Monday, August 18, 2014

မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်

Photo: မြောက်ကိုရီးယားက ခြိမ်းခြောက်မှုများ ပြုလုပ်ထားသော်လည်း အမေရိကန်နှင့်တောင်ကိုရီးယား စစ်လေ့ကျင့်မှု စတင်
Monday, August 18, 2014

သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ငါးရက်ကြာ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ဆိုးလ်မြို့လူထုတွေ့ဆုံ ပွဲတစ်ခုတွင် ကိုရီးယားကျွန်း ဆွယ်ပြန်လည် သင့်မြတ်ရေးအတွက် တိုက်တွန်းခဲ့သည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုမှ အစီအစဉ်အများအပြားကို ကွန်ပြူတာပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ မြောက်ကိုရီးယားမှ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အဆင်သင့်ဖြစ်စေ ရန် လေ့ကျင့်မှု ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုအား တုန့်ပြန်မည့် နည်းလမ်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ နည်းလမ်းအား ယမန်နှစ်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့်အမေရိ ကန်တို့၏ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းခဲ့သည့် နည်းလမ်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းပစ်ရန် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ညှာမှု မရှိသော တုန့်ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား စစ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက “မြောက်ကိုရီးယားက ရန်စတိုက်ခိုက်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။
Re:AFP သက်ညှာမည်မဟုတ်သည့် လက်တုန့်ပြန် တိုက်ခိုက်မှုများ ပြုလုပ်မည်ဟု မြောက်ကိုရီးယားက ခြိမ်း ခြောက်ထားသော်လည်း အမေရိ ကန်နှင့် နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၈ ရက်တွင် စတင်လိုက် ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုကို Ulchi Freedom Guardian ဟု အမည်ပေးထားပြီး သြဂုတ် ၂၉ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ငါးရက်ကြာ တောင်ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ဆိုးလ်မြို့လူထုတွေ့ဆုံ ပွဲတစ်ခုတွင် ကိုရီးယားကျွန်း ဆွယ်ပြန်လည် သင့်မြတ်ရေးအတွက် တိုက်တွန်းခဲ့သည်။

ယခုပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုမှ အစီအစဉ်အများအပြားကို ကွန်ပြူတာပေါ်တွင် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း တောင်ကိုရီးယားနှင့် အမေရိကန်မှ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ပါဝင်မည်ဖြစ်ကာ မြောက်ကိုရီးယားမှ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာပါက အဆင်သင့်ဖြစ်စေ ရန် လေ့ကျင့်မှု ပြလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နျူကလီးယားလက်နက်ဖြင့် ခြိမ်းခြောက်မှုအား တုန့်ပြန်မည့် နည်းလမ်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ နည်းလမ်းအား ယမန်နှစ်က ပြုလုပ်ခဲ့သည့် တောင်ကိုရီးယားနှင့်အမေရိ ကန်တို့၏ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ညှိနှိုင်းခဲ့သည့် နည်းလမ်းသစ်တစ်ခုဖြစ်ကြောင်း သိရသည်။

ယခုစစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ဖျက်သိမ်းပစ်ရန် မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ညှာမှု မရှိသော တုန့်ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား စစ်ဘက်အဆင့်မြင့်အရာရှိတစ်ဦးက “မြောက်ကိုရီးယားက ရန်စတိုက်ခိုက်လာမယ် ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားထားသည်။
Re:AFP

No comments:

Post a Comment