Sunday, August 10, 2014

ရေနစ်မြုပ်ပျက်စီးသွားသော လယ်များအတွက် စိုက်စရိတ်နှင့် မျိုးစပါး ပဲခူးတိုင်း အစိုးရ ထောက်ပံ့မည်

ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့်ပျက်စီးသွားသော လယ်များအတွက် ပဲခူးတိုင်းအစိုးရမှ စိုက်ပျိုးစရိတ်နှင့် မျိုးစပါး ကူညီထောက်ပံ့ပေး သွားမ ည်ဟု တိုင်းအစိုးရအဖွဲ့မှ အတွင်းရေးမှုး ဦးမောင်မောင်သန်းက ပြောသည်။
ရေကြီးမှုကြောင့် စိုက်ပျိုးထားသည့် လယ်ဧကများ ပျက်စီးမှု အခြေအနေကို မြို့နယ်အလိုက် စာရင်းကောက်ပြီး ထောက်ပံ့ပေး သွားမည် ဖြစ်သည်။ “စိုက်ပျိုးစရိတ်နဲ့ ပြန်ထောက်ပံ့ပေးသင့်သူကို ပြန်ပေးမယ်။ မျိုးစပါးလိုအပ်တဲ့လူကို မျိုးစပါးကူညီ ထောက်ပံ့မယ်။ အခုတော့ ကူညီမယ်ဆိုတာပဲ ပြောလို့ရမယ်။ ဧကဘယ်လောက်ဆိုတာကတော့ ရေမကျသေးတဲ့အတွက် အတိအကျကြီး မပြောနိုင်သေးဘူး၊ ဘတ်ဂျက် ဘယ်လောက်သုံးမလဲဆိုတာလဲ မပြောနိုင်သေးဘူး" ဟု ၎င်းက ဆိုသည်။

ပဲခူးတိုင်းအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်ရှိသည့်အနက် ပဲခူး၊ သနပ်ပင်၊ ဝေါ၊ ကျောက်ကြီး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ကဝမြို့နယ် များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။ ရေနစ်မြုပ်ခဲ့သော လယ်ဧက စုစုပေါင်းမှာ တစ်သိန်း နှစ်သောင်းခန့် နစ်မြုပ်ခဲ့ပြီး သြဂုတ်လ ၁ဝ ရက်နေ့တွင် ပြန်လည်၍ ရေကျဆင်းလာပြီဖြစ်သော်လည်း လယ်ယာမြေ ၉ဝဝဝဝ ကျော် နစ်မြုပ်ဆဲ ဖြစ်သည်။

ပဲခူးတိုင်းအတွင်း လယ်ယာမြေဧကပေါင်း ၂၆ သိန်းရှိပြီး လက်ရှိရေနစ်မြုပ်သည့် ဒေသများမှာ ပဲခူးမြို့ နယ်၊သနပ်ပင်မြို့နယ်၊ ကဝမြို့နယ် သုံးခုပေါင်း ကိုးသောင်းခန့် နှစ်မြုပ်နေခြင်း ဖြစ်သည်။ ရေနစ်မြုပ်မှုများကြောင့် ဆုံးရှုံးသွားသော လယ်ဧက များကို သြဂုတ် ၁၄ ရက် နောက်ပိုင်းမှ စတင်၍ တိုင်းတာနိုင်မည်ဟု ဦးမောင်မောင်သန်းက ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment