Tuesday, August 12, 2014

မြန်မာ နိုင်ငံကို တရားမဝင် ဝင်ရောက်လာသူ ပါကစ္စတန်နိုင်ငံ သားနှစ်ဦး ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများနှင့်ပတ်သက်မှုရှိ မရှိ စစ်ဆေးနေ

မြန်မာ နိုင်ငံသို့ တရားမဝင်ခိုးဝင်ရောက်လာသူ ပါကစ္စ တန် နိုင်ငံ သားနှစ်ဦး ကို ပြည်ပအကြမ်းဖက် အဖွဲ့အစည်းများ နှင့် ပတ်သက် ဆက်နွှယ်မှုရှိမရှိကို စစ်ဆေးမေးမြန်းကြောင်း ကရင်ပြည် နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ် ဦးက ဒီမိုကရေစီတူးဒေးသတင်းစာ သို့ ပြော သည်။ဖြစ်စဉ်မှာ ဩဂုတ်၈ ရက်က မြဝတီမြို့သို့ ထိုင်းနိုင်ငံနယ်စပ်မှဝင် ရောက် လာသော အဆိုပါ နိုင်ငံသား နှစ်ဦးကို ယခုအခါ လဝကဥပဒေဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။
လတ်တလောစစ်ဆေးချက်များ အရ တရားမဝင်ခိုးဝင်ရောက်လာ သူနှစ်ဦး မှာပါကစ္စတန်နိုင်ငံ Pebshwar မြို့နေ Mr. Waheed (၄၄)နှစ်နှင့် Mr.Raiz Muhammad (၄၃) နှစ်တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦး သည် ဩဂုတ်၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့် တွင် မြဝတီမြို့ နယ် ဗိုလ်ချုပ်လမ်းနှင့် ခရေ လမ်းထောင့် ရှိရွှေလက်ရာထမင်းဆိုင်မှထွက်လာ သည့်အချိန် တွင် မြဝတီ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဝန်ထမ်းများ၊ သတင်းရဲ တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်မြဝတီ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ သည် ၎င်းတို့နှစ်ဦး ကို ခေါ်ယူ စစ်ဆေးမေးမြန်း ရာမှ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း သိရ သဖြင့် မြဝတီရဲစခန်းမှ(ပ) ၁၄၀/ ၁၄လဝက အက်ဥပဒေ-၁၃(၁)ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ထားချက် များအရ သိရသည်။
ကရင်ပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက''ပြည်ပအကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ပတ်သက်မှုရှိ၊ မရှိနဲ့ သူတို့မှာပါလာတဲ့ အိတ်တွေ ကို ရှာဖွေ စစ်ဆေးနေတယ်။ တချို့ အကြောင်းအရာစာရွက်စာတမ်း တချို့က သူတို့ဘာသာ စကားနဲ့ ဆို တော့မဖတ်တတ်ဘူး။ လက်ရှိတော့ စစ်ဆေးဆောင်ရွက်နေတဲ့ အခြေ အနေတစ်ခုပဲရှိသေးတယ်''ဟု ပြော သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ရေး ဌာနမှ အဆင့်မြင့် အရာရှိက ''ဖမ်းဆီးစစ်ဆေးပြီး ပြစ်မှု ထင်ရှားတဲ့အပေါ်မှာ အရေး ယူ ဆောင် ရွက်သွား မှာပါ။ ဒီကိစ္စနဲ့ပတ် သက်ပြီး သက်ဆိုင်ရာပါကစ္စတန် သံရုံးကိုလည်း သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အကြောင်းအချက် အလက်တွေတောင်း ထားပါတယ်''ဟု ဆိုသည်။
Yangon Media Group

No comments:

Post a Comment