Sunday, August 10, 2014

ကနေဒါ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံနှစ်ဆယ်စာရင်းတွင် မြန်မာပါဝင်

Photo: ကနေဒါ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံနှစ်ဆယ်စာရင်းတွင် မြန်မာပါဝင်
Sunday, August 10, 2014

ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။

အာရှဒေသတွင်း ဖိုရမ်တက် ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကနေဒါနိုင်ငံ ခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ် ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ကမ်းလှမ်းခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲကူညီ ရေးကိစ္စရပ်များတွင် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲသို့ လာ ရောက်လေ့လာခွင့် ပေး၊ မပေး ကိစ္စမှာမူ ရွေးကောက်ပွဲကော်မ ရှင်နှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။
‘‘ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ တွေမှာလည်း ကူညီဖို့အသင့်ရှိ တယ်လို့ ပြောပါတယ်။ ဒါက သူ ဆန္ဒရှိတာကို အစိုးရကို ပြောတာ ဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ကူညီမှာ လဲဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်က သီးခြားလွတ်လပ် တဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ တိုက်ရိုက်ဆက် သွယ်ရမှာပါ’’ဟု ၎င်းက ပြော သည်။

သမ္မတနှင့် ကနေဒါဝန်ကြီး တို့တွေ့ဆုံမှုတွင် မြန်မာ−ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတွင် လူထုအခြေပြုအဖွဲ့ အစည်းများ တိုးတက်ရန်နှင့် ငြိမ်း ချမ်းရေးဖြစ်စဉ်များ တိုးတက်စေ ရေးအတွက် ကနေဒါက ပါဝင်ကူ ညီရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်း က ပြောသည်။

ထို့အပြင် ရှည်လျားသည့် နယ်စပ်လမ်းကြောင်းကို ပိုင်ဆိုင် ထားသည့် ကနေဒါအနေဖြင့် နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကို နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်သည်။

‘‘ကနေဒါမှာလည်း ရှည် လျားတဲ့နယ်နိမိတ် ရှိတယ်။ နယ် စပ်ဒေသကို ထိန်းကျောင်းတဲ့အ ခါ သူတို့မှာ အတွေ့အကြုံရှိတဲ့ အတွက် အခုမြန်မာလ၀ကနဲ့ ပူး ပေါင်းပြီး နည်းပညာအကူအညီ ပေးရေးတွေ စနေပါပြီ။ ဒီအစီ အစဉ်က နယ်စပ်ဒေသအားလုံး နဲ့ ဆိုင်ပါတယ်’’ ဟု ဦးရဲထွဋ်က ပြောသည်။

ယင်းအပြင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် လူကုန်ကူးမှုဖြစ်စဉ် များတွင် နှစ်နိုင်ငံပူးပေါင်းမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ကမ်းရိုးတန်းတစ်လျှောက် နယ် နိမိတ်ထိန်းသိမ်းကိုင်တွယ်ရေး ကိစ္စများ အကူအညီပေးမည်ဖြစ် ကြောင်း တွေ့ဆုံပွဲအပြီး ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

7Day Daily

မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
မြန်မာသမ္မတဦးသိန်းစိန်နှင့် ကနေဒါဝန်ကြီး
ကနေဒါနိုင်ငံ၏ အထူးဦးစားပေး ကူညီမည့် နိုင်ငံ ပေါင်း ၂၀ စာရင်းတွင် မြန်မာ နိုင်ငံကို ထည့်သွင်းထားပြီး ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တွင် အကူအညီပေးလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ်က ပြောကြားသည်။
အာရှဒေသတွင်း ဖိုရမ်တက် ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ကနေဒါနိုင်ငံ ခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်နှင့် သြဂုတ် ၉ ရက်တွင် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ကမ်းလှမ်းခဲ့ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲ ကူညီ ရေး ကိစ္စရပ်များတွင် ၂၀၁၅ အ ထွေထွေရွေးကောက်ပွဲသို့ လာ ရောက်လေ့လာခွင့် ပေး၊ မပေး ကိစ္စမှာမူ ရွေးကောက်ပွဲကော်မ ရှင်နှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။ ‘‘ရွေးကောက်ပွဲဆိုင်ရာ ကိစ္စ တွေမှာလည်း ကူညီဖို့အသင့်ရှိ တယ်လို့ ပြောပါတယ်။ ဒါက သူ ဆန္ဒရှိ တာကို အစိုးရကို ပြောတာ ဖြစ်တယ်။ ဘယ်လိုပုံစံနဲ့ ကူညီမှာ လဲဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်က သီးခြားလွတ်လပ် တဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ တိုက်ရိုက်ဆက် သွယ်ရမှာပါ’’ဟု ၎င်းက ပြော သည်။

သမ္မတနှင့် ကနေဒါဝန်ကြီး တို့တွေ့ဆုံမှုတွင် မြန်မာ−ကနေဒါ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် မြန်မာတွင် လူထုအခြေပြုအဖွဲ့ အစည်းများ တိုးတက်ရန်နှင့် ငြိမ်း ချမ်းရေးဖြစ်စဉ်များ တိုးတက်စေ ရေးအတွက် ကနေဒါက ပါဝင်ကူ ညီရန် ကမ်းလှမ်းခဲ့ကြောင်း ၎င်း က ပြောသည်။

ထို့အပြင် ရှည်လျားသည့် နယ်စပ်လမ်းကြောင်းကို ပိုင်ဆိုင် ထားသည့် ကနေဒါအနေဖြင့် နယ်စပ်လုံခြုံရေးနှင့် ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက် ၍ မြန်မာနိုင်ငံကို နည်းပညာအကူအညီများ ပေးအပ်မည်ဖြစ်သည်။

‘‘ကနေဒါမှာလည်း ရှည် လျားတဲ့နယ်နိမိတ် ရှိတယ်။ နယ် စပ်ဒေသကို ထိန်းကျောင်းတဲ့အ ခါ သူတို့မှာ အတွေ့အကြုံရှိတဲ့ အတွက် အခုမြန်မာ လ၀က နဲ့ ပူး ပေါင်းပြီး နည်းပညာအကူအညီ ပေးရေးတွေ စနေပါပြီ။ ဒီအစီ အစဉ်က နယ်စပ်ဒေသအားလုံး နဲ့ ဆိုင်ပါတယ်’’ ဟု ဦးရဲထွဋ် က ပြောသည်။

ယင်းအပြင် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် လူကုန်ကူးမှုဖြစ်စဉ် များတွင် နှစ်နိုင်ငံပူးပေါင်းမည်ဖြစ် ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသ ကမ်းရိုးတန်း တစ်လျှောက် နယ် နိမိတ်ထိန်းသိမ်းကိုင်တွယ်ရေး ကိစ္စများ အကူအညီပေးမည်ဖြစ် ကြောင်း တွေ့ဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ ၌ ပြောကြားသည်။

7Day Daily

No comments:

Post a Comment