အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်တွင် ပြုလုပ်မည့်
နိုင်ငံရေး ဆွေးနွေးပွဲများကို ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ရန်
ဆန္ဒရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ
ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားသည်။နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ယခုလအတွင်း လက်မှတ်ရေးထိုးမည်ဟု အစိုးရက ပြောဆိုထားသော်လည်း ယနေ့အထိ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် သဘောတူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် မူဘောင်များ ချမှတ်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သဘောတူညီထားသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များ ရေးဆွဲရန်နှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကို ပြုလုပ်ရန် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ထည့်သွင်း ရေးဆွဲထားသည်။
Today Myanmar
No comments:
Post a Comment