Monday, August 18, 2014

သံရည်ကျိုကားများ အပ်နှံရာတွင် မလိုအပ်သောအချက်များကိုဖြေလျှော့ပေးရန် လိုအပ်နေသေးကြောင်း မော်တော်ကား တင်သွင်းရောင်းချသူများဆို


ကားတင် သွင်းမှုဆိုင်ရာမူဝါဒများ ဖြေလျှော့ ပေးသကဲ့သို့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာတွင် ပါဝင်သည့် သံရည်ကျို အပ်နှံမှုတွင် မလိုအပ်သောအချက် များကို ဖြေလျှော့ပေးရန် လိုအပ်နေ သေးကြောင်း မော်တော်ကား တင် သွင်းရောင်းချသူများအသိုင်းအဝိုင်း မှ သိရသည်။
လက်ရှိ ယာဉ်အိုယာဉ်ဟောင်း များ အရည်ကျိုအပ်နှံရာတွင် ကုန်း လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မှ စစ်ဆေးလက်ခံသော်လည်း သံရည် ကျိုလုပ်ငန်း ပြီးစီးမှသာ အက္ခရာ နံပါတ် ထုတ်ယူနိုင်သည့်အတွက် မော်တော်ယာဉ်တင်သွင်းသူများအနေ ဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း ယင်းတို့ထံမှ သိရသည်။မော်တော်ကားရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ''မန္တလေး တိုင်းထဲက မြင်းခြံသံရည်ကျိုစက်ရုံမှာ သံရည်ကျိုအပ်ရင် အဝင်တစ်ဆင့်ပဲ ရှိတယ်။ ရန်ကုန်မှာဆိုရင် အဆင့် ၁၇ဆင့်နဲ့ သတ်မှတ်ချက် ၄၇ချက် အားလုံးညီမှ လက်ခံတယ်ဆိုတော့ တော်တော်လေး အခက်အခဲဖြစ်နေ ပါတယ်''ဟု ဆိုသည်။


ယင်းကဲ့သို့ သံရည်ကျိုအပ်နှံရာ တွင် စစ်ဆေးမှုများ များပြားနေသဖြင့် အနည်းဆုံး အချိန်တစ်လနီးပါး ကြာ မြင့်လျက်ရှိသဖြင့် သက်ဆိုင်ရာဌာန များအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေး ရန် လိုအပ်နေလျက်ရှိကြောင်း ယင်း တို့က ဆိုသည်။
မြန်မာ့မော်တော်ယာဉ်ထုတ် လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ် ငန်းရှင်များအသင်းမှ တွဲဖက်အတွင်း ရေးမှူး ဦးအောင်နိုင်ထွန်းက ''အ ရည်ကျိုနဲ့ပတ်သက်လို့ စက်မှုဝန်ကြီး ဌာနနဲ့ ဆိုင်ပါတယ်။ အသင်းအနေ နဲ့ စက်မှုကို တင်ပြပေးပါမယ်။ ကညန မှာ ယာဉ်ကို စစ်လိုက်တယ်။ အရည် ကျိုဖို့အတွက် ကညနက ခွင့်ပြုလိုက် တယ်။ ခွင့်ပြုလိုက်ပြီဆိုရင် ဒါ ကိစ္စ က ပြီးသွားပြီ''ဟု ဆိုသည်။
သို့သော် ကားအရည်ကျိုရန် အတွက် အချိန်ကြန့်ကြာမှုများရှိနေ သဖြင့် အရည်ကျိုမည့်ယာဉ်များကို စစ်ဆေးနေမည့်အစား ချက်စီနံပါတ် နှင့်ကိုက်ညီလျှင် လက်ခံပါက တစ်နေ့ လျှင် ကားစီးရေ ၁ဝဝဝမှ ၂ဝဝဝကြား လက်မှတ်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ယင်းက ဆိုသည်။
မော်တော်ကားအရောင်းစင် တာလုပ်ငန်းရှင် ဦးဝင်းမြိုင်က ''သံ ရည်ကျိုဖို့ ကျူစီတဲ့နေရာမှာ အစီးရေ ၂၁ဝဝကျော်ရှိတယ်။ ဘယ်တော့ ပြီး နိုင်လဲဆိုပြီး မှန်းဆလိုက်တော့ နောက် နှစ်လကြာမှ လူတစ်ယောက်ဟာ ကားစီးနိုင်တဲ့သဘော ဖြစ်နေတယ်။ ကာစတန်မာ တစ်ယောက်အနေနဲ့ အရောင်းစင်တာမှာ ကားဝယ်တဲ့လူ တစ်ယောက်ဟာ နောက်နှစ်လကြာ မှ ကားစီးနိုင်မယ်ဆိုတော့ အခက် အခဲရှိတယ်''ဟု ဆိုသည်။
Democracytoday

No comments:

Post a Comment