Friday, September 5, 2014

မြင်သမျှ ကြားသမျှ ဖူးကြမယ်တဲ့ဗျာ


ဒီတစ်ပတ်မှာ လူပြော အများဆုံး သတင်းကတော့ ဓမ္မစေတီခေါင်းလောင်း ကြီးအကြောင်းပါပဲ။ ခေါင်းလောင်းကြီး ကို တွေ့ရပြီဆိုတော့လည်း ပြောတဲ့သူ ကလည်း   ပြောတာပေါ့။ ယုံတဲ့သူလည်း ယုံတာပေါ့။ တကယ်တွေ့ရှိပြီ ဆိုရင်ဖြင့် တော့ ဝမ်းသာစရာပါပဲ။
ဒါပေမဲ့ ဒီခေါင်းလောင်းကြီးကို ကုန်းပေါ်ဆယ်ယူတင်ဖို့ အစိုးရကို တင်ပြ ရမယ့်အပြင် ဆိုင်ရာ ဝိဇ္ဇာတွေဆီ ခွင့် တောင်းရဦးမယ်လို့လည်း ဆိုထားပြန် တာကြောင့် ဒီခေါင်းလောင်းကြီး ဘယ် အချိန်မှာ လူတွေ မျက်ဝါးထင်ထင် တွေ့မြင်ရမယ်ဆိုတာကလည်း ရေရာလှ သေးတာမဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာ ကို သိချင်စပ်စုချင်တဲ့သူေ တွကတော့ သူများ ခေါင်းလောင်းဆယ်ယူတာကို ကုန်းပေါ်ကတစ်မျိုး၊ ရေထဲလှေနဲ့ သွား ပြီး ဘာမှမမြင်ရသေးတာကို လှည့်ပတ် ကြည့်ရှုနေသူတွေလည်း မနည်းလှပါဘူး။ ယခင်က လှေခသုံးထောင်လောက်က နေ ငါးထောင်ကျော်ကနေ တစ်သောင်း ဝန်းကျင်အထိ ဖြစ်လာတာတော့ ခေါင်းလောင်းကြီး ကောင်းမှုလို့ပဲ ဆိုရ မှာပါ။

ခေါင်းလောင်းကြီးကို တွေ့ရှိလို့ ကြိုးတွေနဲ့တောင် ဆိုင်းထားပြီးပြီ။ ကုန်းပေါ်ဆယ်တင်ဖို့ပဲ ကျန်တော့တယ် လို့လည်း သတင်းတွေမှာတွေ့ရပါ တယ်။ ခေါင်းလောင်းကြီး ကလည်း ရေအောက် ဆယ့်ငါးပေဝန်းကျင်မှာ ရှိနေတုန်းပဲ ဆိုတာကြောင့်လည်း ဇဝေဇဝါ ဖြစ်ရပါ တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်က အခြားနှစ်နဲ့ မတူဘဲ ‘Super Moon ‘ဖြစ်ခဲ့တာကြောင့် မိုးပိုများခဲ့ပါတယ်။ မိုးများတော့ ရေလည်း တိုးခဲ့ပါတယ်။
ဒီလောက်မိုးများတဲ့ နှစ်မှာမှ ရေ အောက်ဆယ့်ငါးပေမှာ ရှိနေတယ် ဆို တော့ မိုးမရွာခင်ကဆိုရင် လှေပေါ်က တောင် လှမ်းစမ်းလို့ရနိုင်တဲ့အနေအထား ပါပဲ။ ဒါဆို အရင်တုန်းက ဘာလို့ ဒီ ခေါင်းလောင်းကြီးကို ရှာမတွေ့ခဲ့တာ လဲဆိုတာ စဉ်းစားစရာပါပဲ။ ဒီကြားထဲ ခေါင်းလောင်းက နဂါးခေါင်း ပိနေတယ် လို့လည်း ဆိုသူက ဆိုကြပြန် ပါတယ်။ နှစ်ပေါင်းမြောက်မြားစွာ အပိခံရတဲ့ နဂါး အသက်ရှိသေးတာလည်း ဝိဇ္ဇာ ကိစ္စတွေပါပဲ။
ပညာရှင် အတော်များများနဲ့ ပွဲ ကြည့်ပရိသတ်တွေကတော့ ”မယုံရဲ သေးဘူး” ဆိုတဲ့ စကားတွင်တွင်ကြားနေ ရပါတယ်။ ဒီခေါင်းလောင်းကြီးကိစ္စနဲ့  တင် ငွေေ ပါင်းမြောက်မြားစွာ ရင်းနှီးခဲ့ တာကလည်း လူတိုင်းအသိပါပဲ။ အချို့ ကလည်း ဒါဟာ အာရုံလွှဲခြင်းတစ်မျိုးပဲ လို့ ဆိုသူတွေလည်း ဆိုနေပါတယ်။
အဆိုးဆုံးကတော့”ဒီခေါင်းလောင်း ကြီးပေါ်လာရင် ဖူးမယ်” ဆိုတဲ့သူတွေ ပါပဲ။ စဉ်းစားကြည့်ပါ။ ရိုးရိုးလေးပါပဲ။ ဒါဟာ ခေါင်းလောင်းပါပဲ။ ခေါင်းလောင်း မှ ကံအေ ကြာင်းမလှလို့ ရေထဲကျသွား ရတဲ့ ခေါင်းလောင်းအစစ်ကြီးပါ။ ဒီ မတိုင်ခင်မှာလည်းလူတွေပြုလုပ်ခဲ့တဲ့ ခေါင်းလောင်းပါ။ ဒါဟာ ကျွန်တော်တို့ ကိုးကွယ်ရာ ဘုရား သို့မဟုတ်စေတီလည်း မဟုတ်ပါဘူး။ ခေါင်းလောင်း အစစ် ကြီးပါ။ ဒီခေါင်းလောင်းအစစ်ကြီးကို ကြည်ညိုလွန်းလို့ ထိုင်ကန်တော့ကြဦးမယ် ဆိုတော့လည်း အင်းပေါ့လေ။ ကန်တော့ ကြပေါ့။
►ဘယ်သူ တက်တက် သူ မတက်ရင် ပြီးရော
ဒီနှစ်ကတော့ မိုးအင်မတန်များတဲ့ နှစ်ပါပဲ။ မိုးကလည်း နေ့စဉ်မပြတ် မိုး မရွာတဲ့ ရက်ဆိုတာ မရှိသလောက်ပါပဲ။ အစပိုင်းမှာတော့ ရာသီဥတုအေးမြလို့ လူတွေ ကျေ နပ်ကြပေမယ့် မိုးတအား ကြီးလာတဲ့အခါ လမ်းတွေ ရေလျှံ၊ ကားလိုင်းတွေကျပ်ဖြစ်တယ်။ အနည်းနဲ့ အများတော့ စိတ်ညစ်လာကြပြန်ပါ တယ်။ ဒါထက် ပိုပြီး စိတ်ညစ်စရာ   ကောင်းတာ ရှိလာပါဦးမယ်။ ဘာကြောင့် လဲဆိုတော့ ဒီနှစ်မိုးများပြီဖြစ်တဲ့အတွက် စပါးတွေရဲ့ အခြေအနေက သိပ်မကောင်း လှဘူး။ ကျွန်တော်တို့ နိုင်ငံကလည်း အဓိက ဆန်စပါးကိုအခြေခံတဲ့ နိုင်ငံ တစ်ခု ဖြစ်ပါတယ်။ ဒီလို စပါးတွေပျက် ပြီး ဆန်ဈေး အဆမတန် မြင့်တက်လာ ရင် ဘယ်လို လုပ်ကြမလဲ။
အခု ဒီမိုးမှာတောင် ဆန်ရဲ့ ဈေး နှုန်းဟာ ဆန်တစ်အိတ်မှာ သုံးထောင် လောက် ခုန်တက်သွားတာ။ ကိုယ်တိုင် ဝယ်မိလို့သတိထားမိပါတယ်။ ဒီအတိုင်း ဆို ဆန်စပါး ရှားပါးနိုင်တာမို့ နွေနဲ့ မိုးဦး မှာဆိုရင် မစဉ်းစားရဲသလောက်ပါပဲ။ ရတဲ့လုပ်ခတွေ မတိုးပဲဆန်စပါး ဈေး နှုန်းပဲ တိုးတက်လာမှာကို တွေးမိရင် တော့ ရင်လေးစရာတွေ ချည်းပါပဲ။
ဒီလိုအချိန်မျိုးမှာတော့ ၂ဝ၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲဆိုတာ စိတ်ဝင် စားနေကြတုန်းပါပဲ။ တကယ်တမ်း စိတ်ဝင်စားရမယ့်အထဲမှာ ၂ဝ၁၅ မှာ ဆန်ဈေး ဘယ်ေ လာက်ရှိမယ် ဆိုတာက လည်း လျစ်လျူရှုလို့ မရပါဘူး။
ဘယ်သူသမ္မတ ဖြစ်ဖြစ် လူတွေ တအားကြီး ဒုက္ခ မရောက်နိုင်သေးပါ ဘူး။ ဒါပေမဲ့ စပါးဈေး အဆမတန် တက်သွားလို့ ဝယ်မစားနိုင်တော့ရင် အားလုံး ဒုက္ခရောက် သွားနိုင်ပါတယ်။
ဒါ့ကြောင့် လုပ်စရာရှိတာကိုလည်း လုပ်ပါ။ အဓိက ဆန်စပါးဈေး၊ အခြေခံ စားသောက်ကုန်တွေလည်း ဈေးမတက် ဖို့ကိုလည်း ထိန်းချုပ်ဖို့လိုပါတယ်။
ကျွန် တော့်သဘောပြောရရင်တော့ ဘယ် အစိုးရတက်တက်ပါ။ အဓိက အခြေခံ  လူတန်းစားအတွက်အခြေခံ စား သောက်ကုန် မတက်ဖို့ကဘဲ ပိုအရေး ကြီးပါတယ်။
►မေတ္တာရောင်ပြန် မဟပ်ချင်ဘူး
မပြောမဖြစ် ပြောရမယ့် အထဲမှာ တယ်လီဖုန်းဆိုတာလည်း အပါအဝင် ရှိနေတုန်းပါပဲ။ ဟိုးအရင်ကတည်းက တယ်လီဖုန်းဆိုတာကို ဈေးကြီးပေးဝယ် ကိုင်ပြီး တယ်လီ ဖုန်းဘေလ်ကို ဆက် သွယ်ရေးရုံးမှာ သွားရောက်ငွေပေးသွင်း ရပြီး ဘာဖြတ်လို့ ဖြတ်မှန်းမသိဘဲ ဖုန်းဘေလ်တွေ ကုန်ကုန်သွားရာကနေ အခုတော့ ကိုယ့်ဖုန်းကတ် ကိုယ်ဝယ်ပြီး သက်သက်သာသာ အသုံးပြုနိုင်တဲ့ အနေ အထားပါ။ ဒါပေမဲ့ သဘာဝမကျသေး တာက အင်တာနက် အသုံးပြုခပါပဲ။
အင်တာနက် အသုံးပြုခဆိုတာ ဒီ လိုပါ။ အခုဆိုရင် နိုင်ငံခြားက ဝင်လာ တဲ့ ဖုန်းလိုင်းတွေ ဖုန်းဆင်းကတ်ကို ဝယ်၊ ဖုန်းကတ်ထည့်ပြီး အင်တာနက် လိုင်းပါ တိုက်ရိုက် အသုံးပြုနေနိုင်ကြပါ ပြီ။ ဒါပေမဲ့ ကိုယ့်ဆီက ဆက်သွယ်ရေး ကတော့ ဖုန်းကတ်ကို ထောင့်ငါးရာနဲ့ ဝယ်ပြီးတာတောင်၊ အင်တာနက် သုံးဖို့ ငွေတစ်သောင်းဖိုး လိုင်းဖွင့်ခို င်းနေရပါ သေးတယ်။ ဒါကလည်း ဘာသဘော လဲတော့ မသိဘူးခင်ဗျ။
သူများ တယ်လီဖုန်းလိုင်းတွေ ကတ်ဝယ်လိုက်တာနဲ့ အင်တာနက် တန်းသုံးလို့ရပြီး ကိုယ့်ဆီကကျတော့ တယ်လီဖုန်းဆင်းကတ်ကို ဝယ်ပြီးတာ တောင် အင်တာနက် သုံးဖို့ ငွေတစ်သောင်း ထပ်ပေးနေရသေးတယ်ဆိုတော့ မလွန် လွန်းဘူးလား။
ဆင်းကတ်မှ ထောင့်ငါးရာဗျ။ အင်တာနက်ဖွင့်ဖို့က တစ်သောင်း။  သူများလာပြီး ရင်းနှီးမြှုပ်နှံသူတွေ တောင် အလကားပေးလို့ ရရင် ကိုယ့်ဆီ က ဘာလို့ အလကား မပေးနိုင်ရမှာလဲ။
ဟိုးအရင်ကတည်းကဗျာ။ အလ ကားရတဲ့ ဆင်းကတ်ကို ဆယ့်ငါးသိန်း နဲ့ ရောင်းချခဲ့ပြီးပြီ။ ပြီးတော့ ဈေး လှျော့့တယ်ဆိုပြီး ငါးသိန်း။ နောက်ဆုံး နှစ်သိန်း။ အခုမှ ထောင့် ငါးရာကို တိုး ဝယ်ရတာဗျာ။
ဒီလောက်တောင် လုပ်ခဲ့ပြီးပြီပဲ ဗျာ။ အခု အင်တာနက်လိုင်းလေး အလ ကားရတာ အလကားပေးလိုက်ရင် ဘာ ဖြစ်မှာလဲ။ အဲဒီတော့ဗျာ။ ဟိုဘက်က လိုင်း မကောင်း ဘူး။ မသုံးချင်ဘူး။ ဒါ ပေမဲ့ ကိုယ့်ဆီကလည်း နှိပ်စက်နေတုန်း ဆိုတော့ဗျာ။
စဉ်းစားကြည့်ဗျာ။ အင်တာနက် လိုင်း ဖွင့်ဖို့ ဖုန်းတစ်လုံးကို တစ်သောင်း။ ဖုန်းတစ်သိန်းဆိုရင်ပဲ ဘယ်လောက်ပဲ။
မြန်မာနိုင်ငံမှာMPT နဲ့ အင်တာ နက် သုံးနေကြတာ ဘယ်လောက်ရှိလဲ။ အဲဒီဝင်ငွေတွေက ဘာကြောင့် ရှုံးနေရ တာလဲ။ ဒါတွေ အဲဒီလောက် ဖြစ်နေတာ တောင် မမြတ်ေ သးဘူးဆိုတော့ဗျာ။
စေတနာလေး နည်းနည်းလေးပဲ ထားပါဗျာ။ ကိုယ့်အချင်းချင်း ဘယ်သူ ကများ မချစ်ဘဲ နေမှာလဲ။ ဘာစေတနာ မှ မရှိရင်တော့လည်းဗျာ။ တူသောအကျိုး ပေါ့။ ဘယ်သူကများ မေတ္တာ ပြန်ထား နိုင်ကြမှာလဲနော်..
နောက်တစ်ပတ်ဗျာ။
အကြည်တော်

No comments:

Post a Comment