်း ၁၅ မျိုးကျော်လောက်ရှိမယ်၊ အသက်အန္တရာယ်ပေးမယ့် အစားအသောက်တွေ ဖြစ်တဲ့အတွက် အခုလိုလိုက်လံသိမ်းဆည်းပြီးတာနဲ့ မီးရှို့ဖျက်ဆီး တာပါ” ဟု ပြောသည်။

၎င်းက “မုန့်တစ်ခုချင်းစီရဲ့တန်ဖိုးမသိတဲ့အတွက်မခန့်မှန်းတတ်ပေမယ့် သိန်းဂဏန်းတန်ဖိုးတော့ရှိပါ တယ်”ဟု ဖြည့် စွက်ပြောသည်။

စာသင်ကျောင်းများနှင့် ဈေးရုံများတွင် စားသုံးရန်မသင့်သော အစားအသောက်များ လိုက်လံသိမ်းဆည်းစဉ် ဈေးစည်ပင် သာယာရေးအဖွဲ့၊ ပျဉ်းမနားမြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment