Sunday, August 10, 2014

လက်ဖက်ရည်တိုက်တဲ့ နတ်သား

Photo: လက်ဖက်ရည်တိုက်တဲ့ နတ်သား
Suanday, August 10, 2014
 
သူသည် နေ့စဉ်နေ့တိုင်း ဆစ်ဒနီရှိ သူ့အိမ်ကလေး၏ အပြင်ဘက်မှ ပစိဖိတ်သမုဒ္ဒရာ၏ ရင်သပ် ရှုမောလောက်သည့် မြင်ကွင်းကို ငေးကြည့်လေ့ရှိသည်။ 
ပင်လယ်၏ အလှတရားကို ခံစားလိုသည့်အတွက် သက်သက်တော့မဟုတ်။ နောက်ထပ် ဇာတ်လမ်းဇာတ်ကွက် တစ်ခုကလည်း သူ့ကို ဖမ်းစားထားသောကြောင့် ဖြစ်သည်။ 
ဒွန်ရစ်ခီ ပြတင်းပေါက်မှ ပင်လယ်ဘက်သို့ ငေးနေရခြင်းတွင် အခြားရည်ရွယ်ချက်တစ်ခု ရှိပါသေးသည်။

၁၉၆၄ ခုနှစ်မှ သူကွယ်လွန်သွားသည့် ၂၀၁၂ ခုနှစ် မေလပိုင်းအထိ လူ့အသက်ပေါင်း ၁၆၀ ခန့် အနည်းဆုံး သူကယ်တင်ခဲ့ပြီးပါပြီ။ တကယ့်ကိန်းဂဏန်းက ထိုထက်လည်းများနိုင်သည်။ 

သူကွယ်လွန် သွားသည့်အချိန်တွင် အသက် ၈၆ နှစ်အရွယ် ရှိသွားပြီဖြစ်ပြီး ကျောက်ဆောင် ကမ်းပါးစောင့်နတ်သား ဆိုသည့် အမည်နာမကို သြစတြေးလျ နိုင်ငံသားများက ပေးခဲ့ကြသည်။ သူသည် သြစတြေးလျတွင် မိမိကိုယ်ကိုယ် သတ်သေသူများ မျက်စိကျကြသည့် ခုန်ချချင်စရာ ကျောက်ဆောင်ကမ်းပါးသို့ လာရောက် သတ်သေကြသူများစွာကို လက်လွန်ခြေလွန် မဖြစ်အောင် နှစ်ပေါင်း ၅၀ ကျော်ကြာ စေတနာ့ဝန်ထမ်း နှစ်သိမ့်ခြင်းအားဖြင့် လူ့အသက်ပေါင်းများစွာ ကယ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ဆစ်ဒနီ ကမ်းရိုးတန်း ပင်လယ်ကမ်းနံဘေး ချောက်ကမ်းပါးယံများသည် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဘဝကို ကိစ္စတုံးချင်သူများအဖို့ သံလိုက်ဓာတ်ကြီးကြီးဖြင့် ဆွဲဆောင်လျက်ရှိသည်။ သို့ပါသော်လည်း ထိုကမ်းပါးယံအနီးတွင် တည်ငြိမ်သောအသံ၊ ကိုယ်ချင်းစာနာမှု လေသံအပြည့်ဖြင့် နတ်သားတစ်ပါး အမြဲတမ်း ကိုယ်ထင်ပြလေ့ ရှိသည်။ 
သူသည် မစ္စတာရစ်ခီ ဖြစ်ပါသည်။ 
သေကြောင်းကြံမည့် လူတစ်ယောက်ကိုတွေ့လျှင် အမြဲတမ်း ချဉ်းကပ်သွားပြီး စကားစမြည် သွားပြောခဲ့သည်။ 

ဒွန်ရစ်ခီ၏ ပုံစံက ထည်ထည်ဝါဝါ ခမ်းခမ်းနားနားမဟုတ်၊ ရိုးရိုးကုပ်ကုပ်ပင် ဖြစ်သည်။

ခရစ်နှစ် ၁၈၀၀ ပတ်ဝန်းကျင် ကာလများကတည်းက သြစတြေးလျ နိုင်ငံသားများက အဆိုပါ ကျောက်ဆောင် ချောက်ကမ်းပါးသို့ လာပြီး သတ်သေကြလေ့ရှိသည်။ အကာအရံကလည်း သုံးပေ ကျော်ကျော်သာရှိသမို့ ကျော်ဝင်ပြီး မကြံကောင်း မစည်ရာ လုပ်နိုင်သည်။ တစ်ပတ်ကို တစ်ယောက်နှုန်း လောက်လာပြီး သေကြောင်းကြံနေကြသဖြင့် ဒေသခံ အရာရှိများက သံဆူးကြိုး မြင့်မြင့်ကာရန်၊ လုံခြုံရေးများ ချထားရန် သြစတြေးလျဒေါ်လာ ၂ ဒသမ ၁ သန်းဖိုး ဒေသကောင်စီကို ဘတ်ဂျက် တောင်းထားရသည်။

ချောက်ကမ်းပါးအစွန်တွင် မျှော်လင့်ချက် ပျောက်ဆုံးနေသူကို ရိုးရိုးရှင်းရှင်းဖြင့် နွေးနွေးထွေးထွေး ပြုံးပြလိုက်သည်။ 
‘ကျုပ်ဘယ်လို ကူညီလို့ ရသလဲဗျ’ ဆိုသည့် မေးခွန်းဖြင့် နှုတ်ဆက်လေ့ရှိသည်။ 
အမြဲတမ်းတော့ ထိုချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။ တစ်ခါတလေများ ကိုယ့်အသက် အန္တရာယ်ကိုယ် စွန့်စားမှုယူပြီး သကာလ ဝင်လုံးသင့် လုံးခဲ့ရဖူးသည်။ နောက်ဆုံး ပင်လယ်နားက သူ့အိမ်ကို လက်ဖက်ရည်သောက်ရန် လိုက်ခဲ့ပါလားဟု ဖိတ်သည်။ လက်ဖက်ရည်သောက်ရင်း စကားပြောကြသည်။ ထိုလူများ သူ့အိမ်ကို နှစ်တွေကြာတော့ ပြန်လာလည်ကြတတ်သည်။ အသက်ကိုကယ်လိုက်သော လက်ဖက်ရည်အတွက် ကျေးဇူးတင်စကား လာပြောကြခြင်း ဖြစ်သည်။ သေတွင်းက လွတ်မြောက်လာခဲ့သူ တစ်ဦးဆိုလျှင် ပန်းချီကားကြီးတစ်ချပ် လက်ဆောင်ပေးထားသည်။ အိန်ဂျယ်တစ်ပါးပုံ ဖြစ်သည်။ ပြောချင်သည့် စကားက ‘ကျွန်ုပ်တို့အကြား လမ်းလျှောက်နေသော တမန်တော်နတ်တစ်ပါး’ ဟူ၍ ဖြစ်သည်။

“ကျွန်တော့် ရည်ရွယ်ချက်က သူတို့ကို အစွန်ကနေ ပြန်လာဖို့ပဲ။ သူတို့အချိန်လေးကို ပေးမယ်ဆိုတာနဲ့ နောက်တစ်ရက်မနက်ခင်းမှာ ဘာတွေ ကောင်းလာနိုင်တယ်ဆိုတာကို နားလည်ဖို့ အခွင့်အရေး ပေးချင်တာပါပဲ” ဟု ဒွန်ရစ်ခီက ခပ်ရိုးရိုးပင် ဆိုပါသည်။ “ခင်ဗျားဆိုလည်း ဒီနားမှာ ထိုင်နေပြီး လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ တစ်ခုခုတော့ ကြိုးစားပြီး ကယ်မှာပဲလေ” ဟု ရစ်ခီက ဆိုပါသည်။

ရစ်ခီ၏ သမီးဖြစ်သူ ဆူးက သူမ၏ဖခင်သည် ပင်လယ်ကိုငေးခြင်းကို နှစ်သက်ကြောင်း၊ ဒုက္ခ ရောက်လာကြသည့် စိတ်ဝိညာဉ် ပိုင်ရှင်များကိုလည်း စောင့်ကြည့်နေတတ်ကြောင်း ပြန်လည်ပြောပြသည်။ ဇနီးသည်ဖြစ်သူ မိုယာကလည်း ထိုနေရာမှာ နေမိသည့်အတွက် လူတွေကို ကယ်ခွင့်ရခဲ့ကြောင်း ပြန်ပြောင်း ပြောပြသည်။ 

ရစ်ခီ အမြဲပြောခဲ့ဖူးသည့် စကားတစ်ခုရှိသည်။ 
“အကူအညီပေးခဲ့တယ် ဆိုတာက လူတွေကို ဒီဘက်ပြန်လှည့်လာအောင် လုပ်ရပြီးတော့ အကြင်နာစကားနဲ့ အပြုံးတစ်ချက်တို့ရဲ့ စွမ်းအားကြီးမားမှုကို လျှော့မတွက်မိဖို့ ဖြစ်ပါတယ်” ဟူ၍ ဖြစ်ပေသတည်း။ 

“အဖေဟာ အသိအမှတ်ပြုမှု တစ်စုံတစ်ရာကို မလိုချင်ဘဲနဲ့ လူတွေအများကြီးကို နေ့စဉ်အသက် ကယ်ဖို့ ကြိုးစားနေခဲ့သူ ဖြစ်ပါတယ်။ အားအင်ကြီးမားမှုနဲ့ ကရုဏာတရားကို ပေါင်းစပ်ထားတာပေါ့ရှင်” ဟု ရစ်ခီ ကွယ်လွန်သွားပြီးနောက် သမီးဖြစ်သူက ပြောကြားခဲ့သည်။

ရစ်ခီသည် ဒုတိယကမ္ဘာစစ်ပြန် တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက သြစတြေးလျ တော်ဝင် ရေတပ်မတော်တွင် ရေတပ်သားတစ်ဦးအဖြစ် စစ်မှုထမ်းခဲ့သည်။ တိုကျိုပင်လယ်အော်တွင် ဂျပန် လက်နက်ချသွားသည်ကို ၁၉၄၅ က မျက်မြင် တွေ့ခဲ့ရသူ ဖြစ်သည်။ စစ်ပြီးလို့ ဆစ်ဒနီကို ပြန်လာသောအခါ အာမခံလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်သည်။ အာမခံအရောင်းသမား အလုပ်ဖြစ်သည်။ “ကျွန်တော့် ဘဝတစ်လျှောက်လုံး ကျွန်တော်က အရောင်းသမားလေ။ အသက်တွေ ရောင်းရတယ်” ဟု သူကယ်တင်လိုက်ပြီးမှ ခင်မင်သွားသည့် မိတ်ဆွေများကို ပြောပြလေ့ရှိသည်။

မစ္စတာဒွန်ရစ်ခီက မည်မျှပင် ရိုးရိုးကုပ်ကုပ် အေးအေးချမ်းချမ်းဖြင့် ဘဝကို ဖြတ်သန်းသွားခဲ့ပါစေ သူ့လုပ်ရပ်ကြောင့် တဖြည်းဖြည်း လူသိများသွားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သြစတြေးလျ ဆုတံဆိပ်၊ ၂၀၁၀ ပြည့်နှစ်တွင် ဇနီးသည်နှင့်အတူ တစ်နှစ်တာ၏ နိုင်ငံသားဆု၊ ၂၀၁၁ တွင် ပြည်တွင်း သူရဲကောင်းဆု စသည်တို့ကို ရရှိခဲ့သည်။

သူတစ်ပါးကို စိတ်ဆင်းရဲမှု၊ ဖိစီးမှုတို့မှ လွတ်မြောက်အောင် လုပ်ပေးနေရင်းက သူ့ဘဝသည်လည်း အေးချမ်းစွာ ပျော်စရာကောင်းခဲ့ပါသည်။ သမီးသုံးဦး၊ မြေးသုံးဦးနှင့် သိုက်သိုက်ဝန်းဝန်း။ 
ဇနီးဖြစ်သူ မိုယာနှင့်အတူ ကမ္ဘာအနှံ့ခရီးတွေလည်း ထွက်ကြသည်။ သူ့ဘဝ နောက်ဆုံးနှစ်များအထိ အလွန်အလုပ်များသော လူမှုကိစ္စများကို လုပ်ကိုင်ပေးနေရင်း သူငယ်ချင်းတွေဖိတ်ပြီး ထမင်းစားလည်း မပျက်ခဲ့ပေ။ 

၂၀၁၂ တွင် ကင်ဆာဝေဒနာဖြင့် ကွယ်လွန်မသွားခင် အချိန်အထိ စာဖတ်ရင်း ဘဝကို အေးအေးလူလူ ဖြတ်သန်းနေခဲ့သည်။ ထိုနှစ်ပိုင်းက သူဖတ်နေသည့် စာအုပ်က ဒလိုင်းလားမား၏ ပျော်ရွှင်ခြင်း အနုပညာဆိုသည့် စာအုပ်ဖြစ်သည်။

(သန့်ဇင်စိုး)
The Voice Weekly
သူသည် နေ့စဉ်နေ့တိုင်း ဆစ်ဒနီရှိ သူ့အိမ်ကလေး၏ အပြင်ဘက်မှ ပစိဖိတ်သမုဒ္ဒရာ၏ ရင်သပ် ရှုမောလောက်သည့် မြင်ကွင်း ကို ငေး ကြည့်လေ့ ရှိသည်။ ပင်လယ်၏ အလှတရားကို ခံစားလိုသည့်အတွက် သက်သက်တော့မဟုတ်။ နောက်ထပ် ဇာတ်လမ်းဇာတ်ကွက် တစ်ခုက လည်း သူ့ကို ဖမ်းစားထားသောကြောင့် ဖြစ်သည်။ ဒွန်ရစ်ခီ ပြတင်းပေါက်မှ ပင်လယ်ဘက်သို့ ငေးနေရခြင်းတွင် အခြားရည်ရွယ်ချက် တစ်ခု ရှိပါသေးသည်။
၁၉၆၄ ခုနှစ်မှ သူကွယ်လွန်သွားသည့် ၂၀၁၂ ခုနှစ် မေလပိုင်းအထိ လူ့အသက်ပေါင်း ၁၆၀ ခန့် အနည်းဆုံး သူကယ်တင်ခဲ့ပြီးပါပြီ။ တကယ့် ကိန်းဂဏန်းက ထိုထက်လည်းများနိုင်သည်။

သူကွယ်လွန် သွားသည့်အချိန်တွင် အသက် ၈၆ နှစ်အရွယ် ရှိသွားပြီဖြစ်ပြီး ကျောက်ဆောင် ကမ်းပါးစောင့်နတ်သား ဆိုသည့် အမည်နာမကို သြစတြေးလျ နိုင်ငံသားများက ပေးခဲ့ကြသည်။ သူသည် သြစတြေးလျတွင် မိမိကိုယ်ကိုယ် သတ်သေသူများ မျက်စိကျကြသည့် ခုန်ချချင် စရာ ကျောက်ဆောင်ကမ်းပါးသို့ လာရောက် သတ်သေကြသူများစွာကို လက်လွန်ခြေလွန် မဖြစ်အောင် နှစ်ပေါင်း ၅၀ ကျော်ကြာ စေတနာ့ ဝန်ထမ်း နှစ်သိမ့်ခြင်းအားဖြင့် လူ့အသက်ပေါင်းများစွာ ကယ်ခဲ့သောကြောင့်ပင် ဖြစ်သည်။

ဆစ်ဒနီ ကမ်းရိုးတန်း ပင်လယ်ကမ်းနံဘေး ချောက်ကမ်းပါးယံများသည် မျှော်လင့်ချက် ပျောက်ဆုံးပြီး ဘဝကို ကိစ္စတုံးချင်သူများအဖို့ သံလိုက် ဓာတ်ကြီးကြီးဖြင့် ဆွဲဆောင်လျက်ရှိသည်။ သို့ပါသော်လည်း ထိုကမ်းပါးယံအနီးတွင် တည်ငြိမ်သောအသံ၊ ကိုယ်ချင်းစာနာမှု လေသံအပြည့်ဖြင့် နတ်သားတစ်ပါး အမြဲတမ်း ကိုယ်ထင်ပြလေ့ ရှိသည်။

သူသည် မစ္စတာရစ်ခီ ဖြစ်ပါသည်။
သေကြောင်းကြံမည့် လူတစ်ယောက်ကိုတွေ့လျှင် အမြဲတမ်း ချဉ်းကပ်သွားပြီး စကားစမြည် သွားပြောခဲ့သည်။

ဒွန်ရစ်ခီ၏ ပုံစံက ထည်ထည်ဝါဝါ ခမ်းခမ်းနားနားမဟုတ်၊ ရိုးရိုးကုပ်ကုပ်ပင် ဖြစ်သည်။

ခရစ်နှစ် ၁၈၀၀ ပတ်ဝန်းကျင် ကာလများကတည်းက သြစတြေးလျ နိုင်ငံသားများက အဆိုပါ ကျောက်ဆောင် ချောက်ကမ်းပါးသို့ လာပြီး သတ်သေကြလေ့ရှိသည်။ အကာအရံကလည်း သုံးပေ ကျော်ကျော်သာရှိသမို့ ကျော်ဝင်ပြီး မကြံကောင်း မစည်ရာ လုပ်နိုင်သည်။ တစ်ပတ်ကို တစ်ယောက်နှုန်း လောက်လာပြီး သေကြောင်းကြံနေကြသဖြင့် ဒေသခံ အရာရှိများက သံဆူးကြိုး မြင့်မြင့်ကာရန်၊ လုံခြုံရေးများ ချထားရန် သြစတြေးလျဒေါ်လာ ၂ ဒသမ ၁ သန်းဖိုး ဒေသကောင်စီကို ဘတ်ဂျက် တောင်းထားရသည်။

ချောက်ကမ်းပါးအစွန်တွင် မျှော်လင့်ချက် ပျောက်ဆုံးနေသူကို ရိုးရိုးရှင်းရှင်းဖြင့် နွေးနွေးထွေးထွေး ပြုံးပြလိုက်သည်။ ‘ကျုပ်ဘယ်လို ကူညီလို့ ရသလဲဗျ’ ဆိုသည့် မေးခွန်းဖြင့် နှုတ်ဆက်လေ့ရှိသည်။ အမြဲတမ်းတော့ ထိုချဉ်းကပ်မှုက အလုပ်ဖြစ်ခဲ့သည်တော့ မဟုတ်ပေ။ တစ်ခါတလေများ ကိုယ့်အသက် အန္တရာယ်ကိုယ် စွန့်စားမှုယူပြီး သကာလ ဝင်လုံးသင့် လုံးခဲ့ရဖူးသည်။ နောက်ဆုံး ပင်လယ်နားက သူ့အိမ်ကို လက်ဖက်ရည်သောက် ရန် လိုက်ခဲ့ပါလားဟု ဖိတ်သည်။ လက်ဖက်ရည်သောက်ရင်း စကားပြောကြသည်။ ထိုလူများ သူ့အိမ်ကို နှစ်တွေ ကြာတော့ ပြန်လာလည်ကြတတ်သည်။ အသက်ကိုကယ်လိုက်သော လက်ဖက်ရည်အတွက် ကျေးဇူးတင်စကား လာပြောကြခြင်း ဖြစ် သည်။ သေတွင်းက လွတ်မြောက်လာခဲ့သူ တစ်ဦးဆိုလျှင် ပန်းချီကားကြီးတစ်ချပ် လက်ဆောင်ပေးထားသည်။ အိန်ဂျယ်တစ်ပါးပုံ ဖြစ် သည်။ ပြောချင်သည့် စကားက ‘ကျွန်ုပ်တို့အကြား လမ်းလျှောက်နေသော တမန်တော်နတ်တစ်ပါး’ ဟူ၍ ဖြစ်သည်။

“ကျွန်တော့် ရည်ရွယ်ချက်က သူတို့ကို အစွန်ကနေ ပြန်လာဖို့ပဲ။ သူတို့အချိန်လေးကို ပေးမယ်ဆိုတာနဲ့ နောက်တစ်ရက်မနက်ခင်းမှာ ဘာတွေ ကောင်း လာနိုင်တယ်ဆိုတာကို နားလည်ဖို့ အခွင့်အရေး ပေးချင်တာပါပဲ” ဟု ဒွန်ရစ်ခီက ခပ်ရိုးရိုးပင် ဆိုပါသည်။ “ခင်ဗျားဆိုလည်း ဒီနားမှာ ထိုင်နေပြီး လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ တစ်ခုခုတော့ ကြိုးစားပြီး ကယ်မှာပဲလေ” ဟု ရစ်ခီက ဆိုပါသည်။

ရစ်ခီ၏ သမီးဖြစ်သူ ဆူးက သူမ၏ဖခင်သည် ပင်လယ်ကိုငေးခြင်းကို နှစ်သက်ကြောင်း၊ ဒုက္ခ ရောက်လာကြသည့် စိတ်ဝိညာဉ် ပိုင်ရှင်များကို လည်း စောင့်ကြည့်နေတတ်ကြောင်း ပြန်လည်ပြောပြသည်။ ဇနီးသည်ဖြစ်သူ မိုယာကလည်း ထိုနေရာမှာ နေမိသည့်အတွက် လူတွေကို ကယ်ခွင့်ရခဲ့ကြောင်း ပြန်ပြောင်း ပြောပြသည်။

ရစ်ခီ အမြဲပြောခဲ့ဖူးသည့် စကားတစ်ခုရှိသည်။ “အကူအညီပေးခဲ့တယ် ဆိုတာက လူတွေကို ဒီဘက်ပြန်လှည့်လာအောင် လုပ်ရပြီးတော့ အကြင်နာစကားနဲ့ အပြုံးတစ်ချက်တို့ရဲ့ စွမ်းအားကြီးမားမှုကို လျှော့မတွက်မိဖို့ ဖြစ်ပါတယ်” ဟူ၍ ဖြစ်ပေသတည်း။

“အဖေဟာ အသိအမှတ်ပြုမှု တစ်စုံတစ်ရာကို မလိုချင်ဘဲနဲ့ လူတွေအများကြီးကို နေ့စဉ်အသက် ကယ်ဖို့ ကြိုးစားနေခဲ့သူ ဖြစ်ပါတယ်။ အားအင်ကြီးမား မှုနဲ့ ကရုဏာတရားကို ပေါင်းစပ်ထားတာပေါ့ရှင်” ဟု ရစ်ခီ ကွယ်လွန်သွားပြီးနောက် သမီးဖြစ်သူက ပြောကြားခဲ့သည်။

ရစ်ခီသည် ဒုတိယကမ္ဘာစစ်ပြန် တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက သြစတြေးလျ တော်ဝင် ရေတပ်မတော် တွင် ရေတပ်သား တစ်ဦးအဖြစ် စစ်မှုထမ်းခဲ့သည်။ တိုကျိုပင်လယ်အော်တွင် ဂျပန် လက်နက်ချသွားသည်ကို ၁၉၄၅ က မျက်မြင် တွေ့ခဲ့ရသူ ဖြစ်သည်။ စစ်ပြီးလို့ ဆစ်ဒနီကို ပြန်လာသောအခါ အာမခံလုပ်ငန်းတစ်ခုမှာ အလုပ်ဝင်သည်။ အာမခံအရောင်းသမား အလုပ်ဖြစ်သည်။ “ကျွန်တော့် ဘဝ တစ်လျှောက် လုံး ကျွန်တော်က အရောင်းသမားလေ။ အသက်တွေ ရောင်းရတယ်” ဟု သူကယ်တင်လိုက်ပြီးမှ ခင်မင်သွားသည့် မိတ်ဆွေများကို ပြောပြလေ့ရှိသည်။

မစ္စတာဒွန်ရစ်ခီက မည်မျှပင် ရိုးရိုးကုပ်ကုပ် အေးအေးချမ်းချမ်းဖြင့် ဘဝကို ဖြတ်သန်းသွားခဲ့ပါစေ သူ့လုပ်ရပ်ကြောင့် တဖြည်းဖြည်း လူသိများ သွားခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် သြစတြေးလျ ဆုတံဆိပ်၊ ၂၀၁၀ ပြည့်နှစ်တွင် ဇနီးသည်နှင့်အတူ တစ်နှစ်တာ၏ နိုင်ငံသားဆု၊ ၂၀၁၁ တွင် ပြည်တွင်း သူရဲကောင်းဆု စသည်တို့ကို ရရှိခဲ့သည်။

သူတစ်ပါးကို စိတ်ဆင်းရဲမှု၊ ဖိစီးမှုတို့မှ လွတ်မြောက်အောင် လုပ်ပေးနေရင်းက သူ့ဘဝသည်လည်း အေးချမ်းစွာ ပျော်စရာကောင်းခဲ့ပါသည်။ သမီးသုံးဦး၊ မြေးသုံးဦးနှင့် သိုက်သိုက်ဝန်းဝန်း။ ဇနီးဖြစ်သူ မိုယာနှင့်အတူ ကမ္ဘာအနှံ့ခရီးတွေလည်း ထွက်ကြသည်။ သူ့ဘဝ နောက်ဆုံးနှစ်များ အထိ အလွန်အလုပ်များသော လူမှုကိစ္စများကို လုပ်ကိုင်ပေးနေရင်း သူငယ်ချင်းတွေဖိတ်ပြီး ထမင်းစားလည်း မပျက်ခဲ့ပေ။

၂၀၁၂ တွင် ကင်ဆာဝေဒနာဖြင့် ကွယ်လွန်မသွားခင် အချိန်အထိ စာဖတ်ရင်း ဘဝကို အေးအေးလူလူ ဖြတ်သန်းနေခဲ့သည်။ ထိုနှစ်ပိုင်းက သူဖတ်နေ သည့် စာအုပ်က ဒလိုင်းလားမား၏ ပျော်ရွှင်ခြင်း အနုပညာဆိုသည့် စာအုပ်ဖြစ်သည်။

(သန့်ဇင်စိုး)
The Voice Weekly

No comments:

Post a Comment