Saturday, August 16, 2014

ရင်သားထဲ ကိုကင်းထည့်သယ်လာသူကို စပိန်လေဆိပ်မှာ ဖမ်းမိ


ရင်သား အစားထိုး ပစ္စည်းထဲ ထည့်လာတဲ့ ကိုကင်း မူးရစ်ဆေးများ၊ ဓာတ်ပုံ- The Mirror
ဗင်နီဇွဲလား ခရီးသွားအမျိုးသမီးတဦးကို စပိန်နိုင်ငံ မက်ဒရစ်လေဆိပ်မှာ သူ့ရင်သားပုံသဏ္ဍန်တွေက မတူကွဲပြား ထူးခြား နေတာကြောင့် အကောက်ခွန်အရာရှိတွေက ဖမ်းဆီးခဲ့ပါတယ်။
ပြီးတော့ စစ်ဆေးလိုက်တဲ့ အခါ သူ့ရင်သား အစားထိုး ပစ္စည်းရဲ့ အတွင်းထဲမှာ စပိန်နိုင်ငံထဲ တရားမဝင် ခိုးသွင်းလာတဲ့ ကိုကင်း ၁.၇ ကီလိုဂရမ်ကို တွေ့လိုက်ရတာကြောင့် ဗင်နီဇွဲလားအမျိုးသမီးကို ဖမ်းဆီးအရေး ယူလိုက်တယ်လို့ ဆိုပါတယ်။

အကောက်ခွန်အရာရှိတွေက စပိန်သတင်းဌာနတခုကို ပြောတာမှာ အဆိုပါ ဗင်နီဇွဲလား အမျိုးသမီးရဲ့ ရင်သားတွေက ပုံမကျ ပန်းမကျ တမူထူးပြီးသံသယဖြစ်ဖွယ် ရှိနေတာကြောင့် သူ့ကို ဖမ်းဆီး စစ်ဆေးခဲ့ တာလို့ ဆိုပါတယ်။


ကိုလံဘီယာကနေ လေယာဉ်ခရီးစဉ်တခုနဲ့ ထွက်လာပြီး စပိန်နိုင်ငံ မက်ဒရစ်လေဆိပ်မှာ အဖမ်းခံလိုက်ရတဲ့ အဲဒီ အမျိုးသမီး ကို ဆေးရုံကို ခေါ် သွားပြီး ခွဲစိပ်ဆရာဝန်တွေအကူအညီနဲ့ စတာလင်ပေါင် ၁ သန်းခွဲ ( ဒေါ်လာ ၂ သန်းခွဲ ) တန်ဘိုး ရှိတဲ့ မူးရစ်ဆေးတွေကို ထုတ်ယူခဲ့တာလို့ သိရပါတယ်။

ဒီလအစောပိုင်းကလည်း အလားတူ မူးရစ်ဆေးတွေကို ရင်သားထဲ ထည့်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပြီး အသေးစိပ်ကိုတော့ ဒီကနေ့ ထိ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။ စပိန်နိုင်ငံဟာ လက်တင်အမေရိကဘက်က   တရားမဝင် မူးရစ်ဆေးတွေ ခိုးသွင်းတဲ့ ဥရောပရဲ့ ဝင်ပေါက် လိုဖြစ်နေတာ ကြာပါပြီ။ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကလည်း ဘာစီလိုနာ အကောက်ခွန် အရာရှိတွေက ဒီလိုပဲ ရင်သား အစားထိုး ပစ္စည်းထဲ ကိုကင်း ၁.၄ ကီလို ဂရမ်ခိုးသွင်းခဲ့တုန်းက ဖမ်းဆီးခဲ့ပါသေးတယ်။

ဧရာဝတီ BLOG

No comments:

Post a Comment