Saturday, August 16, 2014

ဆရာကြီး ဒဂုန်တာရာ အရိုးများကို ဂူဗိမာန်အတွင်း ထည့်သွင်းမည်

သြဂုတ် ၁၉ ရက်တွင် ကျင်းပမည့် ဆရာကြီး ဒဂုန်တာရာကွယ်လွန်ခြင်း တစ်နှစ်မြောက်အခမ်းအနားတွင် ဆရာကြီး ဒဂုန်တာရာ၏ အရိုးများ ကို ဆောက် လုပ်ဆဲဂူဗိမာန်အတွင်းသို့ ထည့်သွင်းသွားမည်ဟု ဆရာ ဒဂုန် တာရာ ဂူဗိမာန်စောင့်ရှောက်ရေးအတွင်းရေးမှူး ဦးထွန်းဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။
“ဆရာဒဂုန်တာရာ အရိုးပြာမျှောတုန်းက အရိုးတွေကို သီးခြားဖယ်ထားပြီးတော့ မူလဂူဗိမာန်ဆောက်မယ် လို့ ရည်ရွယ်ထားခဲ့တဲ့နေရာမှာ ထည့်သွင်းခဲ့ပါ တယ်။“အခုတော့ မူလနေရာရဲ့မနီးမဝေးမှာ အင်ဂျင်နီယာတွေနဲ့တိုင်ပင်ပြီး ပြန်လည်တည်ဆောက်နေတဲ့ အတွက် ပြောင်းရွှေ့ ပြီး ထည့်သွားမှာ”ဟု ဦးထွန်းဝင်းငြိမ်းက ပြောသည်။

ယင်းအခမ်းအနားကို အောင်ပန်းမြို့ မယ်ခိုတောင်ခါးပန်းရှိ အောက်ကျောင်း ဓမ္မာရုံတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကျင်းပ သွားမည်ဖြစ်ပြီး အခမ်းအနားကိုရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပျဉ်မနားမြို့များရှိ စာရေးဆရာ၊ ကဗျာဆရာများ တက်ရောက်ကြမည်ဟုဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment