Saturday, August 16, 2014

မြန်မာနိုင်ငံသို့ ထိုင်းထုတ်ကုန်တင်ပို့မှု ယခင်ထက် (၁၁)ရာခိုင်နှုန်းကျော် မြင့်တက်

ထိုင်းနိုင်ငံရဲ့အသေးစားနဲ့ အလတ်စားကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့တဲ့ ထိုင်းထုတ်ကုန်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်း စိန်ဂေဟာမှာ သြဂုတ်လ (၁၉) ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပြပွဲကိုပြည်လမ်း၊ လှည်းတန်းနဲ့ ပါရမီစိန်ဂေဟာတွေမှာ သုံးရက်ဆက်တိုက် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပြပွဲမှာတော့ အစားအသောက်နဲ့ အခြေခံလူသုံးကုန် ပစ္စည်းတွေကိုပြသထားကာ ထိုင်းနိုင်ငံ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ် မှု မြှင့်တင်မှုဌာန DITP နဲ့ စိန်ဂေဟာတို့က ပူးပေါင်းကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အသေးစား အလတ်စား လုပ်ငန်းတွေ ပိုမိုပွင့်လင်းလာတာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုမိုစိတ်ဝင်စားလာကြတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို မြှင်တင်ဖို့ မူဝါဒချမှတ်ပြီး (၂)နှစ်တာ ကာလအတွင်း ပြည်ပစီးပွားရေးသမားတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ ပိုမိုစိတ်ဝင်စားလာတာ ဖြစ်တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံ ထုတ်ကုန်တွေ ကို မြန်မာနိုင် ငံ သို့ တင်ပို့မှု စုပေါင်းတန်ဖိုးဟာ (၂၀၁၄) ခုနှစ် ပထမ(၆) လအထိ အမေရိကန်ဒေါ်လာ (၂၁၃၃) သန်းဖြစ်ပြီး ယခင်နှစ်တွေ ကထက် (၁၁.၂၆) ရာခိုင်နှုန်း ပိုမိုမြင့်မားလာခဲ့တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment